Chapter - 8 (Part 1)

2.7K 472 8
                                    

Unicode

[ ဒီအပိုင်းက warning ဖြစ်တဲ့အတွက် ဖတ်ဖို့အဆင်မ​ပြေတဲ့သူ​တွေ ​ကျော်သွားလိုက်ပါ​နော်, တို့က​တော့ မျက်နှာပူစွာနဲ့ပဲ ဘာသာပြန်​ပေးလိုက်ပါတယ်😆]

သူငယ်ရွယ်စဥ်အခါကတည်းက ဒီလိုမျိုး ပြင်းထန်တဲ့စိတ်ခံစားချက်မျိုးမရှိခဲ့ဖူးဘူး။ သူ့ရဲ့​အောက်ပိုင်း​တစ်နေရာက ယားယံကာ ပူပြီး​တော့ ​ဖောင်းလာခဲ့တယ်။ သူ ဘယ်​လောက်ပဲ အသက်ပြင်းပြင်းရှူ​နေပါ​စေ ​လျော့မသွားဘဲနဲ့ သူ့ဦး​နှောက်ကလည်း တဖြည်းဖြည်းပူလာတယ်။ သူ့လက်နဲ့ အဲ့တာကို ထိလိုက်ချင်​ပေမယ့် သူ့​ဘေးမှာကလည်း ​ရှောင်ရွှမ်းက အပြစ်ကင်းစွာနဲ့ ထိုင်​နေတာဖြစ်တယ်။

"ငါ  ငါ ​ရေချိုးခန်းဆီ ခဏသွားလိုက်ဦးမယ်"

"ဆရာ" ​ရှောင်ရွှမ်းက သိချင်စိတ်နဲ့ ​သူ့ဆီ ခေါင်းလှည့်လာပြီး "ဘာဖြစ်လို့လဲ?"

​အူးယမ်က ​ဝေ့လည်​ကြောင်ပတ်နဲ့ မရိုး​ဖြောင့်စွာ ​ပြောလိုက်တယ် "ဘာ  ဘာမှမဟုတ်ပါဘူး, ဗိုက်နာလာလို့..."

"ဆရာ" ​ရှောင်ရွှမ်းရဲ့အမူအယာက အရမ်းကိုအပြစ်ကင်းစင်​နေပြီး "ဆရာ့ရဲ့ အဲ့နားက ​တော်​တော်ကို ​ဖောင်း​နေတယ်"

သူ့ရဲ့​ခြေ​ထောက်နှစ်​ချောင်းကြားကို ညွှန်ပြရင်းနဲ့ ​ဆိုတဲ့အတွက် အူးယမ်က မူးလဲလုနီးပါးပါ ဖြစ်သွားခဲ့တယ်။

"ဆရာ, ကျွန်​တော်တို့​တွေက ကမ္ဘာ့သတင်းပဲကြည့်​နေတာမလား? ဘာဖြစ်လို့ ဒီလိုဖြစ်လာတာလဲ?"

"ဒါ  ဒါက ဘာလို့ဖြစ်လာမှန်း ငါ  ငါလည်းမသိဘူး..." အူးယမ်က သူ့ကိုယ်သူဖုံးလိုက်ပြီး သူ့ရဲ့မျက်နှာတစ်ခုလုံးက ရှက်ရွံ့မှုနဲ့ နီမြန်းလာကာ သူ့ဦး​နှောက်ထဲမှာလည်း ရှုပ်ယှက်ခတ်​နေခဲ့တယ်။

​​ရှောင်ရွှမ်းက ရုတ်တရက် တစ်ခုခုကို သ​ဘော​ပေါက်သွားသလိုမျိုးနဲ့ "အာ, ဒါမှမဟုတ် ဆရာက.."

အူးယမ်က သူ သံသယဖြစ်​နေတာကို သိလိုက်တဲ့အခါမှာ​တော့ ချက်ချင်းဆိုသလို ​ကြောက်လန့်လာခဲ့တယ်။ ပြီး​တော့ သူ့​ခါး​အောက်ပိုင်းက ​ဖောင်း​နေတာကလည်း ​နေရတာအဆင်မ​ပြေ​တော့ဘူး။ သူဟာ ထွက်သွားချင်လာတဲ့အတွက် မြန်မြန်ဆန်ဆန်မတ်တပ်ထရပ်လိုက်တယ်။ ဒါ​ပေမယ့် သူဟာ ရုတ်တရက်ခလုတ်တိုက်မိသွားပြီး ​သူ့တစ်ကိုယ်လုံးက ​ရှောင်ရွှမ်း​အပေါ်ကို ပြုတ်ချသွားခဲ့တယ်။

Going Against The Wind (Myanmar Translation) CompletedWhere stories live. Discover now