(U) Extra 1 _ ရွှယ်ဇီရွမ် _ Chapter (11)

2.3K 189 12
                                    

Chapter (11-1) - စန္ဒယားပြိုင်ပွဲ

ထိုလူပျိုနှစ်ဦးသည့် အသားကို စတင်စားမိလိုက် ကတည်းက  အခြေအနေကို မထိန်းချုပ်နိုင်တော့ပဲ အမြဲတမ်း အသားစားနေချင်တော့သည်။ သူတို့ ဘယ်သွားသွား၊ ဘာလုပ်နေပါစေ တစ် ဦး နှင့်တစ် ဦး နမ်းလိုက်ကြပြီး နောက်ဆုံး  သူတို့ အိပ်ရာပေါ် လူးလှိမ့်သည်အထိ အနမ်းကို အပြတ်မခံကြပေ။

 နာရီပေါင်းများစွာကြာသည့်တိုင်အောင်အိပ်ရာထဲမှ မထတမ်း နှစ်ဦးသား ထပ်တလဲလဲ ချစ်တင်းနှောကြ သည်။

 ရွှယ်ဇီရွမ် မှာ schizophrenia စိတ်ရောဂါကို ခံစားနေခဲ့သူလိုဖြစ်နေသည်။ သူကပုံမှန် အိပ်ယာပေါ် မဟုတ်လျှင် သူ့ပြုမူပြောဆိုပုံက နူးညံ့သိမ်မွေ့နေပြီး အိပ်ယာပေါ်ရောက်ရင်တော့ သူ၏အပြုအမူသည် ကြမ်းတမ်းပြီး  ရူးသွပ်တဲ့ရက်စက်တဲ့ သားရဲတစ်ယောက်ဖြစ်လာခဲ့သည်။ ကျိုးယွင်ရှန့်ခမျာ အိပ်ယာပေါ်ရောက်လျှင် ငိုယိုတောင်းလျှင်တောင်မှ  ရွှယ်ဇီရွမ်က လုံးဝ အလျှော့မပေးခဲ့ပေ။ နောက်ဆုံး ကိုယ်ဖော်သည့်ဆေးကို မစားနိုင်ဖြစ်ကာ ကျစရာမျက်ရည် မရှိအောင် ဖြစ်နေရတော့သည်။


(Schizophrenia ဆိုသည်မှာ ပြင်းထန်တဲ့  ပုံမှန် မဟုတ်သည့်  ပြင်းထန်သောစိတ်ပိုင်း ဆိုင်ရာရောဂါ ဖြစ်သည်။ Schizophrenia ရောဂါသည်များက နေ့စဉ်လုပ်ဆောင်မှုများကို  အနှောင့်အယှက် ဖြစ်စေသော စိတ်အာရုံချောက်ခြားခြင်း၊ အမြင်အာရုံ လှည့်စားခြင်းနှင့် အလွန်စိတ်ရှုပ်ထွေးစေသော အတွေးအခေါ်နှင့်အပြုအမူများ ပေါင်းစပ် ဖြစ်ပေါ် တတ်ကြသည်။   schizophrenia စိတ်ရောဂါရှိသူများသည် ရာသက်ပန်ကုသမှု လိုအပ်သည်)

သူတို့ ပြင်းထန်သည့် ကိုယ်လက်နှီးနှောခြင်းကို ပြုလုပ်ပြီး နှစ်ယောက်လုံး အထွတ်အထိပ်သို့ရောက်ခါနီးတွင်  ရွှယ်ဇီရွမ်သည် လူငယ်လေး၏ အနီရောင် နူတ်ခမ်းကို ရောင်ရမ်းလာသည်အထိ ပြင်းထန်စွာဖိနမ်းလေ့ရှိသည်။ သူ နမ်းသည့်ပုံက မနက်ဖြန်ဆိုတာ မရှိတော့ဘူးဟု ထင်ရလောက်အောင်၊ ထိုအနမ်းကနေ စိတ်ဝိဉာဉ်တွေ အကုန်စုပ်ယူသွားနိုင်လောက်အောင်ကို ပြင်းပြလွန်းလှသည်။

 သူတို့ အိပ်ယာပေါ် ချစ်တင်းနှောပြီးနောက်တွင် ကျိုးယွင်ရှန့်ရဲ့ ပေါင်တွေက တဆတ်ဆတ် တုန်ယင်နေပြီး အနောက်ပေါက်လေးက တော်တော်နှင့် မစေ့နိုင်လောက်အောင် ပွင့်ဟနေတော့သည်။

 သူ၏ခြေထောက်များနှင့်ခါးများသည်လည်း နာခြင်းနှင့်အားမရှိခြင်းဖြစ်ကာ အဆက်မပြတ် တုန်ယင်နေတော့သည်။  ဒါပေမယ့် သူက သူ့အိပ်ဖော် ကို အရမ်းသဘောကျနေခဲ့တယ်။  ရွှယ်ဇီရွမ် သည် နူးညံ့သိမ်မွေ့ခြင်း၊ တောင့်တင်းခြင်း၊ ကြမ်းတမ်းခြင်း၊ မွတ်သိပ်ပြင်းပြကာ ပိုင်စိုးလိုစိတ် များခြင်း စတဲ့ ဆန့်ကျင်ဘက် အရည်သွေးတွေ ပေါင်းစပ်ထားတဲ့ လူသားဖြစ်လို့ သူ့ကို အရမ်းဆွဲဆောင်လို့နေသည်။

ကျိုးယွင်ရှန့်က ဒီပုံယောင်ရိပ်ကမ္ဘာမှာ မပိတ်မိခင် ကတည်းက တကယ့်လောက အစစ်တွင်လည်း  ဆွေမျိုးများ၊ မိတ်ဆွေများဆိုတာ မရှိ၊ သူ့ကို ချစ်မယ့်သူလည်း မရှိသလို အမြဲတမ်းနေထိုင်ရမယ့် မိသားစုလည်း မရှိပါ။ ခြုံပြောရရင် ကျိုးယွင်ရှန့်က  ချစ်ခြင်းမေတ္တာကို အရမ်းကို တောင့်တနေသည့် ကလေးဖြစ်သည်။

ဒါပေမယ့်ကျိုးယွင်ရှန့်က အင်မတန်ကို ဉာဏ်ရည် ထက်မြက်ပြီး ခေါင်းမာသည့်လူငယ်လေးဖြစ်သည်။ သူ့ကို အနုနည်းနဲ့ပဲဖြစ်ဖြစ်၊ အကြမ်းနည်းနဲ့ဖြစ်ဖြစ် ဘယ်လိုနည်းကို သုံးပါစေ..မိနစ်ပိုင်းအတွင်း သူက ရအောင်ဖော်ထုတ်ပြနိုင်ပါတယ်။ ကျိုးယွင်ရှန့်ကို နီးစပ်အောင် လုပ်နိုင်တဲ့ နည်းလမ်းတစ်ခုကတော့ သူ့ကိုအချစ်တွေ အများကြီးပေးပြီး   လုံခြုံစိတ်ချမှု ခံစားချက်ကိုပေးအပ်ခြင်းဖြစ်သည်။

သူက ဒီအချက် (၂) ချက်ကို အမှန်တကယ် လိုအပ်နေခဲ့သည်။ သို့သော် အပေါ်ယံတွင် သူသည်ခိုင်မာသူဖြစ်ကြောင်း ဟန်ဆောင်ကာ မထီမဲ့မြင်ပြုမှုအောက်တွင် ဒီအရာများကို မလိုအပ်သလို လုပ်ပြနေမည် ဖြစ်သည။်

 ဒီအချက်ကို သတိမပြုမိခင်ကတော့ ရွှယ်ဇီရွမ် က သူလုပ်ရမယ့် အထူးပစ်မှတ်လို သဘောထားခဲ့ပေမယ့် နောက်ပိုင်းမှာ ရွှယ်ဇီရွမ် ကို သူက ပစ်မှတ်လို သဘောမထားတော့ပေ။ရွှယ်ဇီရွမ် က သူ၏နှလုံးသားထဲတွင် အထူးတည်ရှိမှု တစ်ခု ဖြစ်လာခဲ့သည်။

ကျိုးယွင်ရှန့်က သူ့ရဲ့ဘဝကိုအပြည့်အ ၀ ပျော်မွေ့နေစဉ် ရွှယ်ကျင်းရီကလည်း  ပျင်းရိခြင်းမရှိပဲ သူ့အကိုရင်းကို သတ်ဖို့ နည်းလမ်းပေါင်းစုံကို စဉ်းစားနေခဲ့သည်။

 သူမက ဒီအလုပ်က ခက်မယ်ထင်ခဲ့ပေမယ့်  အမှန်တကယ်အကောင်အထည်ဖော်သည့်အခါ သူမဆီမှာ ဒီလို လူသတ်ရန်ကြံစည်သည့် အပိုင်းနှင့် ပတ်သတ်ပြီး အလွန်ပင် ကိုယ်စွမ်း ကိုယ် ရည် ရှိဟန်ရှိသည်ဟု သူမ ဖာသာ သဘောပေါက်လာသည်။ သူမသည် တစ်ဆင့်ချင်း မည်သို့လုပ်ဆောင်ရမည်ကို အလိုလို စိတ်ထဲကနေ သိနေသည်။

သူမ ချိတ်ဆက်ထားသည့် မြေအောက်ဆေးခန်းက သူမကို ယူရို သုံးသန်း တောင်းခဲ့ပြီး ဒါက သူမ တတ်နိုင်တာထက် ပိုများနေခဲ့သည်။  သူမသည် ရွှယ်မိသားစု၏မင်းသမီးလေးဖြစ်သော်လည်း ပုံမှန်ငွေများများ သိပ်မရှိခဲ့ပေ။ ဒါ့ကြောင့် မသုံးခဲ့ပါ။  သူမလက်ထဲ စုဆောင်းမိနေသည့် ယွမ်တစ်သန်းက သူမ တတ်နိုင်တာအကုန်ပဲဖြစ်သည်။ ဖူဘိုသည် သူ၏ပင်စင်ငွေအားလုံးကို ပေးအပ်ခဲ့ပေမယ့် ဒါက  စုစုပေါင်းယွမ်နှစ်သန်းကျော်မျှသာ ရှိနေသေးသည်။ ကျန်ရှိသည့် ငွေ၏သုံးပုံတစ်ပုံကို မည်သည့်နေရာတွင်ရရှိနိုင်ကြောင်း သူတို့ အမှန်တကယ် မသိတော့ပေ။

သူမသည် အကြိမ်များစွာ ညှိနှိုင်းခဲ့သော်လည်း ဆေးခန်းသည် အလျှော့ပေးလိုက်လျောခြင်း မရှိခဲ့ပေ။ ဒါက  နှလုံးအစားထိုးခွဲစိတ်ကုသရုံသာမက လူသတ်မှု လည်းဖြစ်နေသည်။  ခွဲစိတ်ကာ နှလုံးအစားထိုး လုပ်ရမည်နှင့် ကျန်သည့်အလောင်းကို ဖျောက်ဖျက်ရမည့် အတွက်  သူတို့တောင်းဆိုသည့် ဈေးနှုန်းမှာ အလွန်မများလှပေ။

ရွှယ်ကျင်းရီက အခြားနည်းလမ်းရှာရတော့မယ်...

 သူမသည် သူမ၏မိဘများနှင့်အတူ ဆင်ခြေဆင်ခြေပေးခဲ့ပြီး သုံးရက်ကြာ တရုတ်ပြည်တွင်နေထိုင်ခဲ့သည်။ သူမ ထပ်တလဲလဲတောင်းပန်ခဲ့သည်။ သူမ အကိုဟွမ်ရီက တရုတ်ပြည်မှာကျန်ရစ်ခဲ့ပြီး သူမက  ဆွစ်ဇာလန်ကို တစ်ယောက်တည်း ပြောင်းနေဖို့ဆိုတာ သူမအတွက် ခက်ခဲလွန်းလှသည်ဟု အယုံသွင်းခဲ့သည်။

 သဘာဝကျကျပါပဲ ရွှယ်လွေ့နဲ့ရွယ်လီဒန်နီက ဖခင်  သူတို့သမီးကို တရုတ်ပြည်ထဲက မထွက်စေချင်ဘူး။ ဒါကြောင့် သူတို့ရဲ့သားကို အသိပေးခြင်းမရှိဘဲ၊ သူတို့ဟာ ဆွစ်ဇာလန်သူနာပြုအိမ်မှာ ရွှယ်ကျင်းရီရဲ့ နေထိုင်ကုသမှုအတွက် စာချုပ်ကို သူတို့ဖာသာ ဖျက်သိမ်းခဲ့သည်။

သူနာပြုအိမ်မှ စာချုပ် ဖျက်သိမ်းခြင်းစာကို လက်ခံရရှိသည့်အခါ ရွယ်ဇီရွမ်၏မျက်နှာတစ်ခုလုံး မည်းမှောင်နေခဲ့သည်။ သူက ရွှယ်ကျင်းရီကို သိပ် သဘောမကျဘူး။ ပြီးတော့ သူမကို ဆယ်ကျော်သက်ချာတိတ်လေးနားမှာ အရမ်းကပ်နေခဲ့တာကို သူက အရမ်း  မုန်းတီးနေ ခဲ့တယ်။

"မင်း ဆွစ်ဇာလန်နိုင်ငံကို မသွားချင်ဘူးလား"

ရွှယ်ဇီရွမ် က စန္ဒရားအခန်းထဲကိုဝင်သွားကာ မေးလိုက်သည်။ သူ၏အကြည့်မှာအေးစက်ကာ လေသံက တင်းမာနေသည်။

ရွှယ်ကျင်းရီက ကီးအမှားကို တီးနေမိသော်လည်း မျက်နှာကပျော်ရွှင်စွာ ပြုံးနေဆဲဖြစ်သည်။ ဒါက သူမရဲ့အကိုကြီး  သူ၏စရိုက် အကြီးအကျယ် ပြောင်းလဲသွားပြီးနောက် သူမဆီကို လာပြီး ပထမဆုံး စကားပြောသောကြောင့် ဖြစ်သည်။

 
"ညီမ မသွားချင်ဘူး။ အဲဒီမှာ လူတွေက မရင်းနှီးတဲ့ နိုင်ငံခြားသားတွေချည်းပဲ။ အရာအားလုံး ညီမနဲ့စိမ်းသက်နေတဲ့နေရာမှာ နေရရင် ညီမလေးရဲ့ နှလုံးရောဂါအတွက် အဆင်မပြေတဲ့အပြင် နေ့တိုင်း စိတ်မချမ်းသာလို့ ရောဂါကို ပိုဆိုးလာစေလိမ့်မယ်။  အကိုကြီး..ညီမလေး အတွက် စဉ်းစားဖူးရဲ့လား။ အကိုကြီးရဲ့မျက်နှာကိုမြင်ရမယ့် နေရာမှာ နေရတာက သူစိမ်းတစ်ယောက်နားမှာ နေရတာထက်ပိုကောင်း ပါလိမ့်မယ်။  "

သူမက လျှို့ဝှက်စွာ ဝန်ခံခဲ့သည်။

ရွှယ်ဇီရွမ် က စီးကရက်ကိုထုတ်လိုက်တယ်။ သူ့အမူယာက အရမ်းစိတ်မရှည်ဖြစ်လာခဲ့သည်။


ရွှယ်ကျင်းရီထံတွင် စိတ်ပိုင်းဆိုင်ရာပြသနာများရှိသညို  ပြီးခဲ့တဲ့ဘဝကတည်းက သူ သိပြီးသားဖြစ်သည်။

တိကျစွာပြောရလျှင် ရွှယ်မိသားစုတွင် သာမန်လူတစ်ယောက်မျှ မရှိပါ။ ရွှယ်လီဒန်နီက  စည်းစိမ်နှင့်နာမည်ဂုဏ်သတင်းနောက်ကို  လွန်ကဲစွာ တပ်မက်ခဲ့သလို ရွှယ်လွေ့ကလည်း ည်ချမ်းသာကြွယ်ဝမှုကို ရှာဖွေခဲ့သည်။ ရွှယ်ကျင်းရီက အလွန်အမင်း အလိုလိုက်ခံရပြီး ကြီးလာလို့ သူမ တခုခုကို လိုချင်ရင် သူမစိတ် ဘယ်တော့မှ မပြောင်းတော့ပဲ အရမ်းကို ခေါင်းမာတတ်ခဲ့သည်။

 ထို့ကြောင့် ရွှယ်ဇီရွမ် သည် သူမနှင့်ဆက်သွယ်လိုခြင်းမရှိသောကြောင့် သူက အပြတ်ပြောလိုက်သည်။

" မင်း ဒီမှာ နေချင်ရင်တော့ မင်းနေနိုင်မယ်၊ Royal Courtက လုံးချင်းအိမ်ကို ပြောင်းရမယ်။ မင်း ဒီမှာ မနေရဘူး။ ရှောင်ရီရှေ့မှ လုံးဝ ပေါ်မလာရဘူး  "

" ဟင့်အင်း...."

