အပိုင်း - ၂

53.2K 4.3K 240
                                    

[ သူကြီးသမက် ]

    " ဒုတ် " ဒုတ် " ဒုတ် " ဒုတ် " ဒုတ် "

ရွာဦးဘုန်းကြီး‌ကျောင်းဆီကအုန်းမောင်းခေါက်သံ ငါးချက်မြည်လာပြီးနောက်၊ညီမလုပ်သူနှင်းနုရဲ့အိပ်ရာထတဲ့အသံ အရိပ်ကြားလိုက်ရသည်။

ထို့နောက်...သိပ်မကြာ အိမ်အနောက်မီးဖိုချောင်တဲလေးဆီကအိုးခွက်ပန်းကန်ဆေး‌သံတွေကြားရကာ ဆွမ်းချက်နေပြီဆိုတာ အရိပ်သိလိုက်သည်။

မြို့မှာကျောင်းတက်ရင်းနဲ့ ညဥ့်နက်ထိစာကျက် မနက်ခုနှစ်နာရီရှစ်နာရီမှအိပ်ရာထတဲ့အကျင့်က အရိပ်မှာပါလာသည်။

အကျင့်ကပြင်လို့မရသေးချေ၊အိပ်ရာထဲကမထသေးပဲခဏဆက်အိပ်နေလိုက်သည်။

" သွားကြတော့ ဆန်ကုန်မြေလေးတွေ မင်းတို့ကိုမွေးထားတဲ့ မိဘတွေကိုအားနာကြဦးအချိန်ပြည့်အရက်သောက် ရန်ဖြစ်မနေကြနဲ့ !"

ရိုးတို့အဖွဲ့ကိုဝင်းကိုကထိတ်တုံးဖြုတ်ပေးနေတုန်း သူကြီးကအိမ်ရှေ့ကွပ်ပျစ်မှာထိုင်ပြီး ကောင်ညှင်းပေါင်းနဲ့လက်ဖက်ရည်သောက်နေရင်း သူတို့ကိုပြောလာတော့ သူကြီးကတော်မှာနံဘေးကသူ့ယောက်ျားကိုဆူငေါက်တော့သည်။

" ရှင်ကတော် သူများကလေးတွေကို ဆန်ကုန်မြေလေးသွားသွားမခေါ်ပါနဲ့သူ့မိဘတွေကြားရင်ဘယ်ကြိုက်ပါ့မလဲ မိဘတိုင်းကတော့ ကိုယ်သားသမီးကကိုယ့်ရဲ့ရတနာတွေပဲ "

" သွားသွား မင်းတို့လည်းပြန်ကြတော့ အလုပ်သွားရဦးမှာမဟုတ်လား "

သူကြီးကတော်ကသူကြီးကိုအပြစ်တင်စကားဆိုလိုက်ပြီး ရိုးတို့ကိုအိမ်ပြန်ရန်ပြောလာသည်။

သူကြီးနဲ့သူကြီးကတော်ရဲ့စကား ရိုးနားထဲမဝင် အိမ်အပေါ်ထပ်ပြတင်းပေါက်မှာချစ်ရသူလေးကိုတွေ့ခွင့်ရမလားရှာကြည့်နေမိသည်။

" ဟေ့ကောင် ! မင်းငါ့အိမ်ပေါ်ကိုဘာလှမ်းကြည့်နေတာလဲ !!! ငါ့သမီးကို ငမ်းမယ်တော့မယ်ကြံနဲ့ မင်းလိုအရက်သမားလူဆိုးကောင်နဲ့လုံးဝသဘောမတူဘူး !!!"

သူကြီးကသူ့သမီးနှင်းနုကို ရိုးငမ်းနေတယ်အထင်နဲ့ ပြောချင်ရာတွေပြောနေသောကြောင့် ရိုးနှာ‌ခေါင်းရှုံ့လိုက်၍။

( သူကြီးသမက် )  CompletedWhere stories live. Discover now