Part-14

312 76 37
                                    

Unicode

သေသေချာချာစဥ်းစားကြည့်လျှင် ကံတရားကြီးဟာ တစ်ခါတစ်ရံမှာ ချစ်ဖို့သိပ်ကောင်းပါ၏။

အပူအပင်ကင်းစွာ အိပ်မောကျနေတဲ့ အလှလေးရဲ့မျက်နှာကို မေးထောက်ကာ ငေးကြည့်ရင်းဖြင့် ကုန်းကျွင့်ဟာ ချစ်ရည်ရွှမ်းစွာ ပြုံးလိုက်မိသည်။ ညင်သာစွာ စေ့ပိတ်ထားတဲ့ မျက်ခွံမို့မို့လေးတွေရဲ့အောက်က ကြယ်ရောင်စုံတဲ့ ကောင်းကင်လေးကို ပုံဖော်ကြည့်ရင်း ကုန်းကျွင့်ရဲ့မျက်နှာပေါ်က အပြုံးချိုချိုဟာ အချိန်ကြာမြင့်စွာ တည်မြဲနေခဲ့၏။

ဘယ်လိုအခြေအနေမှာပဲဖြစ်နေပစေ အလှလေးရဲ့မျက်နှာက အေးချမ်းလွန်းသည်။ အစိတ်အပိုင်းတိုင်း ၊ အချိုးအဆစ်တိုင်းက ကျက်သရေရှိလွန်းစွာဖြင့် ပြီးပြည့်စုံ၏။ နက်မှောင်ပျော့ခွေနေတဲ့ ဆံနွယ်စတွေဟာလဲ အလှလေးရဲ့စွဲမက်ဖွယ်ကောင်းမှုတွေကို ထပ်လောင်းဖြည့်စွက်ထားပြန်သည်။

ဒီအေးချမ်းလှတဲ့မျက်နှာလေးကို သူ စမြင်ခဲ့စဥ်အချိန်ဟာ ပြီးခဲ့တဲ့တစ်လဝန်းကျင်ခန့်က ဖြစ်ပါ၏။ သူဟာ ထိုနေ့က ထုံးစံအတိုင်း အဖွားဖြစ်သူရဲ့ဩဝါဒတစ်သီကြီးကို နားမခံနိုင်တာကြောင့် ကြယ်မိုးရွာမည်ကိုအကြောင်းပြကာ ထမင်းစားပြီးလျှင်ပြီးချင်း အိမ်ကနေ ခပ်ဝေးဝေးဆီရောက်သည်အထိ ဟိုဟိုဒီဒီလျှောက်သွားနေခဲ့မိသည်။

မြက်ရိုင်းပင်တွေရှိရာ ကွင်းပြင်တစ်ခုဆီရောက်တော့ တစ်ခြမ်းကွေး လရဲ့ အလင်းရောင်အောက်မှာ ကင်မရာတစ်လုံးကိုင်ထားတဲ့အလှလေးတစ်ယောက်ကို တွေ့လိုက်ရတော့သည်။
ကင်မရာကို ဟိုချိန်ဒီချိန်လုပ်ရင်းဖြင့် မျက်နှာပေါ် အပြုံးနုနုလေး ဆင်မြန်းထားတဲ့ ထိုအလှလေးက သူ့ရဲ့အာရုံကိုဘယ်လောက်အထိ ညှို့ယူနိုင်ခဲ့သလဲဆိုလျှင်...ဘောင်းဘီဒူးတိုကြောင်​့ လစ်ဟာနေတဲ့ ​ခြေသလုံးဖွေးဖွေးတစ်ခုလုံး ​ခြင်တွေဝိုင်းတွယ်နေတာတောင် သတိမထားမိသည်အထိ။

​ခြောက်သွေ့အေးမြတဲ့ ညဥ့်လေထုဟာ မြက်ရိုင်းပင်တွေကိုတော့ အကြမ်းပတမ်းတိုက်ခတ်ကာ တရှဲရှဲမြည်စေခဲ့ပေမဲ့ အလှလေးရဲ့ဂုတ်သားနုနုပေါ် ဝဲကျနေတဲ့ ဆံနွယ်တွေကိုတော့ အားတစ်စက်တောင် မသုံးဘဲ ပွတ်သပ်လို့သွားသည်။ လေနတ်မင်းကတောင် အလှလေးအပေါ် မေတ္တာထား သက်ညှာခဲ့ပုံပေါ်ပါ၏။ လှလှပပလေး လွင့်ကာပျံဝဲသွားတဲ့ အဲဒီ့အလှလေးရဲ့ဆံနွယ်တွေက ကုန်းကျွင့်ရဲ့မျက်လုံးထဲမှာတော့ video recordတစ်ခုကို slow motionဖြင့် ပြသနေသည့်နှယ် နှေးနှေးငြိမ့်ငြိမ့်လေး ဖြစ်လို့နေသည်။

302 (Completed)Where stories live. Discover now