ရွှယ်ကျင်းရီက ချက်ချင်းငြင်းလိုက်တော့ ရွှယ်ဇီရွမ် ၏ အမူယာက အေးစက်တင်းမာလာသဖြင့် သူမက တောင်းပန်လိုက်သည်။

 " အစ်ကိုကြီး..ဒီမှာကြည့်ပါ။ ညီမက  အပြည်ပြည် ဆိုင်ရာ   စန္ဒရားပြိုင်ပွဲ အတွက် ဖိတ်စာစာရထားတယ်။ ပြိုင်ပွဲဝင်ဖို့ သုံးရက်အတွင်း ဗီယင်နာကို ထွက်ခွာရတော့မယ်။  ဒီ သုံးရက်မှာ ညီမလေးက အိမ်မှာပဲ ပြိုင်ပွဲအတွက် လေ့ကျင့်ချင်တယ်, ညီမက အိမ်ထဲကို လှည့်ပတ်သွားလာပြီး အချိန်ဖြုန်း ချင်ပါဘူး။ ညီမ ပြိုင်ပွဲအတွက် ထွက်သွားပြီးရင် အကိုကြီးနဲ့ရှောင်ရီကို ဘယ်တော့မှ အနှောက်ယှက်မပေးတော့ပါဘူး..ဒါကြောင့် ဒီအိမ်မှာ ပြိုင်ပွဲအတွက် လေ့ကျင့်ပါရစေ... "


***-****




FOD Extra 1_ Chapter (11-2) - စန္ဒရားပြိုင်ပွဲ

သူကရွှေအက္ခရာများဖြင့်ပုံနှိပ်ထားသောဖိတ်ကြားစာကိုတွေ့သောအခါ ရွှယ်ဇီရွမ်၏ အမူယာသည် စက္ကန့်ပိုင်းအတွင်း အံ့သြသွားသည်။ ယခင်ဘဝ အမှတ်တရများက သူ၏ ဦး နှောက်မှ တစ်ဆင့်ပေါ် လာခဲ့ပြီး သူ၏ခေါင်းကို နာကျင်စေသည်။ ဒီနေရာမှ သူ၏ချစ်ခြင်းမေတ္တာ ပေါ်ပေါက်ခဲ့သည့်နေရာ ဖြစ်ပြီး သူ၏အချစ်ဆုံးသော လူငယ်လေးကို ရင်ထဲကနေ ပြတ်သားစွာ သိခဲ့သည့် နေရာဖြစ်သည်။ ဒီပြိုင်ဆိုင်မှုက ဆယ်ကျော်သက်ကလေးကို အောင်မြင်မှုရစေပြီး သူတို့ရဲ့အနာဂတ်ကိုလည်း အတူတကွပျက်စီးစေခဲ့တယ်။

ရွှယ်ဇီရွမ်သည် ဖိတ်စာကိုယူကာ ဝှက်ရန် မသိမသာ ကြိုးစား ခဲ့သော်လည်း အခြားတစ်ယောက်က သူ့ထက် အရင်ဦးအောင် ယူလိုက်သည်။

ကျိုးယွင်ရှန့် သည် နိုင်ငံတကာ Piano ပြိုင်ပွဲတွင် ပါဝင်ရန် System မှ မစ်ရှင်အသစ်ကို ပေးအပ်ခဲ့လို့ ကွန်ပြူတာခန်းထဲကနေ ထွက်လာပြီး ထိုဖိတ်စာကို ဖြတ်ယူလိုက်တာဖြစ်သည်။

ဘာလဲဟ....။ သူက ဒီပြိုင်ပွဲကို မဝင်လို့ မရဘူးလား။

ကျိုးယွင်ရှန့်က ဒီပြိုင်ပွဲနဲ့ပတ်သတ်တဲ့သတင်းကို ပိုမိုရဖို့ ရွှယ်ဇီရွမ်ကို ကြည့်လိုက်သည်။

System မှ ပေးအပ်သောမစ်ရှင်တစ်ခုစီတိုင်းသည် ဇာတ်လိုက်နှင့် ဇာတ်လိုက်မကြားက ခံစားချက်ကို ပိုတိုးလာစေဖို့ အထောက်ကူဖြစ်စေဖို့ပဲ မဟုတ်လား။ သူက အရံ ဗီလိန်ဇာတ်ကောင်ဆိုတော့ ဇာတ်လိုက်နှစ်ယောက် ပိုအဆင်ပြေဖို့ အဖြည့်ခံလေး လုပ်ပေးရမယ် မဟုတ်လား။

သူ့လုပ်ရှားမှုတိုင်းက ဇာတ်လိုက်အမျိုးသား ၏ ဦး ဆောင်မှုနှင့်အမျိုးသမီးဇာတ်လိုက် ၏ကံကြမ္မာကိုပြောင်းလဲရန်ဖြစ်စေ၊ အဓိက ကြံစည်မှုနှင့်ဆက်စပ်နေသည်။

အခုတော့ သူ့ကို ထိန်းချုပ်နေသည့် System က အရမ်းကို အားနည်းနေခဲ့ပါတယ်။ နိုင်ငံတကာ စန္ဒရားပြိုင်ပွဲတွင့် ပါဝင်ပြိုင်ဆိုင်မလား၊ မပြိုင်ဘူးလားဆိုတာ အခု သူ့ စိတ်ခံစားချက်အပေါ် လုံးလုံးမူတည်နေသည်။ သို့သော် သူသည် အဓိက သော့ချက်ကိုထိန်းချုပ်ရန် အတတ်နိုင်ဆုံးကြိုးစား နေခဲ့ သည်၊ မဟုတ်ပါက သူ၏အနာဂတ်အပေါ် ဆိုးကျိုးသက်ရောက် လာ လိမ့်မည်။

သူက ပြိုင်ပွဲဖိတ်ကြားစာကို ကိုင်လိုက်ပြီး အင်္ဂလိပ်စာကို နားမလည်နိုင်သလို ဟန်ဆောင်ကာ ရွှယ်ဇီရွမ်လက်ထဲသို့လွှဲပြောင်းပေးခဲ့သည်

-" ဒါက ဘာလဲ"

"အပြည်ပြည်ဆိုင်ရာ Chopin စန္ဒရားပြိုင်ပွဲ့ဖိတ်ကြားလွှာ "

ရွှယ်ကျင်းရီသည် သူမ၏မေးစေ့ကို ပင့်မကာ အလွန်အမင်းဂုဏ်ယူစွာဖြင့် ပြောပြခဲ့သည်။

ရွှယ်ဇီရွမ် က နည်းနည်းစိတ်မသက်မသာဖြစ်ကာ သူ မကြည့်ဘဲ ဖိတ်စာကို စာအိတ်ထဲပြန်ထည့်လိုက်ပြီး ရွှယ်ကျင်းရီထံသို့ပြန်ပေးလိုက်သည်။ ထို့နောက်သူက ပြောလိုက်သည်။

" တရုတ်ပြည်ကိုပြန်လာပြီးမှ အိမ်ပြောင်းတော့။ အိမ်ပြောင်းဖို့ကို မမေ့ပါနဲ့ "

ရွှယ်ဇီရွမ်က ဆယ်ကျော်သက်လေးကို လက်မောင်းကြားထဲ သိုင်းဖက်ကာ ထိုနေရာမှ ခေါ်ထုတ်ဖို့ ကြိုးစားနေသည်။

ကျိုးယွင်ရှန့်က အခက်တွေ့နေသည်။ သူက

ဒီတာဝန်ကိုယူသင့်၊ မယူသင့်စဉ်းစားနေတုန်းပဲ။ အကယ်၍ သူက လက်မခံခဲ့လျှင်၊ သူသည် System ကို သတိထားမိစေဖို့ နှိုးဆွပေးသလို ဖြစ်ပြီး ဒါကို လက်ခံလိုက်ပါက ရွှယ်ကျင်းရီကို ရန်စသလို ဖြစ်သွားမည်။

ဒါက တကယ့်အကြပ်အတည်းပဲ။

"ကျွန်တော် ပါ ၀ င် လို့ရမလား?"

ကျိုးယွင်ရှန့်က ချက်ချင်း မေးလိုက်တယ်။

ရွှယ်ဇီရွမ် ကမဖြေကြားမီ ရွှယ်ကျင်းရီက အမြန်ဝင်ပြောလိုက်သည်။

" မရဘူး! နင် ဝင်ပြိုင်လို့ မရနိုင်ဘူး!"

သူမ ရဲ့ နှလုံးဆောင့်ခုန်လို့ ချက်ချင်းမေ့မျောသွားမလို ခံစားလိုက်ရသည်။

သူမဝင်ထားတဲ့ အဖွဲ့အစည်းက သူမ၏ပြိုင်ပွဲတွင် ဟွမ်ရီ ကိုပါ ၀ င်ခွင့်မပြုရဟုပြောကြားခဲ့သည်။ သူက ဒီပြိုင်ဆိုင်မှုမှတဆင့် သူမ ပိုင်ဆိုင်သမျှ အရာအားလုံးကို သိမ်းပိုက်ကာ သူမကို ပယ်ရှားပစ်လိမ့်မယ်။

" အပြည်ပြည်ဆိုင်ရာ Chopin စန္ဒယားပြိုင်ပွဲတွင် ကြောင်တစ်ကောင် ဒါမှမဟုတ် ခွေးတစ်ကောင်သာ ကြုံရာ ကျပန်းပါ ၀ င်နိုင်တယ်လို့ နင်က ထင်နေသလား။ ပါ ၀ င် သူတိုင်းက ထပ်ခါတလဲလဲ စစ်ဆေးခြင်း ခံယူပြီးနောက် ရွေးချယ်ထားသော လူအားလုံးက လူသိများသော ပုဂ္ဂိုလ်တွေပဲဖြစ်တယ်။ နင်က စန္ဒယားတီးတာကို စနစ်တကျလေ့လာဖူးလို့ လား။ လူသိများသောပြိုင်ပွဲများမှာ ဘယ်နှစ်ခု ပါဝင်ဖူးလို့လဲ။ နင်က ဘယ်သင်တန်းမှာ တက်ထားဖူးတဲ့၊ နင့်မှာ အောင်လက်မှတ် ရှိလို့လား။ နင်က စန္ဒယားနဲ့ပတ်သတ်ပြီး လူသိများတဲ့လူကော ဟုတ်ရဲ့လား။ နင့်မှာ ဘာမှမရှိဘူး။ နင့်ဆီမှာ တစ်စစီဖြစ်နေတဲ့ စက် အ အစိတ်အပိုင်းတွေနဲ့ ညစ်ပတ်ပြီးချောကျိကျိ အမဲဆီတွေပေကျံနေတဲ့ ကားဂိုဒေါင်ထဲမှာ လျှောက်လုပ်နေတာပဲ ရှိတာ မဟုတ်လား။ နင့်လိုလူက ထိပ်တန်းစန္ဒရားပြိုင်ပွဲမှာ ပါ ၀ င်ချင်တာလား။ ဟာသပဲ!"

ရုတ်တရက် သူမ၏နှလုံးသားထဲက အဓိက ကြောက်ရွံ့ခြင်းကြောင့် ရွှယ်ကျင်းရီက သူမ ချစ်နေသည့် အကိုကြီးရှေ့မှာ နူးညံ့။ ကြင်နာသောပုံရိပ်ကို ထိန်းသိမ်းရန်မေ့ကာ ကျိုးယွင်ရှန့်ကို ရန်တွေ့ခဲ့သည်။

ဟုတ်တယ်,ရွှယ်ဇီရွမ် က သူမက ဟန်ဆောင်နေပြီး တကယ့်စိ တ်ရင်းမှန်က ဘယ်လိုဆိုတာကို အရင်ဘဝကတည်းက သိနေခဲ့တယ်ဆိုတာ သူမ မသိခဲ့ပေ။

ရွှယ်ကျင်းရီက ရွှယ်ကျင်းရီပါပဲ။ သူမက မချစ်သင့်တဲ့ အချစ်အတွက် မလုပ်ရဲတဲ့အရာ မရှိအောင ်မိုက်တွင်းနက်နေဆဲဖြစ်သည်။

ပြီးတော့ ကျိုးယွင်ရှန့်က သူမကို အရင်ဘဝထက် မလျော့နည်းတဲ့ရန်စမှုမျိုးနဲ့ သူမရဲ့ ပင်ကိုယ်စိတ်ရင်း ပွင့်ထွက်လာအောင် လုပ်နေဆဲဖြစ်သည်။

ကျိုးယွင်ရှန့်က သူမရဲ့ အပြောအဆိုပြောင်းလဲမှုကို တိတ်တဆိတ် ကြည့်ကာ သူမကိုလှောင်ပြောင် နေခဲ့သည်။

သူမ စကားပြောအပြီးတွင် သူက ရွှယ်ဇီရွမ် ကိုကြည့်ပြီး ပူဆာလိုက်သည်။

" ကျွန်တော် ပြိုင်ပွဲမှာ ပါဝင်ချင်တယ်"

ဒီလူက စန္ဒရားဧကရာဇ်ဖြစ်သည်။ သူက ပြိုင်ပွဲဝင်ဖို့ ဖိတ်ကြားချက်တစ်ခုရဖို့ မခက်ဘူး မဟုတ်လား။

" မဟုတ်ဘူး။နင် ပါ ၀ င်ခွင့်မရှိဘူး..."

