၁၉

12.1K 1.7K 45
                                    

Unicode

မိုးပြာရောင် သလင်းကျောက် ပုတီးစေ့များ

မိုးပြာရောင် သလင်းကျောက်များသည်ကား ဝေးလံ၍ ခေါင်သောကမ္ဘာတွင်သာ တူးဖော်ရရှိခြင်း ဖြစ်သောကြောင့် အဖိုးအခကြီးမားရုံမက လွန်စွာမှလည်း ရှားပါးသေး၏။ တစ်ခါက ကျောက်တူးသူများသည် ၎င်းကမ္ဘာသို့ သွားရောက်၍ ရတနာရှာဖွေခဲ့သည့်အခါ မိုးပြာရောင် သလင်းကျောက် အပိုင်းအစ သေးသေးလေးကို တူးယူလာနိုင်ခဲ့ပေသည်။ ထို့နောက် ထိုသလင်းကျောက်ကို အစိုးရထံသို့ လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်၏။

သို့နှင့် ခွဲခြားစိတ်ဖြာကြည့်သောအခါ ၎င်းကျောက်သည် မာကျောမှုရော တောက်ပမှုရောမှာ အထက်တန်းအဆင့်ရှိသဖြင့် ရှားပါးကျောက်မျက်ရတနာ တစ်မျိုးအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရသည်။ သို့နှင့် မူရင်းတူးဖော်လာသူသည် ယင်းသလင်းကျောက်ကို ကျွမ်းကျင်ပညာရှင် တစ်ဦးထံသို့ အပ်ကာ အရွယ်အစားတူညီသော သလင်းပုတီးစေ့များအဖြစ် ပုံဖော်စေခဲ့၏။ ၎င်းသလင်းကျောက် ပုတီးစေ့ စုစုပေါင်း အရေအတွက်မှာ ပျမ်းမျှ အလုံး ၁,၀၀၀ အောက်လျော့နည်း၍ တစ်လုံးချင်းစီတိုင်းကိုလည်း အမြင့်ဆုံးဈေးနှုန်းဖြင့် လူကုန်ထံ ဈေးကွက်တွင် ရောင်းချခဲ့ခြင်း ဖြစ်လေသည်။

မစ္စချီ ၌ သလင်းကျောက် ပုတီးစေ့က စုစုပေါင်း ၁၄၈ လုံးရှိ၏။ သို့သော် ယခုမူ တစ်လုံးက ပျောက်နေလေပြီ။

ချန်းကျင်းနှင့် အန်ဒီသည် တစ်ယောက်ကိုတစ်ယောက် ငြိမ်သက်စွာ ကြည့်နေမိကြသည်။ ထို့နောက် သူတို့သည် မိမိတို့ အခုလေးတင် ဝင်ရောက်လာသော ဝင်ပေါက်ဝတစ်လျှောက် အပြေးအလွှား သွားရှာမိကြ၏။ ကြမ်းပြင်ထက်၌လည်း ဝမ်းလျားမှောက်ကာ ထောင့်စေ့လိုက်ရှာခဲ့သည့်တိုင် ၎င်းပုတီးစေ့၏ အရိပ်အယောင်ကိုမူ သေးသေးလေးမျှ မတွေ့ခဲ့ရပါပေ။

"ဘယ်လိုလုပ်မလဲ"

အန်ဒီသည် အလွန်ပင် စိုးရိမ်ပူပန်လာရ၍ နဖူးတစ်ပြင်လုံး ချွေးပြန်နေလေပြီ။

"ဒီလောက် တန်ဖိုးကြီးတဲ့ ကျောက်တစ်လုံးက ပျောက်နေရတယ်လို့။ ဒါကို ဘယ်လို အစားထိုးရပါ့မလဲ"

Application For Divorce  [ 离婚申请 ] Where stories live. Discover now