After Falling In Love-2(Unicode)

68.9K 5.9K 1K
                                    


ဒီနေ့ လင်းထက်နှင့်ဟိုလူကြီး ချစ်သူသက်တမ်း တစ်လပြည့်တဲ့နေ့။ တိုက်တိုက်ဆိုင်ဆိုင် လင်းထက် ဂျူတီပိတ်ရက်ဖြစ်နေပြီး ထိုလူကြီးကတော့ ဂျူတီရှိနေသည်။ ထို့ကြောင့် ဒီနေ့တစ်နေကုန် မတွေ့ဖြစ်သေး။ ထို့အပြင် ထိုလူကြီးက ဖုန်းလည်းမဆက်ပါ။ ဒီနေ့ တစ်လပြည့်မှန်းတောင် ထိုလူကြီးသိပါရဲ့လား။

ညနေဂျူတီဆင်းချိန်လောက်ရောက်တော့ လင်းထက်မနေနိုင်တော့။ စန္နကူးနံ့သင်းနေသော ခေါင်းအုံးလေးအား ပွေ့ဖက်ရင်း ထိုလူကြီးထံ ဖုန်းခေါ်မိသည်။ ခေါင်းအုံးတင်မက လင်းထက်၏အသုံးအဆောင်ပစ္စည်းတော်တော်များများတွင် စန္နကူးနံ့သင်းသင်းလေး စွဲကျန်နေအောင် ပြုလုပ်ထားမိသည်။ ထိုစန္နကူးနံ့သင်းသင်းကိုရှူရှိုက်မိတိုင်း ထိုလူကြီးကို အနားမှာရှိနေသလို ခံစားမိစေသောကြောင့်ပင်။ ဦးဖြိုးစည်လင်းသူဆိုသော ထိုလူကြီးကို သူ ထိုမျှလောက်အောင်ချစ်ပါသည်။

"ဟဲလို"

"ဟဲလို အစ်ကို၊ အိမ်ပြန်ရောက်ပြီလား"

"အင်း ရောက်ပြီ"

"ရောက်တာတောင် ကျွန်တော့ကိုဖုန်းမဆက်ဘူးနော်"

"ပြီးရင်ဆက်တော့မလို့ပါ"

"ဟွန့်"

မမြင်နိုင်မှန်းသိသော်လည်း နှုတ်ခမ်းအနည်းငယ်ဆူလိုက်မိသည်။ ထိုလူကြီးက အရမ်းကို အေးတိအေးစက်နိုင်လွန်းပါသည်။

"ဒါနဲ့ ဒီနေ့ ဘာနေ့လဲ အစ်ကို သိရဲ့လား"

"အင်း သိပါတယ် စနေနေ့လေ"

လင်းထက် တိတ်သွားသည်။

"အစ်ကို သတိမရဘူးပဲ"

ထို့နောက် ဝမ်းနည်းစွာရေရွတ်မိသည်။ တစ်နေကုန်မေ့နေခဲ့လျှင်တောင် ယခု လင်းထက်မေးသည့်အချိန်၌ သတိရလျှင် ခွင့်လွှတ်ပေးမည်ဟုတွေးထားခဲ့သည်။ ယခုတော့...

"ဘာနေ့မိုလို့လဲ"

အသံကြားရုံဖြင့် ထိုလူကြီး မျက်မှောက်ကုတ်ထားပြီဆိုတာကို သိလိုက်သည်။ လင်းထက် ရင်ထဲ အလိုမကျစိတ် ဝမ်းနည်းစိတ်တို့က စို့တက်လာသည်။ တစ်ခါတလေ မိမိတို့က ချစ်သူတွေမှ ဟုတ်ရဲ့လားဟုပင် သံသယဝင်မိသည်။ ထိုလူကြီးက လင်းထက်အပေါ် ချစ်သူတစ်ဦးလို့ တီတီတာတာညင်ညင်သာသာ ဆက်ဆံသည့်အချိန်ဆိုတာ မရှိသလောက်ကို ရှားပါးလွန်းသည်။

သားဖွားခန်းက ရင်ခုန်သံ(သားဖြားခန္းက ရင္ခုန္သံ)(Complete)Where stories live. Discover now