ရွှယ်ကျင်းရီက ရူးသွပ်နေသလိုပဲ စူးရှစွာ အော်ဟစ်ပစ်လိုက်သည်။

ဒီဟွမ်ရီက တကယ့်ဂြိုလ်ဆိုးပဲ။ သူမချစ်တဲ့ ကိုကိုရွှယ်ဇီရွမ်ကို လုယူသွားခဲ့သလို အခုလည်း သူမရဲ့ ကျော်ကြားမှုကို ခိုးယူချင်နေပြီ။

သူက မွေးကတည်းက ဘာကြောင့် သေမသွားရတာလဲ။ သူမဆီမှာ မွေးရာပါ နှလုံးရောဂါဖြစ်ရမယ့် အစား ဒီကောင် ဟွမ်ရီက ဖြစ်လိုက်ပါတော့လား။ ဒါဆိုရင် သူမ ဘဝကို ဒီ ကောင်စုတ်က ဝင်မနှောက်ယှက်နိုင်တော့ဘူး။

ရွှယ်ကျင်းရီက မုန်းတီးလွန်းလို့ ကျိုးယွင်ရှန့်ကို စူးဝါးစွာ စိုက်ကြည့်ကာ သေစေချင်သည့် စိတ်ဖြင့် တွေးလိုက်သည်။


**-**


FOD Extra 1_ Chapter (11-3) - စန္ဒရားပြိုင်ပွဲ


ကံမကောင်းစွာဖြင့် ရွှယ်ကျင်းရီထံတွင် တေးဂီတကိုစွဲလန်းနေသော အစ်ကိုကြီး မရှိတော့ပေ။   နောက်ဆုံးဘဝမှာ ရွှွယ်ဇီရွမ်ဟာ ဆယ်ကျော်သက် ကလေးကို လက်လွှတ်လိုက်ပြီး သူ့လက်တွေရဲ့ ပျော့ပြောင်းမှုတွေ ပျောက်ကွယ် သွားပြီးနောက် ဂီတဟာ သူ့အတွက်တစ်ခုတည်းသော အရာ မဟုတ်တော့ကြောင်း ရုတ်တရက် ရှာဖွေတွေ့ ရှိခဲ့သည်။ ဒါကြောင့် ဒီအခိုက်အတန့်မှာ သူက ဒေါသမထွက်ခဲ့သလို နည်းနည်းလေးမှ မမှုခဲ့ဘူး။

 "မင်းသွားချင်ရင် သွားလေ။ ငါ မင်းနဲ့အတူ အဖော်လိုက်ပေးပါ့မယ်။ "

ဒီခရီးစဉ်အတွက် သူက ကောင်းလေးကို စိုးရိမ်နေခဲ့ရင်တောင်မှ ဟွမ်ရီရဲ့တောင်းဆိုမှုကို ရွှွယ်ဇီရွမ် ဘယ်လိုမှ မငြင်းဆန်နိုင်ပေ။


ရွှယ်ကျင်းရီက ဒေါသထွက်ပြီး ကြားလိုက်ရ သည့် စကားကိုပင် မယုံသင်္ကာဖြစ်လာခဲ့မိတယ်။ သူမသည် အချိန်ကြာမြင့်စွာ ဖိတ်ကြားစာကိုကိုင်ထားပြီး စကားမပြောနိုင်ခဲ့ပေ။

ကျိုးယွမ်ရှန့်က အရမ်းပျော်ခဲ့တယ်။ သူက ခြေဖျား ထောက်ပြီး ရွှွယ်ဇီရွမ်၏ပါးပြင်ကို အနမ်းပေး လိုက်သည်။  ဒါပေမယ့် ရွှွယ်ဇီရွမ်က သူ့ကို ပြန်မလွှတ်ပဲ  သူ့ခေါင်းကိုနောက်က ဖိထားာ ဆက်လက်  နမ်းရှုံ့ခဲ့တယ်။

ရွှွယ်ဇီရွမ်သည် သူပြောခဲ့သည့်အတိုင်းပြုလုပ်ပြီး အရွယ်ရောက်သူတွေ ပြိုင်တဲ့ပွဲမှာ ဒိုင်လုပ်ပေးပါ့မယ်ဆိုတဲ့ အလဲလှယ်နဲ့ နောက်ထပ် ပြိုင်ပွဲဝင် ဖိတ်စာကို ထိုညနေမှာ ရရှိခဲ့သည်။

 သူ  ဂီတလောကထဲမှ အငြိမ်းစားယူပြီးနောက် သူ့ရဲ့ဖျော်ဖြေပွဲအားလုံးကို ဖျက်သိမ်းခဲ့သည်။ ဒါပေမယ့် ဒီလို ပြိုင်ပွဲမှာ သူ၏မျက်နှာကိုပြသခဲ့လျှင် ပြိုင်ပွဲက အရမ်းကို ဂုဏ်တက်သွားမှာ သေချာသည်။

 " ဒီကနေ့က စပြီး ကျွန်တော် စန္ဒယားကို  အလေးအနက်လေ့ကျင့်မယ်။ အကိုကြီးက ကျွန်တော်နဲ့အတူ အဖော်လုပ်ပေးပါ။"


ကျိုးယွင်ရှန့်က  ဖိတ်ကြားစာကို ထပ်ခါထပ်ခါကြည့်ရှုပြီး ပြော ခဲ့သည်။

"ဟုတ်တယ်။ ဒါပေမယ့်  မင်းရဲ့လက်ရှိအဆင့်နဲ့ သွားပြိုင်ရင် ပြိုင်ပွဲအဆုံးထိ မသွားနိုင်မှာကို စိုးရတယ်...   "

ရွှွယ်ဇီရွမ်ဟာဆယ်ကျော်သက်ကလေးက အမြဲတမ်းနံပါတ်တစ်ဖြစ်ချင်တယ်ဆိုတာ သူသိတယ်၊ သူက အဆုံးသတ်ထိ မယှဉ်ပြိုင်နိုင်ရင်  ပထမနေရာ ရရှိရန်အခွင့်အလမ်းမရှိပါ။

" ကျွန်တော့်လက်ရှိ အဆင့်က ဘာဖြစ်နေလို့လဲ။  ခက်ခဲတဲ့တီးလုံးတွေကိုတောင် ကျွန်တော် တီးနိုင်တယ်။ ကျွန်တော့်ကို လျှော့မတွက်ပါနဲ့! "

ကျိုးယွင်ရှန့်က ပေါက်ကွဲကာ ပြောခဲ့သည်။

သူသည်စန္ဒရားအဖုံးကိုဖွင့်လိုက်ပြီး သူ၏လက်ချောင်းကလေးများက ခလုတ်တွေပေါ် ပြေးလွားကာ သူ့ရဲ့ ကျွမ်းကျင်မှုကိုပြသခဲ့သည်။ သူသည် ဂီတနုတ်ထဲက ပါသမျှ အကုန်ကို မျိုးစုံတို့ထိကာ တီးခတ်ပြရင်း သူ လုပ်နိုင်တယ် ဆိုတာကို ပြသခဲ့သည်။

 သူ၏လက်ချောင်းများသည်တောက်ပသောပန်းပွင့်များကဲ့သို့ အနက်ရောင်နှင့်အဖြူရောင် စန္ဒရား ခလုတ်များပေါ်တွင် လှပသွက်လက်စွာ ကခုန်နေခဲ့သည်။ သူ့လက်ချောင်းလေးတွေက အလွန်လျှင်မြန် ရွေ့လျားခဲ့ပြီး ပုံရိပ်ယောင်လေးတွေ ချန်ခဲ့သလို ထင်ရသည်။

 သူသည်လက်များကိုဖြန့ ်၍ အမြင့်သံမှ အနိမ့်သံသို့ တီးခတ်သွားခဲ့သည်။  သူသည် လက်များ စည်းချက်နှင့်အတူ ခြေထောက်ကလည်း ဘေ့စ်သံကို တီးခတ်နေသေးသည်။

 သူ့ဆံပင်တွေက တလွင့်လွှင့်ဖြစ်နေပြီး ခေါင်းလေးကို ခါယမ်းနေသဖြင့် တဖြည်းဖြည်း ပိုပိုပြီးရှုပ်ထွေး လာသည်။ သူ့ပုံက ဂီတမှာ ဈာန်ဝင်စားနေတဲ့ အရူးကလေးနှင့်ပင် တူနေသည်။

 မကြာခင် ဂီတသံ အဆုံးသတ်သွားခဲ့သည်၊ အမှန်တော့ သူတီးနေတာက  သီချင်းတစ်ပုဒ် မဟုတ်ပေ၊ ခက်ခဲသည့် လက်ချောင်းလေ့ကျင့်ခန်း များကို ပေါင်းစပ်လိုက်သော ကောင်လေးက လက်တန်း ရေးစပ်ထားသော ဂီတလေ့ကျင့်သည့် တီးလုံးသာဖြစ်သည်။

 
ကျိုးယွင်ရှန့်က သူ၏မေးစေ့ကိုမြှောက်ပြီး ကျောရိုးကိုဖြောင့်စေပြီး မာနထောင်လွှားသော မျက်လုံးများဖြင့် ရွှွယ်ဇီရွမ်ကို- တွေ့လား...ဒါက ကျွန်တော့် အစွမ်းတွေပဲ...လို့ ပြောနေသလို လှမ်း  ကြည့်လိုက်သည်။

ရွှွယ်ဇီရွမ်သည် သူ၏လည်ချောင်းထဲမှ ကျေနပ်သည့်  ရယ်သံ ထွက်လာခဲ့သည်။ အခုတော့ကောင်လေးက ဂုဏ်ယူတဲ့ကြက်ပေါက်ကလေးနှင့် တူနေသည်။ တကယ်လို့  မင်းက သူ့တီးလုံးက  မလုံလောက်ဘူးလို့ ပြောရင် သူက  အတောင်ပံတွေကို မင်းကို သေချာပေါက် ရိုက်ခတ်ပြီး မင်းကို နူတ်သီးနဲ့ ဆိတ်လိမ့်မယ်...

 ဟွမ်ရီလေးရဲ့ ကျွမ်းကျင်မှုများက အလွန်ကောင်း သည်။ တကယ်တော့ သူသည် အသေးဆုံး စက်မှုအစိတ်အပိုင်းများကို ခေတ်မီသော တူရိယာများထဲသို့ စုစည်းနိုင်ခဲ့ပြီး သူသည် ခက်ခဲသောစန္ဒရားတေးဂီတကို ဖျော်ဖြေနိုင်ခဲ့သည်။

သို့သော်ပြသနာမှာ ဟွမ်ရီထံတွင် ခံစားချက်များ မရှိခြင် ဖြစ်သည်။ သူ၏လက်ချောင်းထိပ်များမှ စီးသော တေးဂီတသံစဉ်များသည်  ဖျော်ဖြေသူတစ် ဦး ၏ဂီတကို နှလုံးသားနှင့် နားလည်ပြီး တီးခတ်ခြင်းထက်  ကွန်ပြူတာနှင့် ဖန်တီးပြီး ထွက်လာသည့်အသံနှင့်တူနေသည်။

ရွှွယ်ဇီရွမ်က ဒီဘဝမှာကောင်လေးက  ဘာမှားနေမှန်း မသိခဲ့ဘူးဖြစ်နေသည်။ ရွှွယ်ဇီရွမ်က ကျိုယွင်ရှန့်က စက်မှုလက်မှုပိုင်းကို အရမ်းလေ့လာခဲ့သလို့ သူ့စိတ်တွေက တိကျသေချာမှုကိုပဲ အရမ်းစွဲနေပြီး ခစားချက်ပိုင်း တောင့်တင်းနေသည်ဟု ထင်နေမိသည်။

 သို့မဟုတ် ဟွမ်ရီက သူ၏စိတ်နှလုံးကို မည်သူ့ကိုမျှ ဖွင့်ဟပြခြင်းမရှိပဲ ဒီလောကကို မည်သည့်အခါမှ လက်မခံခဲ့ပဲ ပိတ်ဆို့နေခဲ့လို့ အခုလို တိကျသေချာပြီး  စက်ယန္တရားဆန်သွားတာ ဖြစ်နိုင်သည် ဟု တွေးနေသည်။

 ဟွမ်ရီသည် မိမိကိုယ်ထဲက အရာအားလုံးကို   ဖယ်ရှား ပစ်လိုက်ပုံရသည်။ အဲ့ဒီထဲမှာ ရွှယ်မိသားစုနှင့် သူလည်း ပါနေပုံရသည်။

 
ရွှွယ်ဇီရွမ်သည် ဟွမ်ရီလေးနှင့် အလွန်နီးကပ်စွာ ထိုင်နေ ပါလျက် ကလေးလေးနှင့် အရမ်း ဝေးကွာ နေသည်ဟု ခံစားနေရသည်။ သူက ဟွမ်ရီလေး ဘာကိုတွေးနေသည်ကို မသိဖြစ်နေသည်။

ရွှွယ်ဇီရွမ် သည် သူ၏လက်ကို အလွယ်တကူဆန့ ်၍ ဟွမ်ရီကို ပွေ့ဖက်နိုင်သည်။  ဒါပေမယ့် ဘယ်လိုပဲ ဟွမ်ရီလေးကို  တင်းတင်းကျပ်ကျပ် ပွေ့ဖက် ထားပါစေ.. သူ မပိုင်ဆိုင်ဘူးဆိုသည့်  အတွေးများပေါ်ပေါက်လာသည်နှင့်အမျှ ရွှွယ်ဇီရွမ် ဘာကိုမှ ဆက်ပြီး  မစဉ်းစားဝံ့တော့ပါ။

သူကကောင်လေးကို အနောက်ဘက် မှ သိုင်းဖက် လိုက်ကာ ဟွမ်ရီလေး၏ပါးလွှာသော လည်ပင်းလေးကို ညင်ညင်သာသာနမ်းရှုပ်နမ်းနေစဉ် သူကပြောလိုက်သည်။

" ရှောင်ရီရဲ့  လက်ချောင်းစွမ်းရည်က ဒီကမ္ဘာပေါ်တွင်အကောင်းဆုံးပဲ "

ဒါက မဟုတ်မှန်ပြောတာ လုံးဝ မဟုတ်ပေ။ ဟွမ်ရီက
အခြေခံလေ့ကျင့်ခန်းများကို လိုက်လျောညီထွေ ဖြစ်အောင် ပြုလုပ်ပြီး သူ့ကိုယ်ပိုင်အတွေးအခေါ်များ အရ အလွန်ခက်ခဲသော အပိုင်းအစတစ်ခုထဲသို့ ပြန်လည်စီစဉ်ပေါင်းစပ် နိုင်ခဲ့သည်။ အဆိုပါ ဆယ်ကျော်သက်လေးရဲ့လက်ချောင်းကျွမ်းကျင်မှုက တကယ့်ကို  အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေ ခဲ့သည်။ ရွှွယ်ဇီရွမ်ရဲ့စွမ်းရည်တွေထက် အနည်းငယ် တောင် ပိုကောင်းပါသေးသည်။
 
သို့သော် သူ၏တေးဂီတထဲတွင် စိတ်လှုပ်ရှားစေသည့် ခံစားချက် ဝိဉာဉ်မပါရှိခြင်းက  အားနည်းချက် တစ်ခုဖြစ်နေသည်။ ရွှွယ်ဇီရွမ်က ကလေးကို  လိမ္မာပါးနပ်စွာနဲ့ ဘယ်လိုထောက်ပြရမလဲဆိုတာ စဉ်းစားနေမိသည်။ ဒါမှ သူ့လက်မောင်းကြားက ချာတိတ်လေးက မပေါက်ကွဲလာမှာဖြစ်သည်။

 ဆယ်ကျော်သက်လေးသည် သူ၏ယခင်ဘဝ ကဲ့သို့ကြီးကျယ်အောင်မြင်သည့်  စန္ဒယားပညာရှင်ဖြစ်လာနိုင်မလား, ဒါမှမဟုတ် ကောင်လေးရဲ့စန္ဒရားသံက အေးစက်ပြီး ကြမ်းတမ်းနေမလား...

