Chapter - 48

7.8K 1.5K 144
                                    

အဆောင်အခန်း ၃၀၇ အတွင်း၌ :

ကုတင်ရဲ့အရှေ့တည့်တည့်တွင် ခေါင်းငုံ့လျက် ဒူးထောက်နေကြသည့် ခပ်ထွားထွားကောင်လေးနှစ်ယောက်။

ရင်းချဲယ်က အိပ်ယာပေါ်တွင်ထိုင်ကာ မျက်ဝန်းများက ဘယ်ကိုရွေ့လိုက် ညာကိုရွေ့လိုက်နှင့် အကဲခတ်နေသည်။
“ကိုယ်လုပ်တဲ့အမှားကိုယ် သိလား?”

ကျန့်ယောင်က နောင်တတစ်ခွဲသားနှင့် :
“သိပါတယ်”

“ဘာအမှားလဲ?”

“မနေ့ညက စိတ်လှုပ်ရှားနေတာနဲ့ပဲ တံခါး‌လော့ချဖို့မမေ့ခဲ့သင့်ဘူး”

“.....”
ရင်းချဲယ်က မျက်ဝန်းများကို ကျဥ်း‌မြောင်းရင်း :
“ငါမင်းကို နောက်ထပ်အခွင့်ရေးပေးမယ်၊ ဘာအမှားလုပ်မိတာလဲ ပြော?”

“....ဖြေပါ့မယ်၊ မနေ့ညက ချမ်းလို့ အိပ်ယာပေါ်ခိုးတက်ခဲ့မိတာပါ မလုပ်ခဲ့သင့်ဘူး”

ဟန်မုန့် : “နေပါဦး ငါကရော ဘာလို့ဒူးထောက်နေရတာတုန်း? ငါဘာအမှားလုပ်မိလို့တုန်း?”

ရင်းချဲယ် : “မင်းဘာမင်း ဝင်ထောက်နေပြီးတော့”

အိပ်မက်တစ်ခုကနေ နိုးထလာတဲ့အတိုင်း ဟန်မုန့်က ပြောသည်။
“ခုနလေးက မင်းရဲ့ကြောက်စရာပုံကြီးမြင်ပြီး ငါဒူးတွေပျော့ခွေလာလို့ ကျန့်ယောင်နဲ့အတူဒူးထောက်လိုက်တာ.....”

ခုနလေးက ရင်းချဲယ်ဟာ စက္ကန့်ပိုင်းလောက်ပဲ အိပ်ချင်မူးတူးဖြစ်နေမိပြီး ကျန့်ယောင်ခမျာလည်း စက္ကန့်ပိုင်းလေးပဲ ပျော်လိုက်ရပါတယ်၊ နောက်တော့ကျန့်‌ယောင်တစ်ယောက် ကြည့်နေရင်းပဲ ရင်ခွင်ထဲကကောင်လေးရဲ့ မျက်ဝန်းတွေက စူးရှသထက်စူးရှ နိုးကြားလာပြီး အမူရာကလည်း တဖြည်းဖြည်းချင်း မှောင်မဲပြီး ကြောက်စရာကောင်းလာတယ်။

အဲ့နောက်တော့ သူ့ခမျာ သနားညှာတာမှုနည်းနည်းမှမပါပဲ ကုတင်ပေါ် က ကန်ချခံလိုက်ရတော့တာပဲ။

ကြမ်းပြင်ပေါ်ကို တလှိမ့်ခေါက်ကွေးကျပြီးပြီးချင်းပဲ သူတန်းဒူးထောက်လိုက်ပြီး အပြစ်တွေကို ဝန်ခံလိုက်သည်၊ လုပ်ပုံလုပ်ဟန်တွေက သဘာဝကျလွန်းလို့ မသိရင်တော့ သူမတွေးမိပဲ လုပ်လိုက်မိပါတယ်ပေါ့။

Pay Attention To Me [Myanmar Translation]Where stories live. Discover now