အပိုင်း ၁၀

4.5K 220 4
                                    

(unicode)

" အိမ်ပြန်လာနေပါလား သော်လင်း "

နေ့သစ်ပိုင်သည် စွယ်သော်လင်းအိမ်ပြန်ဖို့အရေး စည်းရုံးနေလေသည်။ အမေဖြစ်သူက လာပြန်နေပါလို့ တစ်ခွန်းမပြော။ ကိုနေ့သစ်သည်ပင် အခွင့်ရှိတိုင်း စည်းရုံးနေလေသည်။

အမေ၏ယောက်ျားအသစ် ကိုအိမ့်မင်းပိုင်နှင့်တော့ စကားမပြောဖြစ်။ ကိုနေ့သစ်ကတော့ သော်လင်းကို သူငယ်ချင်းတစ်ယောက်လို့၊ ညီအစ်ကိုတစ်ယောက်လို့ပြောဆိုတတ်၍ အ နည်းငယ်ခင်မင်မိသည်။

" မပြန်သေးဘူး။ အဟက် ဒေါ်ပပသိင်္ဂီမလွတ် လပ်ဘဲနေပါအုန်းမယ် "

သော်လင်းအပြောကြောင့် စကားတို့ဆက်ရန် မသင့်တော့ကြောင်း နားလည်လိုက်ရသည်။ ဟုတ်ပါ၏။ အမေဖြစ်သူက နောက်ယောက်ျားအသစ်
ယူလိုက်သည်အပြင် အသက်ကလည်းကွာဟနေပြန်၍ အရွယ်ရောက်ပြီးသော သားတစ်ယောက်အတွက်တော့ မနှစ်မြိုစရာပင်။ ကိုယ်တိုင်ကလည်း သူ့ပထွေး၏ညီအရင်း ဖြစ်နေလေတော့ အလေးထားမှု ဘယ်ရှိပါမလဲ။ ဒီလောက်ရင်းနှီးမှုရနေရတာကိုပဲ ကျေနပ်သင့်ပါပေ၏။

" ကိုယ်ပြန်လိုက်အုန်းမယ်၊ သင်တန်းချိန်လည်း နီးပြီးဆိုတော့လေ  "

"  အင်း။ ကိုနေ့သစ် "

သော်လင်းခေါ်သံကြောင့် ခြေထောက်တို့ကို ရပ်တန်လိုက်မိသည်။

" ကျွန်တော်စားသောက်ရ အဆင်ပြေပါတယ်၊ နေ့တိုင်းလာလည်ပေးဖို့ မလိုပါဘူး "

သို့သော် ဆက်ပြောလာသောစကားတို့ကြောင့် မျက်နှာကို အတတ်နိုင်ဆုံးထိန်း၍သာ

" ကိုယ်လာတာ မကြိုက်လို့လား "

" မဟုတ်တာဗျာ၊ အားနာလို့ပါ။ ကျွန်တော်အ တွက်နဲ့ကိုနေ့သစ် အလုပ်ရှုတ်မှာစိုးလို့ "

" ......"

" ဒါနဲ့ မနေ့ကငါးပြုတ်အရမ်းကောင်းတယ် "

" အင်း။ သော်လင်းကြိုက်လို့ တော်သေးတာပေါ့ "

ပြုံးပြ၍ နေ့သစ်ပိုင် အခန်းပြင်သို့ထွက်သွားလေသည်။

ကိုနေ့သစ်ပြန်သွားခါမှ အခန်းထဲက သူငယ်ချင်းနှစ်ကောင်အတွက်နှင့် ကိုယ်တိုင်အတွက်ပါ မနက်စာသွားဝယ်ရန် အပြင်သို့ထွက်ခဲ့လိုက်သည်။

ချစ်မြဲ ချစ်ဆဲWhere stories live. Discover now