ဘာပဲဖြစ်ဖြစ် ဒီကလေးက သူ ချစ်ရ၊  ချစ်မြတ်နိုး ခဲ့ရသော လူငယ်လေးသာ ဖြစ်သည်။ သူက ဟွမ်ရီလေးရဲ့ဖြစ်တည်မှုကို ချစ်မြတ်နိုးတာဖြစ်သည်။ ဒီကောင်လေးရဲ့ တောက်ပနေသော အရည်ချင်းကြောင့် ချစ်တာ မဟုတ်ပေ။

 ကောင်လေးက တေးဂီတကို လုံးလုံး မသိသည့် သူဖြစ်နေရင်လည်း ဘာဖြစ်လဲ။ သူ့ရင်ခွင်ထဲမှာ ဟွမ်ရီလေး ရှိနေသရွေ့ အားလုံး အဆင်ပြေသည်။

 ဆယ်စုနှစ်ပေါင်းများစွာစောင့်ဆိုင်းခဲ့ရပြီး နာကျင်ဖွယ်အမှတ်တရများတွင် အကြိမ်ကြိမ်နစ်မွန်းခဲ့ရပြီးနောက် ရွှွယ်ဇီရွမ်က တကယ့်အချစ်ဆိုတာ ဘာလဲဆိုတာကို သိနားလည်ခဲ့ရုံသာမက လူတစ်ယောက်ကို ဘယ်လိုချစ်ရမလဲဆိုတာကိုပင် သိခဲ့လေပြီ။

 
သူ၏ယခင်ဘဝ၌ ဒါကို အရမ်း နောက်ကျပြီးမှ သိခဲ့ရသည်။ ဒါပေမယ့် ဒီဘဝမှာနေတာ့  အရမ်း မမြန်လွန်း အရမ်းနောက်မကျလွန်းပဲ အနေတော် ဖြစ်ခဲ့သည်။

 
ဤအချက်ကို ပြန်လည်တွေးတော ဆင်ခြင်မိပြီး ရွှွယ်ဇီရွမ်သည် လူငယ်လေးရဲ့ လည်ပင်းကြားမှာ မျက်နှာကို နှစ်မြှုပ်ကာ ညင်သာစွာပြုံးလိုက်သည်။


**-**


Extra 1 _Chapter (11-4) - စန္ဒရားပြိုင်ပွဲ


ကျိုးယွင်ရှန့်သည် သူ၏နည်းစနစ်က အကောင်းဆုံးဖြစ်သည်ကို သိနေသည်။ တကယ်လု့ မင်းက သူ့ကို  ခွဲစိတ်ကုသမှုဆိုင်ရာ မှတ်တမ်းတင်ရိုက်ကူးထားတဲ့ ဗွီဒီယိုတစ်ခုပေးခဲ့ရင် သူ့ကို တစ်ချိန်တခုပေးပြီး ကြည့်ရှုစေပြီးနောက် သူ့ကို ခွဲစိတ်ခန်းထဲသို့ ချက်ချင်းထိုးထည့်လိုက်ပါက သူက ဗီဒီယိုထဲကအတိုင်း ခွဲစိတ်ကုသမှု  လုပ်ထုံးလုပ်နည်းကို အပြည့်အဝ ပုံတူပွားကာ လိုက်လုပ်နိုင်လိမ့်မည် ဖြစ်သည်။

 ဒါကြောင့် စန္ဒရားတီးတဲ့ အကြောင်းကတော့ စကားထဲ ထည့်ပြောဆိုရန်ပင် မလိုအပ်ခဲ့သည်။

"ဒါဆိုရင် ကျွန်တော်က  ယှဉ်ပြိုင်မှု အဆုံးထိ မလုပ်နိုင်ဘူးလို့ အကိုကြီးက ပြောလိုက်တာလား?"

သူက ဒီစကားလုံးကို ဖျစ်ညစ်ကာ ပြောလိုက်သည်။

ထွီ...ထွီ...ထွီ......ယှဉ်ပြိုင်မှု မစတင်ခင်က သူ့ကြင်ဖော်ရဲ့ စိတ်အားထက်သန်မှုကို ဘယ်လိုလိုလူမျိုးကများ ရိုက်ချိုးနိုင်တာလဲ....။ အေးလေ.. သူက ငါ့ ကြင်ဖော်မှ မဟုတ်ပဲ။ ငါတို့က အိပ်ယာထဲက အိပ်ဖော်အိပ်ဖက်သာသာပဲလေ....

 
မျက်နှာနီနီနှင့်အတူ လူငယ်လေးက ဒေါသကို မြိုသိပ်ပြီး  သူ့ကိုယ်သူဆုံးမနေသည်။

ရွှယ်ဇီရွမ်သည် နူတ်ခမ်းစူနေပြီး ဒေါပွနေသည့် လူငယ်လေး၏ပုံက အရမ်းချစ်စရာကောင်းကာ လက်သည်းထုတ်ကာ မာန်ဖီနေသည့် ကြောင်လေးနှင့်တူသည်ဟု ခံစားနေရသည်။

သူက  အရမ်းကိုချစ်ဖို့ကောင်းတယ်

ရွှယ်ဇီရွမ်က သူ့ကိုအကြိမ်ပေါင်းများစွာ နမ်းဖို့ရှေ့ကို တိုးမသွားပဲ မနေနိုင်တော့ပေ။
 
ထိုအချိန်တွင် တံခါးဝကနေ လူငယ်လေးကို   လှောင်ပြောင် သရော်သံကို ကြားရပြီး  ရှင်းပြလိုက်သံက ပေါ်လာသည်။
 
 
ဘာဖြစ်လို့လဲဆိုတော့ နင့်ရဲ့စန္ဒယားသံထဲမှာ စိတ်ခံစားချက် မပါလို့ပဲ။ အကိုကြီး က နင့်လက်ချောင်းကို ဒဏ်ရာရအောင် လုပ်မိတဲ့ နေ့က ပြောတာကို သတိရရဲ့လား။ နင် တီးလိုက်တဲ့ တေးဂီတသံက အသက်ဝိဉာဉ်ကင်းမဲ့နေတဲ့ အသေကောင်တွေ လမ်းလျှောက်လာသလိုပဲ... "

ကျိုးယွင်ရှန့်က လှမ်းမျှော်ကြည့်လိုက်သည့်အခါ ရွှယ်ကျင်းရီက တံခါးဝတွင်ရပ်နေသည်ကိုတွေ့လိုက်ရ သည်။ သူမ၏မျက်စိထဲမှာရန်ငြိုးတွေနဲ့ တောက်ပနေသည်။  သူမသည် သူမ၏အစ်ကိုကြီးနားမှာ တွယ်ကပ်နေသည့် ဟွမ်ရီ၏ပုံကို ဘယ်လိုမှ သည်းခံလို့မရနိုင်အောင်ဖြစ်နေသည်။

 
နင်တို့ဆက်ဆံရေးကို  လူသိရှင်ကြား မပြချင်ဘူး မလား။ ကောင်းပြီ... ဒါဆို နင့်ရဲ့အတိတ်က ခါးသီးလှတဲ့အမှတ်တရတွေကို ထုတ်ဖော်ဖို့ ငါ ကြိုးစားမယ်...

ဒီအရာတွေအားလုံးကို သူမရဲ့မျက်နှာပြင်ထက်မှာ အရှင်းသားပေါ်လွင်နေသည်။

ကျိုးယွင်ရှန့်က ရွှယ်ကျင်းရီနှင့်ပတ်သတ်ပြီး အားတစ်စက်မှ မဖြုန်းတီးချင်လို့ သူမ ပြောသည်ကိုကြားပေမယ့် မလှုပ်ရှားပဲ နေလိုက်သည်။
သူမက ရွှေလက်ချောင်းရှိနေလည်း ဘာဖြစ်လဲ။ သူမ လုပ်ချင်သလို လုပ်တာကို သူ ခွင့်ပြုနေမှာ မဟုတ်ပဲ။ ပြီးတော့ သူက အရင်လို villain system လွှမ်းမိုးချုပ်ကိုင်တာ ခံနေရတဲ့ ကျိုးယွင်ရှန့်မှ မဟုတ်တော့ပဲ။

 
 
ရွှယ်ဇီရွမ်က ရွှယ်ကျင်းရီ ပြောလိုက်သည့်အသံကို ကြားတော့ လူငယ်လေးကို သူ့လက်မောင်းကြား ဆွဲသွင်းကာ တင်းတင်းဖက်ထားပြိး နားရွက်နားတွင် တိုးကပ်ကာ ကိုယ် တောင်းပန်ပါတယ် ဆိုတဲ့ စကားကိုပဲ အထပ်ထပ်ပြောနေမိသည်။ ဒီတောင်းပန်စကားကလွဲပြီး သူ ဘာပြောရမှန်း မသိဖြစ်နေသည်။

ရှောင်ရီရဲ့လက်ချောင်းတွေကို နာကျင်အောင် လုပ်မိတဲ့
 ဒီမှတ်ဉာဏ်တစ်ခုက သူ့အရင်ဘဝထက်တောင် မခံနိုင်လောက်အောင် သူ့ကို နာကျင်စေခဲ့ရသည်။ အနည်းဆုံးတော့ အရင်ဘဝမှာ သူဟာ ဆယ်ကျော်သက်လေးကို ဘယ်တော့မှ မထိခိုက်စေ ခဲ့ဖူးဘူး။

သူသာ ဒီကို စောစော ပြန်လာနိုင်ရင် ဘယ်လောက်ကောင်းမလဲ။ အချိန်တွေကို ပြန်ပြောင်းနိုင်လျှင် ...သူချစ်တဲ့ကောင်လေးလက်ကို သူ နာကျင်စေမှာ မဟုတ်သလို ရက်စက်ကြမ်းတမ်းတဲ့ စကားတွေကို ပြောလိုက်မိမှာ မဟုတ်ဘူး။


ဖရိုဖရဲအတွေးများကိုနှိမ်နင်းကာ ရွှယ်ဇီရွမ်က အေးစက်စွာဖြင့် ပြောခဲ့သည်။

ရွှယ်ကျင်းရီ..မင်းပြောပြီးရင် ထွက်သွားလိုက်တော့...

သူမအပေါ် ရွှယ်ဇီရွမ်၏သည်းခံမှုသည် ပိုပို နိမ့်ကျလာခဲ့သည်။ ရွှယ်ဇီရွမ်က သူမအပေါ် ဆက်လက် လျစ်လျူမရှုနိုင်တော့ပေ။
 သူမကကို သူတို့နားကနေ ထာဝရပျောက်ကွယ် သွားစေချင်တော့သည်။

ရွယ်ကျင်းရီက သူမနှုတ်ခမ်းကို ကိုက်လိုက်ပြီး စိတ်မကောင်းဖြစ်မိသည်။

ကျွန်မက ဒီစကားလုံးတွေကို ပြောခဲ့တာ မဟုတ်ဘူး။ ဒါကိုပြောခဲ့တာက အကိုကြီးပဲလေ...


ပြင်းထန်သောရန်လိုမုန်းတီးမှုသည် ရွှယ်ဇီရွမ်၏ မျက်လုံးတွေကို အနက်ရောင်လုံးလုံး ဖုံးလွှမ်းသွားစေသည် သူ သတိမထားမိခဲ့ပေ။ သူက ရွှယ်ကျင်းရီကို ကြည့်လိုက်သည့် မျက်ဝန်းတွေက ဆွေမျိုးတစ်ယောက်ထက ်ရန်သူကို ကြည့်သည့် အကြည့်လိုဖြစ်လာခဲ့သည်။

 
သူ၏မုန်းတီးမှုဖြင့် ပြည့်နေသည့် မျက်ဝန်းဖြင့် အကြည့်ခံနေရသည့် အတွက် ရွှယ်ကျင်းရီ ၏နှလုံးသည် နာကျင်လာခဲ့ပေမယ့် သူမစိတ်ကို သူမ လိမ်လည်နေမိသည်။

 ဟင့်အင်း..အကိုကြီးက ငါ့ကို မမုန်းပါဘူး..


သူမသည် စန္ဒရားရှိရာသို တဖြည်းဖြည်း လျှောက်သွားပြီး အရူးမလေးလို ပြောလိုက်သည်။

" ညီမလေးက ဘာကြောင့်ထွက်သွားရမှာလဲ။ အကိုကြီး မမေ့နဲ့ဦးလေ။ ဒီ   ဒီစန္ဒရားက ညီမလေး ပိုင်တာပါ။ ညီမလေးရဲ့ဆယ်နှစ်ပြည့် မွေးနေ့မှာ အကိုကြီးပဲ ပေးခဲ့တယ် မဟုတ်လား။ ကြည့်လေ..ဒီမှာ ညီမလေးရဲ့ အင်္ဂလိပ် နာမည်ကို ထိုးထားတယ်... ဂျိုင်းတဲ့....  "

(Joy - ဂျိုင်း - ပျော်ရွှင်မှု)

သူမသည်ခရမ်းရောင်ခြယ်ထားသောလက်သည်းဖြင့်စန္ဒရားအဖုံးကို ပုတ်ကာ ပြောလိုက်သည်။

" အကိုကြီးက ပေးခဲ့တဲ့အတွက် ဒီဟာကို ညီမလေးပဲ ပိုင်တယ်လေ။ ဒါကြောင့် ညီမလေး လုပ်ချင်တာ လုပ်ခွင့်ရှိတယ် မဟုတ်လား အကိုကြီး  ။ အကိုကြီးက ပေးပြီးသား ပြန်ယူချင်တာလား.... ဒါ မဖြစ်နိုင်ဘူးနော်...   "

ရွှယ်ကျင်းရီက သူမ ရူးသွားပြီလို့ခံစားခဲ့ရတယ်။ တစ်ဖက်တွင် သူမက အကိုကြီးဆီက သနားမှုကိုရပြီး အကိုကြီးရဲ့ ရင်ခွင်ထဲ တိုးဝင်ဖက်ထားချင်ပေမယ့် တဖက်ကလည်း  သူမအစ်ကိုကြီး၏လက်မောင်းထဲက အဖက်ခံထားသည့် ဆယ်ကျော်သက်ကလေးကို အပိုင်းပိုင်း ခွဲ၍ သတ်ပစ်ချင်နေခဲ့သည်။ နောက်ဆုံးတော့ မုန်းတီးမှုက  အနိုင်ယူပြီးကြမ်းတမ်းတဲ့ စကားတွေ ဆက်လက်ပြောနေမိသည်။
 
ကျိုးယွမ်ရှန့်သည် ညစ်ပတ်နေသည့် အရာတစ်ခုခုနှင့်ထိမိသကဲ့သို့ သူ့လက်ချောင်းများကို ကီးဘုတ်မှပြန်လည်ရုပ်သိမ်းခဲ့သည်။ ရွှယ်ဇီရွမ်က ချာတိတ်လေးရဲ့ လက်ချောင်းတွေကို စက္ကူပုဝါနဲ့ သုတ်ပေးခဲ့တယ်။

အခုချိန်မှာ ကျိုးယွင်ရှန့်က သူမနဲ့ စကားနာထိုးနေဖို့ စိတ်မဝင်စားပေ။  နောက်ဆုံးတွင် သူသည် သူမနှင့်ရင်းရင်းနှီးနှီးဖြစ်သလို ဟန်ဆောင်မှု အားလုံးကို ဖယ်ချထားပြီးဖြစ်လို့  အချည်းနှီးသောစကားလုံးများပြောဆိုရန် မလိုအပ်တော့ပေ။

မင်းကို မင်းပေးခဲ့တာ ဆိုတော့ မင်း ဟာပါပဲ..."

