🌹68🌹

4.4K 289 46
                                        

(Unicode Version)🔞🔞🔞

D-Day!!!

"Good morning..."

နူးညံ့လှတဲ့ အနမ်းတစ်ပွင့်က နဖူးပြင်ပေါ်သို့ သက်ဆင်းလာပြီး ညင်သာတဲ့ နှုတ်ခွန်းဆက်သံက သိင်္ဂါရရဲ့နားထဲသို့ တိုးဝင်လာခဲ့သည်။ ကြီးမားပြီး ရှည်လျားတဲ့ လက်ချောင်းအချို့ကလည်း သူ့ရဲ့ဆံနွယ်စတွေကို ထိုးဖွပေးပြီး ဆော့ကစားနေသလိုပင်။

"အစောကြီးနိုးနေပါလား!? ဘယ်သွားစရာရှိလို့လဲ!?"

"ညနေမှ သွားရမှာ။ စိတ်က လန်းဆန်းနေလို့သာ စောစောနိုးလာတာ။"

"အဲဒါနဲ့ပဲ ငါ့ကိုပါ နှိုးလိုက်တယ်ဆိုပါတော့။"

"အမှန်တော့ မင်း အိပ်နေတဲ့ပုံစံလေးကို ထိုင်ကြည့်ဦးမလို့ပဲ။ ဒါပေမဲ့ မင်းရဲ့မျက်လုံးလေးတွေ ပိတ်ထားတာကို မမြင်ချင်လို့ နှိုးလိုက်မိတာ။"

သိင်္ဂါရက စိုင်းရသဦးရဲ့နှာဖျားထိပ်ကို လက်နဲ့ ဆွဲယူကာ ရေရွတ်လိုက်သည်။

"အကျင့်ပုပ်လေး..."

"မင်းရဲ့မျက်လုံးလေးတွေက ကိုယ့်ကို ကြည့်နေတာမျိုးပဲ ဖြစ်စေချင်တယ်။"

"အခုတော့ ဆန္ဒပြည့်ဝသွားပြီမလား!?"

"ဟင့်အင်း... ကျန်သေးတယ်။"

"ဘာကျန်သေးတာလဲ!?"

စိုင်းရသဦးက သိင်္ဂါရရဲ့နှုတ်ခမ်းလေးကို ခပ်ဖွဖွ နမ်းရှိုက်ခဲ့ပြန်သည်။

"ဒီလိုမျိုး အနမ်းပေးချင်လို့။"

‌"လာချွဲမနေနဲ့။ နိုးနေပြီဆိုရင်လည်း ထတော့လေ။"

"မထပါနဲ့ဦး။ လုပ်စရာကျန်သေးတယ်။"

"ဘာကျန်ရပြန်ပြီလဲ!?"

စိုင်းရသဦးက ဆွဲ‌ဆောင်မှုရှိစွာ ပြုံးပြပြီး သိင်္ဂါရရဲ့ခန္ဓာကိုယ်ပေါ်မှာ အုပ်မိုးကာ နေရာယူလိုက်တော့သည်။

"ရသ... ဘာလုပ်မလို့လဲ!?"

"မင်း ထင်ထားတဲ့အတိုင်းပဲ။"

"အခုမှ အစောကြီးရှိသေးတာကို။"

တားဆီးမရအောင် ဆိုးသွမ်းနေသူက သိင်္ဂါရရဲ့နှုတ်ခမ်းသားပေါ်သို့ ငြင်းပယ်ဖို့ ခက်ခဲစေနိုင်တဲ့ အနမ်းများစွာကို ပေးအပ်လာခဲ့သည်။

နှလုံးသွေးဖြင့် ရေးထိုးအပ်သော                     (Written In the Heart's Blood)Donde viven las historias. Descúbrelo ahora