Arc.3.5
5K 731 35
ကုချန်က system နဲ့ ပြောဆိုပြီးနောက် တိတ်တဆိတ်‌တွေးနေခဲ့သည် ။ system သည် သူ့အား တစ်စုံတစ်ယောက် သတိထားမိသွားမည်ကို ကြောက်နေသည့်ပုံပင် ။ သူ့အတွေးထဲတွင် ခပ်ရှရှ ထွက်လာသည့် အသံတစ်ခုအား စဉ်းစားမိလိုက်သည် ။ အခြေအနေများကို ဆက်စပ်တွေးပြီးနောက် ကုချန်က ခါးသက်စွာ ပြုံးလိုက်သည် ။ system စိုးရိမ်သည့်အရာက ဖြစ်ပျက်ပြီးသွားခဲ့ပြီပင် ။ တစ်စုံတစ်ယောက်က သူ့အား ပစ်မှတ်ထားခဲ့ပြီးလေပြီ ။
သူ၏ ရှုပ်ထွေးသည့်နောက်ခံအား တွေးရသည်မှာ အတော်လေး ခေါင်းကိုက်လှသည် ။
" မား.. ဒီမှာ ထွက်ပြေးသွားတဲ့ ကောင်ကို ခေါ်လာခဲ့ပြီ " စကားသံဆုံးသည်နဲ့ ကုချန်သည် ကား‌ပေါ်မှ ဆွဲထုတ်ခံလိုက်ရသည် ။ မိန်းကလေးတစ်ယောက်က သူ့အား အသာလေး ဆွဲလိုက် တွန်းလိုက် လုပ်နေသည်က တော်တော်ကြီးကို ခံရခက်နေပေပြီ ။ ကုချန်က ပြန်ထပြီး ရိုက်နှက်ရန် ပြင်လိုက်ပြီးမှ သဘောတူညီချက်အား သတိရလိုက်ကာ ပြန်လှဲချလိုက်ရသည် ။
ထို့အတွက် သူ့ပုံစံသည် လှဲကျမှုကြောင့်နာကျင်သွားပြီး မထနိုင်သည့် ပုံဖြစ်သွားခဲ့လေသည် ။
" လင်းလင်း!! " ယုလင်း သည် သူမအမေ၏ သတိပေးသလို ဖြစ်နေသည့်အသံကြောင့် လှည့်ကြည့်လိုက်သည့်အချိန်တွင် သူမအမေ၏ အနောက်အနားတွင် ရပ်နေသည့် အရပ်ရှည်ပြီး ခန့်ညားသည့် သူကို တွေ့လိုက်ရသဖြင့် ထိတ်လန့်သွားကာ " သခင်လေးပိုင်.. ညီမက ပုံမှန်ဆို ဒီလို မဟုတ်ပါဘူး .. ဒီကောင်က အိမ်က ပစ္စည်းတွေခိုးပြီး ထွက်ပြေးသွားလို့ ပြန်ခေါ်လာခဲ့တာပါ " ထို လူရှေ့တွင် သူမ၏ မကောင်းသည့် ဘက်ခြမ်းကို ပြမိကာ နှစ်သက်မှု မရမည် စိုးသည့်အလား ကုချန် အပေါ်သို့ လွဲချလိုက်လေသည် ။
ပိုင်ရီက ယုလင်း ၏ စကားကိုပင် မကြားမိဘဲ လဲကျနေသည့် ကောင်လေးအား ကြည့်နေမိသည် ။ သူကြည့်နေသည့်အချိန်မှာပင် ထိုကောင်လေးသည်လည်း သူအား အံ့ဩတကြီး ကြည့်လာလေသည် ။ အံ့ဩသည့် မျက်ဝန်းများက တဖြည်းဖြည်း အရည်လဲ့လာပြီး မျက်ရည်စများ ခိုတွဲလာကာ နီရဲလာလေသည် ။
ပိုင်ရီ၏ ခြေလှမ်းများသည် မသိလိုက်ပါဘဲ ထိုကောင်လေးထံသို့ ဦးတည်မိသွားသည် ။ ယုလင်းသည် ကုချန်ဘေးတွင် ရပ်နေသဖြင့် သူမသည် သူမထံသို့ ခပ်ဖြေးဖြေးလျှောက်လာသည့် ပိုင်ရီ ကြောင့် ရင်များ အတိုင်းမဆ ခုန်လာလေသည်။ သူမက ကုချန်၏ လက်အား ခပ်တင်းတင်း ဆွဲကိုင်လိုက်ကာ သူမ အမေထံသို့ တွန်းလွှတ်လိုက်သည် ။ " မား!! ဒီသူခိုးကောင်လေးကို ခွင့်လွှတ်ပေးလိုက်ပါ .. အဲ့ပစ္စည်းတွေက သမီးအတွက် အရေးသိပ်မကြီးပါဘူး "