ရွှယ်ဇီရွမ်က ရွှယ်ကျင်းရီနှင့်လည်း အငြင်းပွားရန် ရည်ရွယ်ချက်မရှိခဲ့ပါ။ သူက လူငယ်အား ဖက်ထား ကာ စန္ဒရားအခန်းမှ ထွက်သွားသည်။ သူက ယခုမှ စ၍ မည်သည့်အခါမျှ ထိုအရာကိုဘယ်တော့မျှ မထိတော့ဟု မိမိကိုယ်ကို တွေးနေမိသည်။

 
နောက်တဖန် ရွှယ်ကျင်းရီ၏ နာမည်ထွင်းထားသည့် စန္ဒယားကို သူ ဘယ်တော့မှ တီးတော့မည် မဟုတ်ပေ။

 
ထိုလူ နှစ်ယောက်ထွက်သွားပြီးနောက် ရွှယ်ကျင်းရီသည် စန္ဒရားအဖုံးပေါ်တွင် ကိုယ်ကို မှောက်ချကာ  အိပ်ရင်းစိတ်ပျက်အားလျော့စွာ ငိုကြွေးနေခဲ့သည်။ သူမသည် သူမ၏အစ်ကိုကြိးကို ပို၍ ဝေးကွာစွာအောင် မလုပ်ချင်ပေမယ့်  သူမသည် အတွင်းစိတ်ထဲရှိ မနာလိုသော စိတ်ဆိုးစိတ်မိုက်ကို  မထိန်းချုပ်နိုင်ခဲ့ပါ။

 
ရွှယ်ဇီရွမ် သည်လျင်မြန်စွာပင် ချာတိတ်လေးအတွက်  ထိုနေ့တွင်ပင် စန္ဒယားကိုဝယ်ယူခဲ့ပြီး ရွှမ်အိမ်တော်သို့ ပို့ခဲ့သည်။ ထို့အပြင် သူသည် ရွှယ်လွေ့ရဲ့ စာဖတ်ခန်းကို ဟွမ်ရီအတွက် စန္ဒရားအခန်း အဖြစ်သို့ပြောင်းလဲခဲ့သည်။

ကျိုးယွင်ရှန့်က ရွှယ်ဇီရွမ်သည်ကြမ်းပြင် ပေါ်မှာထိုင်ပြီး စန္ဒရားကို သူ့ဖာသာ အသံညှိနေသည် ကိုမြင်တွေ့ခဲ့ရပြီး ဘာပြောရမှန်းမသိဖြစ်နေသည်။

တကယ်တော့ သူဟာပြိုင်ပွဲမှာပါ ၀ င်ပြီးတဲ့နောက် စန္ဒရားကိုနောက်တစ်ဖန် မထိချင်တော့ပါဘူး။ ဒါကြောင့် စန္ဒရား ဝယ်ယူလိုက်လည်း သူ ဘာလုပ်ရမှာလဲ...

 သို့သော်သူသည် စန္ဒရားအဖုံးတွင် လက်ဖြင့် ထွင်းထားသော  " ဟွမ်ရီ" ဟူသော စကားလုံးများကို တွေ့တော့ အသာတို့ထိပြီး ပြုံးလိုက်သည်။

"ဒီစန္ဒရားဟာ ရွယ်ကျင်းရီရဲ့စန္ဒရားထက် ပိုမြင့်တဲ့အရည်အသွေးရှိ သလား"

သူကမေးစေ့ကို ဂုဏ်ယူစွာမြှင့်တင်ကာ မေးခဲ့သည်။

ရွှယ်ဇီရွမ်သည် ချာတိတ်လေးရဲ့အမူယာကိုတွေ့တော့ မပြုံးပဲ မနေနိုင်တော့ပေ။ ဒီရှောင်ရီလေးက ဘယ်လိုတောင် ချစ်စရာကောင်းရတာလဲ။ သူက ဒီလောက်ချစ်စရာကောင်းတာကို ဘာကြောင့် အစောကြီးက မသိခဲ့ရတာလဲ...

 
ရွှယ်ဇီရွမ်က သူ့ကိရိယာ တန်ဆာပလာတွေ ကိုချထားပြီး  ခိုင်မာစွာခေါင်းညိတ်ပြလိုက်သည်။

"သေချာတာပေါ့..ဒီဟာက ရွှယ်ကျင်းရီပိုင်တဲ့ စန္ဒရားထက် အများကြီး ပိုကောင်းတာပေါ့..."

ရွှယ်ဇီရွမ်က ချာတိတ်လေးကို မြတ်နိုးစွာကြည့်ကာ ပြောလိုက်တော့ ကျိုးယွင်ရှန့်ရဲ့ နူတ်ခမ်းထောင့်လေးက မသိမသာ ကော့တက်ကာ ကျေနပ်စွာပြုံးပြီးပြောလိုက်သည်။


"ဒါက ဒီလိုပဲဖြစ်ရမယ်လေ...."

**-**

Chapter (11-5) - စန္ဒရားပြိုင်ပွဲ



သုံးရက်အကြာတွင် ရွှယ်လီဒန်နီက ရွှယ်ကျင်းရီးအား ဗီယင်နာသို့ခေါ်ဆောင်သွားသည်။ ရွှယ်ဇီရွမ်သည်သူတို့နှင့်အတူ မသွားလိုသောကြောင့် သူတို့၏ထွက်ခွာသည့်ရက်ကို တမင်သက်သက် နောက်ကျရန် ရည်ရွယ်ထားခဲ့သည်။

ပြိုင်ပွဲကို Golden Hall တွင်ကျင်းပခဲ့သည်။ ဖိတ်ကြားသည့် အကဲဖြတ်သမားအားလုံးက  ကမ္ဘာ့အဆင့်မီစန္ဒရားကျွမ်းကျင်သူများဖြစ်ကြသည်။ အရေးကြီးဆုံးမှာ သဘာဝကျကျပင် ရွှယ်ဇီရွမ် လည်း ထိုအထဲတွင် ပါဝင်သည်။   ထို့ကြောင့် ရွှယ်ဇီရွမ်နှင့်ဆက်နွယ်သောပြိုင်ပွဲဝင်နှစ် ဦး သည်လည်း လူအများ၏ အာရုံစိုက်မှုကို ရရှိခဲ့သည်။

ဂီတအသိုင်းအဝိုင်း (သို့) မီဒီယာမှလူများသည် ရွှယ်ကျင်းရီနှင့်ရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်ကာ သူမတွင် ဂီတနှင့်ပတ်သတ်သည့် အောင်မြင်မှုများစွာရှိသည်ကို သိကြသည်။ သူမသည် ဂီတသမားများအကြားတွင် အလယ်လတ်အဆင့်ထက်ပိုသာသည်။

ဟွမ်ရီက ဘယ်သူဆိုတာနှင့် သူ့အဆင့်က ဘယ်လောက်ဆိုတာ  မည်သူတစ် ဦး တစ်ယောက်ကမျှ မသိခဲ့ပါ။

 မိမိတို့ နေရမယ့် နေရာနှင့်  ပတ်ဝန်းကျင်များအတွက် ရွှယ်ဇီရွမ်ရဲ့လိုအပ်ချက်က အရမ်းများသည်။  သူဟာ ပြိုင်ပွဲစီစဉ်သူ စီစဉ်ပေးတဲ့ ဟိုတယ်ကို သိပ်သဘော မကျဘူး။ လေယာဉ်ပေါ်မှ ဆင်းပြီးနောက် သူသည် သူကြိုတင်ဘွတ်ကင်လုပ်သည့် ဟိုတယ်သို့ တိုက်ရိုက် သွားပြီး စန္ဒရားတစ်လုံးပါဝင်သည့် အဆင့်အမြင့်ဆုံး အခန်းစုံထဲကို ဝင်ခဲ့သည်။

 " ပြိုင်ပွဲမစခင် စန္ဒယားကိုလေ့ကျင့်ပါ။ ဂီတနဲ့ပတ်သတ်တဲ့ ခံစားမှု ရှာတွေ့ဖို့ကြိုးစားပါ။ "

သူက ခရီးဆောင်သေတ္တာကိုဖွင့်ပြီး သူတို့ရဲ့ အဝတ်အစားတွေကို ချိတ်ဆွဲရင်း ပြောလိုက် သည်။

 " ပထမဆုံး ကျွန်တော့်ကို ခဏလောက် အနားပေးပြီး ကျွန်တော့်ဖိနပ်ကိုချွတ်ပေးဖို့ ကူညီပေးပါဦး "

ကျိုးယွင်ရှန့်သည်အိပ်ရာပေါ်မှာ လဲလျောင်း အိပ်နေပြီးခြေထောက်ကို ပွင့်နေသော ခရီးဆောင် သေတ္တာပေါ်တင်လိုက်ပြီး ခေါင်းမာစွာပင် ပြောလိုက် သည်။

 
ဖိနပ်က အမှုန်တချို့က  အိတ်ထဲသို့ကျသွားသည်။ အကယ်၍  အခြားသူတစ် ဦး က ဒီလိုပြုလုပ်ရင်  သန့်ရှင်းစင်ကြယ်မှုကို အလေးအနက်ထားသူ ရွှယ်ဇီရွမ်သည် ထိုသူ၏ခြေထောက်များကို ဖြတ်တောက်ပစ်နိုင်သည်။ သို့သော် အခုက သူ့ရဲ့ဘေဘီဖြစ်နေသည်။ ဒါကြောင့် သူက ကူကယ်ရာမဲ့စွာ ပြုံးလိုက်ပြီး ဖိနပ်ချွတ်ပေးရင်း ပြောလိုက်သည်။

 
"အကြို ပွဲစဉ်တွေမှာ  မင်း သံစဉ်တီးမယ်ဆိုတာ  စဉ်းစားပြီးပြီလား။ "

ရွှယ်ဇီရွမ်က ကကောင်လေးရဲ့ဖိနပ်ကိုချွတ်ပြီး သူ့အဝတ်တွေကိုချွတ်ပေးပြီး စောင်ဖြင့် ကိုယ်လေးကို လွှမ်းခြုံပေးလိုက်သည်။  ထို့နောက် သူသည်ကောင်လေး ၏နွေးနေသောနှာခေါင်းလေးကို နမ်းခဲ့သည်။

ကျိုးယွင်ရှန့်သည်နှုတ်ခမ်းကိုစူလိုက်ပြီး ပြန်နမ်းလိုက်သည်။ ပြီးတော့ မထူးခြားစွာဖြင့်ပြော လိုက်သည်။

 "ကျွန်တော် စဉ်းစားပြီးပြီ။ Chopin ရဲ့   A major "Military" ကို တီးမယ်"

ထိုသံစဉ်သည် ပိုလန်အမျိုးသားတော်လှန်ရေး အကြောင်းနှင့် သူရဲကောင်းတွေရဲ့ ရုန်းကန်မှုကို   Chopin က ချီကျူးရေးဖွဲ့ထားသည့်  ဂီတသံစဉ်ဖြစ်ပြီး   သူ၏အမျိုးသားရေးစိတ်ဓာတ်ကို အထင်အရှားဖော်ပြ ပေးနိုင်သောအရာများထဲ မှ တစ်ခုဖြစ်သည်။ ဂီတသံစဉ် တစ်ခုလုံးဟာ အထင်ကြီးစရာကောင်းပြီး အမူယာ ခမ်းနားထည်ဝါမှု၊နှင့် စိတ်ခံစားချက် 100 % ပါဝင်နေဖို့ လိုအပ်သည်။

ရွှယ်ဇီရွမ် ကစဉ်းစားလိုက်ပြီး မျက်မှောင်ကြုတ်ကာသတိကြီးစွာဖြင့် သတိပေးခဲ့သည်။

"မင်း ဒီသံစဉ်ကို မရွေးသင့်ဘူးလို့ ကိုယ် ထင်တယ်။ မင်းရဲ့ စန္ဒရားသံတွေထဲမှာ စိတ်ခံစားချက် ကင်းမဲ့နေတယ်။  မင်း ဒီတီးလုံးကို တီးတဲ့အခါ Chopin ဖော်ပြချင်တဲ့ မျိုးချစ်စိတ်နဲ့ စိတ်အားထက်သန်မှုကို ထုတ်ဖော်မပြသနိုင်မှာကို ကိုယ်စိုးရိမ်တယ်   "

"ဒါဆိုရင် ကျွန်တော် ဘာသံစဉ်တီးသင့်တယ်လို့ ထင်သလဲ"

ကျိုးယွင်ရှန့်က အိပ်ချင်မူးတူးဖြစ်လာလို့ အသံက နည်းနည်း ဝါးတားတားဖြစ်နေသည်။

 
"စိတ်ခံစားချက်ထည့်ရတဲ့ သံစဉ်ထက် ကွျွမ်းကျင်မှုကို ပိုမိုပြသနိုင်တဲ့ သံစဉ်ကို တီးသင့်တယ်။ ဒါဆိုရင် ဒိုင်လူကြီးတွေက မင်းရဲ့ကျွမ်းကျင်မှုကို အထင်ကြီး စိတ်လှုပ်ရှားသွားစေမယ့် ခက်ခဲတဲ့ အပိုင်းတွေကို ရွေးချယ်နိုင်တယ်။ ရှောင်ရီ..မင်း ငါ့စကားကိုနားထောင်နေ ရဲ့လား"

အဆိုပါ ဆယ်ကျော်သက်ကောင်လေးက ခပ်တိုးတိုးလေး ဟောက်နေလို့ ရွှယ်ဇီရွမ်က မနေနိုင်တော့ပဲ ကောင်လေးရဲ့ပါးပြင်လေးကို အသာဆွဲညစ်လိုက်ည်။
 
"ကျွန်တော် သိပြီ။ အရမ်း အိပ်ချင်နေလို့ မနှောက်ယှက်ပါနဲ့တော့..   "

ကျိုးယွင်ရှန့်က ပြောလိုက်ပြီး ခေါင်းကိုစောင်နဲ့ခြုံ လိုက်သည်။

ရွှယ်ဇီရွမ် ကစောင်ကိုဖွင့်ပြီးပြုံးလိုက်တယ်။

"ငါက မင်းကို တမင်တကာနှောင့်အယှက်မဟုတ်ပါဘူး။ မနက်ဖြန်ပြိုင်ပွဲရောက်ပြီ။ ဒိုင်တွေနဲ့ အခြားပြိုင်ပွဲဝင်တွေ အကြောင်းကို လေ့လာဖို့လိုတယ်။  ကိုယ့် အကြံပြုချက်က မင်း   အကျိုးအတွက်ပဲ။  လူငယ် ပြိုင်ပွဲဝင်တွေကို အကဲဖြတ်မယ့် ဒိုင်လူကြီးတွေထဲက   Olsen က ငါ့ရဲ့ဆရာပဲ။ သူက ဂီတကို နားနဲ့ မဟုတ်ဘဲ စိတ်ဝိညာဉ်နဲ့ နားထောင်ပြီး တီးတတ်တာကို  တန်ဖိုးထားတယ်။ မင်းရဲ့တီးခတ်တဲ့ စတိုင်ကို သူ သဘောမကျမှာကို ငါစိုးရိမ်မိတယ်။ မင်းရဲ့ အခြေနေေပေါ်မူတည်ပြီး ပြိုင်ပွဲစင်မြင့်ပေါ်မှာ အခက်ခဲ ၂ ခုရင်ဆိုင်ရနိုင်တယ်။   မင်းရဲ့တီးခတ်မှုနည်းစနစ်က အရမ်းကို ပြည့်စုံပြီး  ကောင်းလွန်းလို့ အမှတ်ပြည့်ရနိုင်သလို ခံစားချက်ကင်းမဲ့တဲ့အတွက် သုညလည်း ရနိုင်တယ်။    ဒီဟာနောက်လာမယ့်ပွဲ အတွက် အရမ်းအားနည်းသွားနိုင်တယ်။"

" မင်းနားထောင်နေတာလား။ မင်း ပထမ နေရာရချင်သေးရဲ့လား  ? ရှောင်ရီ? ကြက်ပေါက်လေး?"

