Part(31)

4.4K 117 9
                                    

Unicode+Zawgyi

❣️ဦး ဖန် တီး သော အ ချစ် သ င်္ကေ တ❣️

                💫Season 2💫

                  💫Part (31)💫

~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~

"ထောင်အမှတ်(....)သစ်သစ်လွင် ကိုယ့်ကိုကိုယ် အဆုံးစီရင်သွားပြီ"

မင်းမင်းသတင်းကြားကြားချင်း ထောင်စခန်းဆီအမြန်ပြန်လာခဲ့သည်။ သူရောက်တော့ မမရဲ့သက်မဲ့ခန္ဓာကိုယ်ကိုသာ တွေ့လိုက်ရသည်။

"ထောင်မှူးပြောတာတော့ ထောင်တွင်းမှာ အနိုင်ကျင့်ခံရတယ်တဲ့ စိတ်ကျရောဂါကြောင့် စိတ်ပုံမှန်မဟုတ်တော့ သေဖို့လမ်းကိုရွေးလိုက်တယ်ထင်ပါတယ် "

မင်းမင်းဘာမှမပြောဘဲ မမနားတိုးသွားပြီး ပိတ်ဖြူစကို လှန်လိုက်သည်။ နှုတ်ခမ်း‌ထောင့်မှာ သွေးစတို့ရှိနေပြီး မျက်နှာတို့က ဖြူဖတ်နေသည်။ သူ ပိတ်စကိုပြန်ဖုံးလိုက်သည်။

"လုပ်စရာရှိတာ လုပ်ပါ "

"ဟုတ်ကဲ့ ဒါဆို ခေါ်သွားပါတော့မယ် "

မင်းမင်းခေါင်းငြိမ့်လိုက်သည်။

သူက တစ်ယောက်ကိုရွေးချယ်ခဲ့ပေမဲ့ နှစ်ယောက်လုံးကို ဆုံးရှုံးခဲ့ရတာပဲ။

.........

~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~

ရာရာဘယ်လောက်ပဲ ဦးသူ့မသိအောင် ဖုံးကွယ်နေပါစေ။ နောက်ဆုံးတော့ ဦးသူ့သိသွားခဲ့သည်။ အ‌ကြောင်းရင်းက ကစ်ကစ်ရဲ့ကိုယ်ဝန်က အပတ်ပေါင်း(၄၀)ကျော်လာပေမဲ့ မမွေးဖွားလာသေးပေ။ ဖြစ်ချင်တော့ (၄၂)ပတ်မှာမှ ဗိုက်ကနာလာ၍ ရာရာဆေးရုံကို အပြေးရောက်လာခြင်းဖြစ်သည်။

နောက်ထပ် တိုက်ဆိုင်မှုက ဝိုင်။ ဝိုင်က နောက်(၆)ပတ်လောက်မှ မွေးရမှာဆိုပေမဲ့ (၃၄)ပတ်မှာ ဗိုက်ကနာလာ၍ဆေးရုံကိုရောက်လာသည်။

ကစ်ကစ်ကိုယ်ဝန်ရှိတာကို ထိုအချိန်မှာသိသွားခဲ့သည်။ မင်းမင်းကိုပြောပြဖို့လုပ်တော့ ရာရာတားရသည်။ ကစ်ကစ်ရဲ့ဆန္ဒကို လိုက်လျောရမည်မဟုတ်လား။

"ဒီအကြောင်းကို နောက်ကျရင် ပြောပြပါမယ် ဦးသူ့ ကစ်ကစ်က မပြောဖို့တောင်းဆိုထားလို့ပါ"

ဦးဖန်တီးသောအချစ်သင်္ကေတ/ဦးဖန်တီးသောအချစ်သ‌င်္ကေတ (Season 2)[Completed]Where stories live. Discover now