|18|

2.5K 523 6
                                    

[Unicode]

ချင်းမင်ပွဲတော်နေ့သုံးရက်အတွင်းမှာ ယန်ထန်ဟာ ဖုန်းကိုပိတ်ထားပြီး၊ ဇာတိမြို့အတွင်းလျောက်ပတ်ခဲ့တယ်။
အလယ်တန်းပြီးမှ ဒီမြို့ကနေထွက်သွားခဲ့တာ၊ အဲ့တော့ သူ့ကိုသိတဲ့သူတော်တော်များတယ်ပြောရမယ်။
လူတိုင်းကသိထားတယ်၊ ဒီလူငယ်က ရန်ဖြစ်ရင်သေစေနိုင်တယ်ဆိုပြီးပေါ့။
တစ်ဦးတည်းသောပြိုင်ဘက် လီဝမ်ယုဟာလည်း ဒီမြို့မှာမရှိတော့ဘူးဆိုတော့၊ ဒီလူငယ်ကိုဘယ်သူမှရန်မစရဲဘူး။

ယန်ထန်ဟာ အမဲသားခေါက်ဆွဲပြုတ်တစ်ပွဲစားပြီးနောက်၊ သူ့ဗိုက်သူပွတ်ရင်း လမ်းမထက်လည်နေမိတယ်။
အလယ်တန်းသုံးနှစ်လုံး မငြီးမငြူစားလာခဲ့တာ၊ အခုချိန်မှာတော့ ဟိုတယ်ပြန်ရောက်ရောက်ချင်းပဲ ဝမ်းပျက်သွားရတယ်။

ဘယ်လိုတောင်ရူးတာလဲ!

နောက်နေ့မနက်လက်မှတ်ဖြတ်ပြီး အိမ်ပြန်ဖို့ပြင်ဆင်လိုက်တယ်။

ရထားပေါ်ရောက်ချိန် ဖုန်းဖွင့်လိုက်တော့၊ များပြားလှတဲ့အဝင်ဖုန်းတွေ။

ယန်ထန်က အနီးဆုံးတစ်ခုကိုပြန်ခေါ်လိုက်ပြီး
"ဘာဖြစ်တာလဲ? ဘေလ်တွေပေါနေလား?"

ဖက်တီးက အလျင်အမြန်အော်ပြောတယ်
"ဟယ်ရှင်းချွမ် ပြဿနာတက်နေပြီ!"

"......"

ရထားပေါ်ကဆင်းဆင်းချင်းပဲ၊ ယန်ထန်ဟာ လမ်းကြားဟောင်းလေးဆီအမြန်ပြေးသွားတယ်။
ခြံတံခါးကပိတ်ထားခဲ့တာ၊ တံခါးခေါက်ပေမဲ့ ဘယ်သူမှပြန်မဖြေဘူး။
အဲ့တော့ နံရံကိုပဲကျော်တက်လိုက်တော့တယ်။

ခြံဝန်းငယ်ဟာ ရှုပ်ပွနေခဲ့တယ်၊ ပျားရည်စုပ်ပန်းတွေဟာလည်း ကြမ်းတမ်းစွာဆွဲဆုပ်ခံထားရတယ်။
အရွက်တွေဟာ မြေကြီးထက်ပြန့်ကျဲလို့။
ဟယ်ရှင်းချွမ်အခြောက်လှန်းထားတဲ့ ပန်းတွေလည်းအောက်ပြုတ်ကျနေခဲ့တယ်။

ယန်ထန်က အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး၊ ဖုန်းထုတ်ကာ ပတ်ဝန်းကျင်အနေအထားကိုဓာတ်ပုံရိုက်ယူတယ်။
နောက်ဆုံးမှာတော့ အိမ်ခန်းထဲဝင်သွားလိုက်တယ်။

အိပ်ရာခင်းတွေဟာ ရိုက်ချခံထားရသလိုပဲ။
ဟယ်ရှင်းလျန်အိပ်ရာက သစ်သားတန်းနှစ်ခုပေါ်ခင်းထားတဲ့မွေ့ရာထူထူမျိုး။
အခုတော့၊ ထိုမွေ့ရာပေါ်မှာ မီးခိုးရောင်လိုလို အနက်ရောင်လိုလိုခြေရာတွေအပြည့်ဖြင့်။

Hedgehog And Tiger [Myanmar Translation]Where stories live. Discover now