ရွှယ်ဇီရွမ် သည် လူငယ်လေး၏ဖြူဖွေးနူးညံ့သည့်  ပါးပင်ကို ညင်သာစွာ ပွတ်သပ်ကြည့်တော့  သူ အိပ်ပျော်နေသည်ကိုတွေ့လိုက်ရသည်။ ရွှယ်ဇီရွမ်က ခေါင်းကိုခါလိုက်ပြီး ရယ်နေလိုက်သည်။

 ပြိုင်ပွဲကိုအချိန်ဇယားအတိုင်း ကျင်းပခဲ့သည်။

ကျိုးယွင်ရှန့်နှင့် ရွှယ်ကျင်းရီတို့သည် နံပါတ် 23 နှင့် 18 အသီးသီးရခဲ့ပြီး ပြိုင်ပွဲ အလယ်လောက်တင် ကျရောက်သည်။
 
ရက်အနည်းငယ်ကွဲကွာပြီးနောက် ရွှယ်ကျင်းရီသည် ပို၍ အားတက် လာသည်။ သူမ၏ဖြူဖပ်ဖြူရောနှင့် နေမကောင်းသည့်ပါးပြင်များကို ပါးနီအနည်းငယ် လိမ်းခြယ်ထားသဖြင့် ကျန်းမာသူနှင့် မခြားနားတော့ပေ။

 သူမသည် မိမိကိုယ်ကိုထောင့်တစ်နေရာတွင် ထိုင်နေပြီး  မည်သူ့ကိုမျှအဆက်အသွယ်မလုပ်ဘဲ တိတ်တဆိတ်သီချင်းတစ်ပုဒ်ကို အလွတ်ကျက် မှတ်နေသည်။

ကျိုးယွင်ရှန့်သည်အေးအေးဆေးဆေးလမ်းလျှောက်သွားပြီး အပြုံးဖြင့်သူမကိုနှုတ်ဆက်လိုက်သည်။

 " ရွှယ်ကျင်းရီ..မင်းကို မတွေ့ရတာ ကြာနေပြီနော်။ မင်း ဘယ်မှာနေနေတာလဲ... ?"

ရွှယ်ကျင်းရီက ခေါင်းကိုမြှောက်လိုက်ပြီး အေးစက်က်စွာ ကြည့်ခဲ့သည်။  

"မင်း ဘာတီးမလဲ။ "

"နင် ကရော...?"

ရွှယ်ကျင်းရီက သူ့ အားမေးခွန်းတစ်ခုပြန်မေးသည်။

" Chopin ရဲ့   A major "Military"  "

"နင် ကံကောင်းပါစေ"

သူမ လိုချင်သည့်အဖြေကိုရရှိပြီးနောက် ရွှယ်ကျင်းရီက သူမရဲ့စိုးရိမ်စိတ်ကို လျှော့ချခဲ့သည်။ ပြီးတော့ သူမ တီးမည့် ဂီတနူတ်ကို ဆက်လက် ရွတ်ဖတ်နေသည်။

ကျိုးယွင်ရှန့်က မျက်ခုံးပင့်ပြပြီးပျော်ရွှင်စွာပြုံးပြ လိုက်သည်။ ဟွမ်ရီကို သတ်ရန်လုပ်ထားပြီးဖြစ်လို့ ဟွမ်ရီ ဘာလုပ်လုပ် ရွှယ်ကျင်းရီက  သိပ်စိတ်မဝင်စားတော့ဘူး။ သူမသည် သူ့ကို လူသေအဖြစ်သာ ဆက်ဆံနေပုံရသည်။

" မင်းလည်း ကံကောင်းပါစေ။ "

သူက အနည်းငယ်ခေါင်းညိတ်လိုက်ပြီး ထွက်ခွာသွားတယ်။

သူက ရွှယ်ကျင်းရီက သူ့ကို ဂရုမစိုက်တော့ဘူး လို့ထင်ခဲ့ပေမယ့် သူမ ရုတ်တရက် သူ့ကို လှမ်းပြောလိုက်သည်။

" ငါ ကံကောင်းပြီးသားလေ...  ချန်ပီယံဆုက ငါ့အပိုင်ပဲ "



**-**



FOD Extra 1_ Chapter (11-6) _ စန္ဒယားပြိုင်ပွဲ


"နင် ချန်ပီယံဆု ရချင်လား"

ကျိုးယွင်ရှန့်က ရွှယ်ကျင်းရီ၏မေးခွန်းကြောင့် နောက်ကို လှည့်ကြည့်ပြီးဒေါသတကြီးနဲ့ ပြောလိုက်သည်။

"နဂိုက ငါက အပျော်သဘောသက်သက်ပဲ ဝင်ပြိုင်တာ။ ငါ ချန်ပီယံဖြစ်နိုင်မလား၊ မဖြစ်နိုင်ဘူးလားဆိုတာ အရေးမပါဘူးလား။ ဒါပေမယ့် မင်းက ဒီဖလားကို အရမ်း လိုချင်နေတာကြောင့်  ငါ ဒီချန်ပီယံဆုကို ရအောင်ယူမယ်။   မင်း ငါ့ဆီကအရာတွေကို လုယူနေတာကို ငါ တကယ်မကြိုက်ဘူး။ "

" မင်းပစ္စည်းတွေကို  လုယူတာလို့ ဘယ်သူ့ကိုပြောနေတာလဲ"

ရွှယ်ကျင်းရီက နောက်ဆုံးတော့ သူမကိုယ်ကို မထိန်းနိုင်တော့ပေ။  သူမသည် ကျိုးယွင်ရှန့်၏လက်မောင်းနှင့်ဖမ်းဆုပ်ကာ အသံနိမ့်ဖြင့် မုန်းတီးစွာပြောလိုက်သည်။
 "နင်က သူခိုးပဲ! နင်က ငါ့မိသားစုကို ခိုးတယ်၊ ငါ့ ချစ်သူကိုလုယက်တယ်။ နင်ကမှ သူခိုး! "

"မင်းရဲ့ချစ်သူလား? မင်းရဲ့ချစ်သူက ဘယ်သူလဲ။ ရွှယ်ဇီရွမ်လား? သူကရော ဒီလိုပြောခဲ့တာလား။ ငါတို့ သူ့ဆီကို သွားပြီး သူ ချစ်နေတာ ဘယ်သူလဲဆိုတာအတိအကျမေးရင်ကော ဘယ်လိုလဲ။ "

ကျိုးယွမ်ရှန့်က သူမနားကိုမှီပြီး ပြုံးပြုံးရွှင်ရွှင်နဲ့စကားပြောလိုက်တယ်။

ရွယ်ကျင်းရီ၏မျက်လုံးများဆီသို့ သွေးများဆန်တက်သွားသလို နီရဲလာပြီး သူမ၏မျက်နှာသည်ဖျော့တော့သွားသည်။ အသက်ပြင်းပြင်းရှူလိုက်ကာ သူမ သတိမလစ်သွားအောင် ကာကွယ်လိုက်သည်။

ပြိုင်ပွဲက အခုမှပဲစခဲ့တယ်။ ကျိုးယွင်ရှန့်က သူမကို ဒီအတိုင်း သေခွင့်မပြုနိုင်ဘူး။ ရင်းနှီးသော လှုပ်ရှားမှုများဖြင့် သူမက သူမနှင့်အတူသူသယ်ဆောင်လာသော အိတ်ငယ်ကိုဖွင့်လိုက်သည်၊ ဆေးလုံးကို ထုတ်လိုက်ပြီး သူမလျှာအောက်တွင်ဖိကာ ငုံလိုက်သည်။

" ဆက်ပြီး အသက်ရှင်ပါ။ "

သူက သူမအားပါးပြင်ပေါ်တွင် လက်နှင့် အသာပုတ်ကာ ပြောပြီးနောက် ထွက်သွားသည်။ သူသည် လူမရှိသည့်   ထောင့်တစ်နေရာသို့ရောက်လာပြီး ကိုယ့်ဖာသာ မချင့်မရဲပြောလိုက်မိသည်။

"ထွီ.... မင်းက မိန်းကလေးတစ်ယောက်ကို တကယ် မနာလိုဖြစ်နေခဲ့တယ်ပေါ့.. နိုးထပါတော့ "
ထိုစကားသည်သူ့နှုတ်ခမ်းမှကျလာပြီး နံရံမှပဲ့တင်ထပ်သွားသည်။

"မင်း ဘာလို့မနာလိုဖြစ် နေတာလဲ"

ရွှယ်ဇီရွမ် ကတံခါးဖွင့်လိုက်တာနဲ့ဆယ်ကျော်သက်လေးက နံရံမှာစကားပြောတာကိုတွေ့တော့ သူပြုံးလိုက်တယ်။

"ဘာမှ မဟုတ်ပါဘူး။"

ကျိုးယွင်ရှန့်၏ပါးပြင်များနီမြန်းလာပြီး သူ၏မျက်လုံးများကို မှေးစင်းလိုက်သည်။

ရွှယ်ဇီရွမ် သည်ဆယ်ကျော်သက်၏မျက်လုံးများက သူ့ကို ရှောင်လွှဲရန်ကြိုးစားသည့်ပုံစံကို ချစ်စနိုးဖြင့်ကြည့်ကာ   လူငယ်လေးကို သူ့ရင်ခွင်ထဲသို့ခေါ်ဆောင်လာပြီး ကောင်လေးအား အဆက်မပြတ်နမ်းလိုက်သည်။

ရွှယ်ဇီရွမ် ည်လူငယ်ပြိုင်ဘက်များကြား အသိအမှတ်ပြုထားသော idol တစ်ယောက်ဖြစ်ကြောင်း သံသယဖြစ်စရာမလိုပါ။ သူတို့သူ့ကို တွေ့တဲ့အခါ လူအများက ဝိုင်းကြည့်ကြ၊ လက်ညှိုးဖြင့် မသိမသာညွှန်ပြကာ တိုးတိုးပြောကြတယ်၊ အထူးသဖြင့် သူက ချာတိတ်လေးရဲ့ ပါးပြင်၊ နဖူး၊ နှာခေါင်းနဲ့လည်ပင်းမှာ နမ်းတဲ့အခါမှာ လူအတော်များများဟာ ဒီမြင်ကွင်းကို မျက်ကွယ်မပြု မအောင့်နိုင်ခဲ့ကြဘူး။

"အစ်ကိုကြီး..ညီမလေး နည်းနည်းနေမကောင်းဖြစ်နေလို့ အကိုကြီး ကျွန်မကို အဖော်ပြုပြီး   ဧည့်ခန်းကို ခဏခေါ်သွားပေးလို့ရမလား"

ရွှယ်ကျင်းရီက သူမရင်ဘတ်ကိုဆုပ်ကိုင်ရင်းရှေ့ကို တစ်လှမ်းတိုးကာ သနားစဖွယ်ပြောလိုက်တယ်။ သူမ၏အစ်ကိုက သူမအား ရောဂါကြောင့် သူမကို မည်မျှပင်ငြင်းပယ်ခဲ့သော်လည်း သူမက သူ့အနားကိုချဉ်းကပ်လာသည်ကို မတားနိုင်ခဲ့ပေ။

" နိုး..."
 ရွှယ်ဇီရွမ် သည်ရိုးရှင်းစွာငြင်းဆိုခဲ့သည်။

ထို့နောက် သူက ကောင်လေးကိုပွေ့ချီလိုက်ပြီးထွက်သွားလိုက်စဉ် ရွှယ်ကျင်းရီ၏အနောက်မှ ကပ်လျက်ပါလာသည့်  Xue   အနီးအနားရှိ အခြားပြိုင်ဘက်များက သူမကို လှောင်ပြောင်သရော်ကြသည်။

ပြိုင်ဘက်များက တယောက်စီ နံပါတ်အလိုက် ပြိုင်လာကြပြီး မကြာမီနံပါတ် ၁၈ သို့ရောက်ရှိခဲ့သည်။

ကျိုးယွင်ရှန့်သည် ရွှယ်ဇီရွမ်၏ဧည့်ခန်းမှထွက်ခွာလာပြီး ရွှယ်ကျင်းရီပြိုင်သည်ကို  ကြည့်ရှုရန်ကုလားကာနောက်၌ ရပ်နေခဲ့သည်။

ရွှယ်ကျင်းရီသည်အလွန်တည်ငြိမ်ပြီး ပရိသတ်နှင့် ဒိုင်လူကြီးများကို ဦး ညွှတ်ပြီးနောက် စတင် တီးခတ်ခဲ့သည်။ သူမ ရွေးချယ်ထားသော သံစဉ်သည် "Despair"  ဆိုသည့် တီးလုံးသံစဉ်ဖြစ်ပြီး ဒီသံစဉ်ကို လွန်ခဲ့သောရာစုနှစ်ကက Bordeaux မှ စန္ဒရားဆရာတစ် ဦး ဖန်တီးခဲ့သည့် လက်ရာဖြစ်ပြီး ပြင်းထန်သော စိတ်ပိုင်းဆိုင် ရုန်းကန်မှုကို ဖော်ကျူးထားသည့်အပြင်  ခက်ခဲသော တီးခတ်ဟန်နည်းစနစ်များကြောင့် နာမည်ကြီးခဲ့သည်။

သူမ တီခတ်မှုက အလွန်ကောင်းမွန်သည်၊ သူမ၏ယခင်အဆင့်ထက်များစွာတိုးလက်လာခဲ့သည်။ ပရိသတ်က လှိုက်လှိုက်လှဲလှဲလက်ခုပ်တီးပြီး ဒိုင်လူကြီးများက အမှတ်များဆက်တိုက်ပေးခဲ့သည်။ တွက်ချက်မှုအချို့အပြီးတွင်သူမသည် ယခုယှဉ်ပြိုင်ခဲ့သည့်ပြိုင်ဘက်များထဲမှ ပထမနေရာတွင်ရပ်တည်ခဲ့ပြီး ဆီမီးဖိုင်နယ်တွင်သူမ၏နေရာကို အခိုင်အမာရရှိခဲ့သည်။

သူမဟာ စင်ပေါ်ကဆင်းပြီး ဆယ်ကျော်သက်လေးနားကနေ ကျော်ဖြတ်တဲ့အခါ သူမက ရပ်သွားပြီးတိုးတိုးလေးပြောခဲ့တယ်။

"စင်တာက ဒိုင်လူကြီးက ဘယ်သူလဲဆိုတာ နင် သိလား။ အဲဒါက ငါ့အစ်ကိုရဲ့အကြံပေးပုဂ္ဂိုလ် Olsen ဖြစ်ပြီး သူက [ဂီတ]လောကမှာ နာမည်ပြောင်ရှိတယ်။ "

"နာမည်ပြောင်က ဘယ်လိုခေါ်လဲ"

ကျိုးယွင်ရှန့်သည် Olsen ဟူသောနာမည်ကိုရင်းနှီးသည်ဟုထင်ပြီး မျက်ခုံးပင့်ကာ မေးလိုက်သည်။

"စိတ်ဝိညာဉ်ဆရာကြီး"

ရွှယ်ကျင်းရီသည်သူမ၏ရင်ဘတ်၌ချိတ်ဆွဲထားသော ပန်းပွင့်များကို ဖယ်ထုတ်လိုက်ပြီးဖြည်းဖြည်းချင်း  ရှင်းပြလိုက်သည်။

" သူ့ရဲ့စန္ဒရားသံတွေက လူတွေရဲ့ နှလုံးကိုခုန်စေတဲ့ စွမ်းအားနှင့်ပြည့်နှက်နေပြီး ကမ္ဘာတစ်ဝှမ်းလုံးက ဂီတမြတ်နိုးသူတွေရဲ့  စိတ်နှလုံးကို အသံနဲ့ လှုပ်ခတ်စေတဲ့ ဂီတသမားလို့ ချီးကျူးခံခဲ့ရတယ်။ သူက နုနုလှလှ ကြွကြွရွရွ တီးခတ်ဟန်  နည်းစနစ်ထက် စိတ်ခံစားမှုကိုအခြေခံတဲ့တီးဟန်ကို ပိုသဘောကျတယ်။ အစ်ကိုကြီးက သူ့ရဲ့ တစ် ဦး တည်းသောတပည့်ဖြစ်ပြီး သူအပေါ်ကို အရမ်း သြဇာလွှမ်းမိုးတယ်။ ဒါကြောင့် အစ်ကိုကြီးက မင်းရဲ့စန္ဒရားရဲ့တီးသံကို နားထောင်ပြီး မင်းရဲ့လက်ချောင်းတွေကို ရိုက်ချိုးလိုက်တာဖြစ်တယ်။ Olsen သာဖြစ်ခဲ့ရင် သူက မင်းကို စင်မြင့်ပေါ်ကနေ နှင်ထုတ်ပြီး မင်းတစ်သက်လုံး စန္ဒယားမတီးနိုင်အောင် လုပ်လိုက်လိမ့်မယ်။ ဒါကြောင့်  နင် ကံကောင်းပါစေ! "

သူမ စကားမဆုံးခင်မှာ ကျိုးယွင်ရှန့်က လှည့်ထွက်သွားနေပြီ။

ကျိုးယွင်ရှန့်က ရွှယ်ကျင်းရီ ပြောတာကို ကန့်ကွက်သောအားဖြင့်နှုတ်ခမ်းကို တွန့်ကွေးလိုက်သည်။

နောက်ထပ်ပြိုင်ဘက်အနည်းငယ်က ရွှယ်ကျင်းရီကိုမကျော်ဖြတ်နိုင်ခဲ့ဘူး။ နောက်ဆုံးတွင်နံပါတ်နှစ်ဆယ့်သုံး အလှည့်ရောက်လာခဲ့သည်။

ကျိုးယွင်ရှန့်သည်စင်မြင့်ပေါ်သို့တက်သွားပြီး ပရိသတ်ကို ဦး ညွှတ်လိုက်သည်။ သူက ကိုယ်ကို မတ်လိုက်ပြီး အကဲဖြတ်ဒိုင်ကို အမြန် ကြည့်လိုက်သည်။  အဓိကအာရုံစိုက်သူက နာမည်ကျော် Olsen Jerome ဖြစ်ပြီး ထိုလူက မုတ်ဆိတ်မွေးကြီးနှင့် သူ၏မျက်နှာအမွေးအမှင်များသည်အလွန်တရာမှထူပြောလှသည်၊ သူ၏မျက်နှာသွင်ပြင်များ လုံးဝနီးပါး ဖုံးကွယ်ထားပြီး သူ့ပုံကို မှေးမှိန်သွားစေသော်လည်း သူ၏ကြမ်းတမ်းပြီးထက်မြက်သော မီးခိုးပြာရောင်မျက်လုံးများက ကြောက်စရာကောင်းလောက်အောင် တောက်ပနေသည်။

ကျိုးယွင်ရှန့်က ဟိုအဝေးကိုမြန်မြန်ကြည့်ဖို့၊ စီစဉ်ကြည့်လိုက်သည်။ ရွှယ်ဇီရွမ် က မုတ်ဆိတ်ကြီးနှင့်လူ၏နောက်တွင်ထိုင်နေ ခဲ့၍ ကျိုးယွင်ရှန့်ကိုလက်မထောင်ကာ အားပေး ခဲ့လို့ ကျိုးယွင်ရှန့်က ချက်ချင်းပြုံးလိုက်သည်။ သူ့ရဲ့မက်မွန်ပွင့်မျက်လုံးများသည်မီးေရောင်အောက်တွင် ပိုထင်ရှားလို့နေသည်။

*-*


FOD Extra 1_ Chapter (11-7) _  စန္ဒယားပြိုင်ပွဲ


Olsen သည်တစ်ကြိမ်နှာမှုတ်သည်။ ဦး ခေါင်းကိုလှည့်မကြည့်ဘဲသူက သူ့အနောက်က တပည့်ကို ပြောလိုက်သည်။

" ဒါကမင်းရဲ့ကြက်ပေါက်စလေးလား။ သူက ဘယ်လောက်ကောင်းနေလို့လဲ။ ဒါဟာ ပြိုင်ပွဲစည်းမျဉ်းတွေကိုချိုးဖောက်ရင်တောင် မင်း သူ့အတွက်ကို ဖိတ်စာရအောင် လုပ်ပေးနေတုန်းဘဲ။ ဒါက ငါသိတဲ့ မျှတပြီးဘက်မလိုက်တဲ့ Seanကော ဟုတ်ရဲ့လား။ "

  Sean ကတော့ ရွှယ်ဇီရွမ် ရဲ့အင်္ဂလိပ်နာမည်ဖြစ်သည်။

ရွှယ်ဇီရွမ် ၏လေသံသည်အလွန်တရာငြိမ်သက်သွားသည် -

" ဆရာ၊ သူ တီးခတ်တာကို နားထောင်ပြီးမှ သူ ဘယ်လောက်ကောင်းလဲဆိုတာ ဆရာ သိလာလိမ့်မယ်။ "

ဒါက Olsen နောက်မှာ ဘာ့ကြောင့် ရွှေ့ထိုင်ရသလဲဆိုတဲ့အကြောင်းအရင်းဘဲ။

သူတို့စကားပြောနေချိန်၊ ဖျော်ဖြေပွဲက စခဲ့တယ်။ ဆယ်ကျော်သက်လူငယ်လေး ရွေးချယ်ခဲ့သောသီချင်း" Army Polonez" သည်ဖျော်ဖြေတင်ဆက်မှုကို လူ စိတ် ၀ င်စားရန်လုပ်ဖို့ လိုအပ်သောသီချင်းဖြစ်သည်။

လူငယ်၏လက်များသည် ခလုတ်များပေါ်တွင် ပံျဝဲနေသလို အသာယာဖြတ်ကျော်တီးခတ်လိုက်ပြီး  မှတ်စုတိုင်းကို အစအဆုံးအမှားမပါဘဲ တိကျမှန်ကန်စွာ တီးခတ်ပြသွားခဲ့သည်။

ပွဲအပြီးတွင်ပရိသတ်များက လက်ခုပ်သံများဖြင့်တုံ့ပြန်ခဲ့ကြသည်။ သူတို့အတွက် ဆယ်ကျော်သက်ရဲ့ တီးခတ်ပုံကပြီးပြည့်စုံခဲ့တယ်။

ဒိုင်လူကြီးများသည်ခဏစဉ်းစားပြီး သူတို့၏ ပေးအပ်သည့် အမှတ်များကို တစ်ခုချင်းစီချရေးလိုက်သော်လည်း Olsen ၏မျက်လုံးများသည် ပန်းကန်ပြားထက် ပြူးဝိုင်းကာ သူအရမ်းဒေါသထွက်သွားတယ်။ ဟုတ်တယ်၊ ကောင်လေးရဲ့ဖျော်ဖြေမှုက တကယ်ပြီးပြည့်စုံတယ်၊ ဒါပေမယ့် အဲဒါကအရမ်းပြီးပြည့်စုံတာကြောင့် Olsen ကဒေါသထွက်နေတာ ဖြစ်တယ်။

ကောင်လေး၏စန္ဒယားသံသည်သူ့အသက်ကိုဆုံးရှုံးသွားစေလောက်သော တန်ဖိုးကြီး ရတနာနှင့် တူသည်။ မည်မျှပင်ခမ်းနားထည်ဝါလှသည့် နည်းလမ်းဖြင့် တီးခတ်ပါစေ... အပြင်ပန်း၏ နည်းစနစ်ကျွမ်းကျင်မှုက အတွင်းပိုင်းက စိတ်ခံစားချက် ဗလာဖြစ်မှုကို မဖုံးကွယ်နိုင်ခဲ့ပါ။ ဒါဟာ ဂီတအပေါ်စော်ကားမှုဖြစ်ခဲ့ပြီး ဖျော်ဖြေရေးလောကတွင် အထူးခြားဆုံးဆုံးရှုံးမှုဖြစ်ခဲ့သည်။ ကောင်လေးက ဘယ်လိုခံစားချက်မှ မရှိတာ ဘယ်လိုလုပ်မလဲ။ ကောင်လေးက စိတ်ခံစားချက်နည်းနည်းလေးပဲ ရင်းနှီးမြှုပ်နှံထားရင်တောင် Olsen ဒီလောက်ဒေါသထွက်မှာမဟုတ်ဘူး။

Olsen သည်အလွန်ဒေါသထွက်ကာ လူငယ်အား စင်ပေါ်မှတိုက်ရိုက်ပစ်ချရန်စီစဉ်ခဲ့သော်လည်း သူ၏တပည့်က သူ့ ပခုံးကို အနောက်ကနေ ညှစ်လိုက်သည်။

"ဆရာ၊ ကျေးဇူးပြုပြီး သူ့ကိုမထိခိုက်ပါစေနဲ့လို့မေတ္တာရပ်ခံပါတယ်"

ရွှယ်ဇီရွမ် သည်အခြားလက်တစ်ဖက်ကို သူ၏ဆရာ၏ပခုံးပေါ်သို့ဖိလိုက်သည်။ ဒါဟာ သေးငယ်တဲ့ဝေဖန်မှု တစ်ခုဆိုရင်တောင် ဆယ်ကျော်သက်ကောင်လေးကို ဘယ်သူမှ ထိခိုက်နစ်နာအောင် လုပ်တာကို သူ ခွင့်ပြုမှာ မဟုတ်ဘူး။

Olsen သည် သူ၏တပည့်၏ချုပ်နှောင်မှုမှလွတ်မြောက်ရန် မရုန်းနိုင်ခဲ့ပေ။  သူ့တပည့်ရဲ့ပင်ကိုယ်စရိုက်က ဘာလဲဆိုတာ သူသိသည်။ ဂီတအပြင်၊ သူက ဘယ်သူ့ကိုမှ ဂရုမစိုက်ခဲ့ဘူး။ ဒါပေမယ့် အခုတော့ ကောင်လေးက စင်ပေါ်ကနေဘေးကင်းစွာ လျှောက်လှမ်းနိုင်ဖို့ သူ့မာနနဲ့ကိုယ့်ကိုယ်ကိုလေးစားမှုကို ဘေးဖယ်ပစ်လိုက်တယ်။

ကောင်းပြီ၊ ဆရာနဲ့တပည့်ကြား ဆယ်နှစ်ကျော်ခင်မင်မှုအတွက် သူ မျက်နှာလွှဲပေးမယ်။ Olsen သည်အလျှော့ပေးပြီး အမှတ်ပေးဇယားတွင်ကြီးမားသော စက်ဝိုင်းတစ်ခုကိုဆွဲခဲ့သည်။

ကျိုးယွင်ရှန့်သည် Olsen ၏ ထင်းထွက်နေမှုကိုသတိပြုမိပြီး ထိုလူသည်မတ်တတ်ထရပ်ချင်သည်ကို သိသော်လည်း ရွှယ်ဇီရွမ် က သူ့ကိုပြန်ဖိချလိုက်သည်ကို တွေ့လိုက်ရသည်။

သူ ဘာလုပ်ချင်နေတာလဲ။ ရွှယ်ကျင်းရီ ပြောခဲ့တဲ့အတိုင်း သူက ငါ့ကို စင်ပေါ်ကနေ ကန်ပစ်ချင်လား။

သူက ဒါကိုနှုတ်ဆိတ်နေစဉ် ဒိုင်လူကြီးတွေက  သူတို့ရဲ့စွမ်းဆောင်ရည်အတွက် ပေးအပ်ခဲ့သည့် အမှတ်တွေကိုတင်ပြကြတယ်။ ဒိုင်သုံး ဦး သည်သူ့ကိုပြီးပြည့်စုံသော ရမှတ် ၂၀ ချီးမြှင့်ခဲ့ပြီး ဒိုင်လူကြီးတစ် ဦး က ၁၈ မှတ်ပေးခဲ့ပြီး အခြားတရားသူကြီးတစ် ဦး က ၁၉ မှတ်ပေးခဲ့သည်။ Olsen တစ်ယောက်သာလျှင်သူ၏ အမှတ်ပေးဇယားတွင်ကြီးမားသော ဘဲဥပုံကို ဆွဲခဲ့သည်။

  ဘဲဥ ဆိုတော့ သူ့ကို အမှတ် သုညပေးတာပေါ့။
 တီးတိုးသံများ ဆူညံလာပြီး ပရိသတ်များကြားသို့ပျံ့နှံ့သွားသည်။ Olsen ၏ စီရင်ချက်နောက်ကွယ်မှ အကြောင်းရင်းကို သူတို့မသိခဲ့ပေ။ နောက်ဆုံးတော့ သူနဲ့ ရွှယ်ဇီရွမ် တို့လို ဂီတရဲ့နှလုံးသားကိုနက်နက်ရှိုင်းရှိုင်းနားလည်တဲ့လူ အနည်းငယ်သာ ဘာကြောင့် သုညပေးခဲ့သည်ကို သဘောပေါက်ခဲ့သည်။
 
" မင်းသာ ငါ့မျက်စိနဲ့ စင်ပေါ်မှာဖျော်ဖြေတာ ငါမမြင်ခဲ့ရင်တိုက်ရိုက်ထုတ်လွှင့်တဲ့ သီချင်းကကွန်ပျူတာနဲ့ပေါင်းစပ်ထားတဲ့ဂီတ လို့ ငါ ထင်မိလိမ့်မယ်။ ဟုတ်တယ်၊ ငါက မင်းရဲ့စန္ဒရားကျွမ်းကျင်မှုနဲ့ တီးခတ်တဲ့ နည်းလမ်းကပြည့်စုံတယ်၊ တိကျတယ်ဆိုတာ သိတယ်။ ဒါပေမယ့် ဒီ တီးလုံးကို တီးခတ်နေတဲ့အထဲမှာ မင်းရဲ့ စိတ်ခံစားချက် စိတ်ဝိဉာဉ်က လုံးဝမရှိဘူး။ မင်းရဲ့နေရာမှာ ဘယ်  ကွန်ပျူတာနဲ့ အဆို အစားထိုးနိုင်ပါတယ်။ မင်းဟာ အသံချဲ့စက်တစ်ခုသာသာပဲ၊ အနုပညာဖျော်ဖြေသူ မဟုတ်ဘူး။ ဒါကြောင့ ်ငါ တောင်းပန်ပါတယ်၊ ငါက စက်အဆင့် တစ်ယောက်ကို သတ်မှတ်ချက်မပေးဘူး။ "

 Olsen သည် ဒိုင်လူကြီး အားလုံးကိုယ်စားမှတ်ချက်ပေးလိုက်သည်။

ဘယ်လောက်အဆိပ်ပြင်းတဲ့လျှာလဲ။ မင်းက ငါ့ကို လူသားမဟုတ်ဘူးဆိုတာ  ဘာကို ဆိုလိုတာလဲ။

 ဒီစကားကို ပြောနေတဲ့လူက ရွှယ်ဇီရွမ် ရဲ့ အရူးဆရာဖြစ်သည်။

ကျိုးယွင်ရှန့်သည်သူ့နှလုံးသားထဲကနေ ထိုလူကို တိတ်တဆိတ်ကျိန်ဆဲနေသော်လည်း သူ၏မျက်နှာ၌မူ  အပြုံးအနည်းငယ်ကို ဆင်မြန်းထားသည်။

ရွှယ်ကျင်းရီသည်သူမ၏မျက်နှာပေါ်တွင် အောင်ပွဲခံသောအမူအရာဖြင့ ်ကန့်လန့်ကာနောက်ကွယ်တွင်ပုန်းအောင်းနေကာ  စင်ပေါ်မှ ကျိုးယွင်ရှန့် အရှက်ခွဲခံရသည်ကို ကြည့်နေခဲ့သည်။

နောက်ခံစုံစမ်းစစ်ဆေးပြီးနောက် ဒီပြိုင်ပွဲဝင်သည် ရွှယ်ဇီရွမ်   ၏ညီငယ်ဖြစ်ကြောင်း လူတိုင်းသိကုန်သည်။ သူ၏ညီသည်သ သူ့ဆရာထံမှ ပြင်းထန်စွာဝေဖန်ခံရပြီးနောက် ရွှယ်ဇီရွမ် သည်မည်သို့တုံ့ပြန်မလဲ။

 ကင်မရာမင်းသည်ပရိသတ်ထဲတွင် ရွှယ်ဇီရွမ် ကိုလိုက်ရှာပြီးနောက် သူ၏မျက်နှာကိုအနီးကပ် ဆွဲရိုက်ကာ ကြည့်နေသည်။

သူ့ဆရာလို စိတ်ခံစားချက်ကို အလေးထားသည့် စန္ဒရားဧကရာဇ်သည်  ထို ကောင်လေးအားပြုံးပြလိုက်သည်ကိုတွေ့လိုက်ရသည်။

 သူက သူ့လက်ချောင်းထိပ်တွေကိုနမ်းလိုက်ပြီး  စင်မြင့်ပေါ်က ကောင်လေးဆီကို အနမ်းပျံတွေ ပေးလိုက်ကာ တီးတိုး နူတ်ခမ်းလှုပ်ကာ ပြောလိုက်သည်။

  "မကြောက်ပါနဲ့၊ မင်းက ငါ့နှလုံးသားထဲမှာ အကောင်းဆုံးဘဲ"
 
ဖန်သားပြင်ကြီးပေါ်တွင် ရွှယ်ဇီရွမ် ၏လုပ်ဆောင်ချက်များကို မြင်လိုက်ရသော ပရိသတ်များနှင့် ဒိုင်လူကြီးများက အံ့အားသင့်လွန်းသွားပြီး အထူးသဖြင့် Olsen သတိမေ့ချင်သလို ဖြစ်သွားသည်။
 
 ငါက ငါ့ရဲ့ဝေဖန်ချက်ကိုပေးတာနဲ့ပဲ မင်း က ငါ့ကိုလုံးလုံးလျားလျား ဆန့်ကျင်ခဲ့တယ်။  ဒီမှာ ဒါက ဘာအဓိပ္ပာယ်လဲ။

တစ်စုံတစ်ယောက်ဆီက အစော်ကားခံရပြီးနောက် ရွှယ်ဇီရွမ်ဆီက အခုလို နှစ်သိမ့်ပေးမှုကို ရလိုက်သဖြင့် သဘာဝကျကျပဲ ကျိုးယွင်ရှန့်က စိတ်သက်သာရာ ရစေခဲ့သည်

ရွှယ်ဇီရွမ် ၏နူးညံ့သိမ်မွေ့သောအပြုံးနှင့် ပေါ့ပါးသည့် fly kiss ကြောင့် Olsen ၏စကားများကို အဝေးသို့ ချက်ချင်းလွှင့်ပစ်လိုက်နိုင်ခဲ့သည်။

 ဒါက သုညအမှတ်ဖြစ်သော်လည်း ဘာမျှအရေးမကြီးပါ။ မည်သို့ပင်ဖြစ်စေအမြင့်ဆုံးရမှတ်န ှင့်အနိမ့်ဆုံးရမှတ်ကို လျစ်လျူရှုပြီး ကျန်အမှတ်များကိုပျမ်းမျှတွက်ချက်ရန် အသုံးပြုခဲ့သည်။ ဤတွက်ချက်မှုဖြင့်သူသည် ရွှယ်ကျင်းရီကိုတည်ငြိမ်စွာကျော်ဖြတ်ပြီး ဆီမီးဖိုင်နယ်သို့တက်ခဲ့သည်။

**-**



Chapter (11- 8) - စန္ဒယားပြိုင်ပွဲ



ကျိုးယွင်ရှန့်သည်ပရိသတ်အား လေးစားစွာ ဦး ညွှတ်ပြီးနောက် စင်မြင့်နောက်သို့ ှဖြည်းဖြည်းချင်းလမ်းလျှောက်ထွက်လာခဲ့သည်။ ရွှယ်ကျင်းရီ၏မျက်နှာထက်၌ ကြောက်ရွံ့ဖွယ်အကြည့်တို့ဖြင့်ပြည့်နေပြီး စင်၏ ထောင့်၌ပုန်းအောင်းနေသည်ကို ကျိုးယွင်ရှန့် ၏ မျက်လုံးထောင့်ကနေ မြင်လိုက်ရသည်။ သူက မျက်ခုံးကို တွန့်လိုက်သည်။ သူက အခု ဆီမီးဖိုင်နယ်ပွဲကို တက်ခွင့်ရလိုက်သော်လည်း ရွှယ်ဇီရွမ် သည် မုတ်ဆိတ်ကြီးကိုသာ ိုမဆန့်ကျင်လျှင် သူ၏ရလဒ်သည် ရွှယ်ကျင်းရီ ဖော်ပြခဲ့သည့်အတိုင်း စင်ပေါ်က ကန်ထုတ်ခံရမည် ဖြစ်သည်။

 
ဒီလိုသာဖြစ်ခဲ့ရင် သူက မျက်နှာပျက်ရမည့်အပြင် ခံပြင်းဒေါသထွက်လွန်းလို့ သွေးပွက်ပွက် အန်မိလိမ့်မည်။

 သူက ဒီပြိုင်ပွဲကို အလေးအနက်ထားခဲ့တယ်။

နှစ်နာရီကြာပြီးနောက် အကြိုတင် ဆန်ကာတင်ရွေးချယ်ပွဲ ပြီးဆုံးခဲ့ပြီး  အကြိုဗိုလ်လုပွဲသို့ ပြိုင်ဘက်စုစုပေါင်းနှစ်ဆယ် ဝင်ပြိုင်ခွင့်ရခဲ့ကာ ကျိုးယွင်ရှန့်နှင့် ရွှယ်ကျင်းရီက အဆင့်  ပထမနှင့်စတုတ္ထ အသီးသီးရှိခဲ့ကြသည်။ အဆင့်များကြေညာသောအခါ စိတ်လှုပ်ရှားစွာ ှုအော်လိုက်သည့် အသံများနှင့်စိတ်ပျက်အားငယ်စွာ သက်ပြင်းချသံများ ထွက်ပေါ်လာသည်။ ထိုနေရာမှ တိတ်တဆိတ်ထွက်ခွာသွားသူ အချို့လည်း ရှိခဲ့သည်။

 ကျိုးယွင်ရှန့်က ဧည့်ခန်းမှလမ်းလျှောက်ထွက်လာပြီး ရွှယ်ဇီရွမ်  သူ့ကို စောင့်ကြိုနေသည့် စင်္ကြံနားကိုရောက်သော် သူ့ဆီကို တဟုန်ထိုးပြေးလာခဲ့သည်။ ကြက်ပေါက်လေးက သူ့အမေ ကြက်မကြီးဆီ ပြေးဝင်သွားသလို ကျိုးယွင်ရှန့်က လက်ကို ဆန့်တန်းကာ ရင်ဖွင့်ကြိုနေသည့် ရွှယ်ဇီရွမ် ၏ရင်ခွင်ထဲကို ခုန်ဝင်ပစ်လိုက်သည်။

 ရွှယ်ဇီရွမ် ကလည်း သူ့ ကြက်ပေါက်လေးကို ပွေ့ချီရန် ရှေ့သို့အလျင်အမြန် လာခဲ့လိုက်သည်။ လက်တစ်ဖက်ဖြင့် သူသည်ဆယ်ကျော်သက်လေး၏ နဖူးတွင်ရှုပ်ထွေးနေသော ဆံပင်များကို သပ်တင်ပေးခဲ့ပြီး အခြားတစ်ဖက်က လူငယ်လေး၏ တင်ပါးကို အောက်က ပင့်မထားသည်။

 
"မုတ်ဆိတ်ကြီးက ကျွနတော့်ကို ပြိုင်ပွဲဝင် စင်မြင့်ပေါ်ကနေ မောင်းထုတ်ချင် နေတာလား။ "

ကျိုးယွင်ရှန့်က ရွှယ်ဇီရွမ် ၏ ခါးကို သူ့ရဲ့သွယ်လျတဲ့ ခြေအစုံနှင့် ရစ်ပတ်သိုင်းဖက်ထားရင်း မကျေမနပ်လေး မေးလိုက်သည်။

 
"ငါ မင်းကို ပြောဖူးပါတယ်၊ သူက ဂီတကို တန်ဖိုး ထားပြီး သူ့ဝိညာဉ်ကို သုံးပြီး တီးခတ်တာကိုပဲ အလေးထား ပါတယ်ဆို...."

ရွှယ်ဇီရွမ် က ချာတိတ်လေးကို ပွေ့ချီလျက်ကနေ  နေကာမျက်မှန်တပ်ထားသောသက်တော်စောင့်များ  ၀ န်းရံလျက် အခြားပြိုင်ပွဲဝင်များနှင့်မိသားစုဝင် အားလုံးနှင့် ခွဲထွက်ကာ အပြင်ကို ထွက်လာခဲ့ကြ သည်။

သူတို့သည် အလွန်လျှို့ဝှက်ပြီး  နေရာအနှံ့ပြန့်ကျဲ ရောက်ရှိနေသည့် သတင်းထောက်များ မရှိသော VIP လမ်းကြောင်းမှ ထွက်ခွာလာခဲ့သည်။

ရွှယ်ကျင်းရီက သူတို့နောက်ကနေ လိုက်လာပြီး အကြိမ်ကြိမ်အော်ခေါ်ခဲ့ပေမယ့် သူတို့ထဲက တစ်ယောက်မှပြန် လှည့် မကြည့်ခဲ့ကြဘူး။ သူမ အရမ်းဒေါသထွက်ပြီး  သံကုန်ဟစ်ကာ ရပ်ကျန်ရစ် ခဲ့သည်။ ဒီမြင်ကွင်းကြောင့်  အခြားပြိုင်ပွဲဝင် တော်တော်များများက သူမကို ဝိုင်းကြည့် ကာ တီးတိုးတီးတိုးနှင့် စကားတင်း ဆိုကြသည်။  သူမသည် သူမ၏မွေးစား အစ်ကိုနှင့် ဆန့်ကျင် ခဲ့သောကြောင့် ပစ်ပယ်ခံရသည် ကို လူအများစုက  ရိပ်မိခဲ့ကြသည်။  ကံကောင်းထောက်မစွာပဲ ရွှယ်လီဒန်နီက သူမကို အမြန်ချော့ခေါ်ကာ မျက်နှာမပျက်အောင် ကယ်တင်ပေးလိုက်သည်။

 
သက်တောင့်သက်သာရှိသော  nanny car ထဲတွင် ရွှယ်ဇီရွမ် သည်  သူ၏ကြက်ပေါက်လေးကို ပညာပေးနေဆဲဖြစ်သည်။

 "မင်းကို ငါပြောပါတယ်။ စိတ်ခံစားချက် အရမ်းပါတဲ့ တေးဂီတကို မရွေးပါနဲ့လို့...။ အခု မင်း ဆီမီးဖိုင်နယ်ကို ချောချောမွေ့မွေ့ တက်ရောက်နိုင်ဖို့ အတွက် ငါ စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့ပြီးပြီ။ ငါ Olsen ရဲ့ဆုံးဖြတ်ချက်ကို ၀ င် ရောက်စွက်ဖက်ခဲ့တယ်။ ဒီလိုမှ မဟုတ်ရင် အဓိက
ိဒိုင်လူကြီးအနေနဲ့ မင်းကို ပြိုင်ပွဲကနေ တန်းထုတ်ပစ်ဖို့ သူ့မှာ အခွင့်အာဏာရှိတယ်။ "

 
"အင်းပါ..အကိုကြီးက အရမ်းတော်တယ် ။ အကိုကြီးက အကောင်းဆုံးပဲ....  "

ကွန်ပျူတာနှင့် ဂိမ်း ဆော့နေရင်း ကျိုးယွင်ရှန့်က မော့မကြည့်ပဲ ရွှယ်ဇီရွမ် ကို ချီးကျူးစကားဆိုခဲ့သည်။

ပြိုင်ပွဲပြီးသည်နှင့်တပြိုင်နက် သူ၏နှလုံးသား၌ ခိုင်မာသော အားမလျော့ပဲ ရေကုန်ရေခမ်း လုပ်တတ် သည့် စွမ်းအင်များလည်း ပျောက်ကွယ်သွား သည်။ သူ့ တေးဂီတသံက ခံစားချက် မပါရုံလေးပဲ မဟုတ်လား။ သူ့ ဘဝတလျှောက် တေးဂီတနဲ့ အသက်မွေးပြုသွားမှာမှ မဟုတ်ပဲ။ ဘာလို့ ခေါင်းထဲ ထည့်ထားရမှာလဲ။


"မင်းက ငါ့ကိုထပ်ပြီး လှောင်ပြောင်လိုက်တာ ပေါ့လေ...ဟုတ်လား...  "

ရွှယ်ဇီရွမ် က ကောင်လေးကို  သူ့ပေါင်ပေါ်သို့ ဆွဲတင်လိုက်ပြီး ချာတိတ်လေး၏ ပါးလွှာသော နူတ်ခမ်းလေးကို ခပ်ဖိဖိ ကိုက်လိုက်သည်။

 
" ဒေါသထွက်တာကို ရပ်လိုက်ပါတော့။ အကိုကြီးက   အဘွားကြီးတစ်ယောက်လို ပွစိပွစိလုပ်နေတော့တာပဲ။  သူက ကျွန်တော့်ကို သုညအမှတ်ပေးချင်ရင်လည်း သူ့ကို ခွင့်ပြုပါ။ ဘာပဲဖြစ်ဖြစ် ပြိုင်ပွဲမှာ အမြင့်ဆုံးရမှတ်နဲ့အနိမ့်ဆုံးရမှတ်ကို ထည့်မတွက်ဘူး မဟုတ်လား၊ ဒါကြောင့်သူ့ရဲ့ ရိုက်ချက်က ကျွန်တော့်ကို မထိခိုက်စေပါဘူး။ "

ကျိုးယွင်ရှန့်က  ရွှယ်ဇီရွမ် ၏ နှာသီးဖျားကို ပြန် ကိုက်ကာ ပြောလိုက်သည်။

"မင်း မှားတယ်။ သူက အခြား ဒိုင်တွေပေါ်ကို အများကြီး လွှမ်းမိုးနိုင်တယ်။ သူက   စိတ်ဝိညာဉ်ရဲ့ အရှင်သခင် Olsen ဖြစ်တယ်။  သူက မင်း တေးဂီတက မကောင်းဘူးလို့ပြောရင် အခြားဒိုင်လူကြီးတွေလည်း သူနဲ့အတူ မင်းကို မကောင်းဘူးလို့ ပြောလိမ့်မယ်။  ကံကောင်းထောက်မစွာနဲ့  သူ့အဖွဲ့ဝင် ဒိုင်တွေက သုံးယောက်ပဲပါတယ်။ အခြားသုံး ဦး က အကယ်ဒမီအဖွဲ့ခွဲက ှကျော်ကြားတဲ့ ဒိုင်တွေဖြစ်ပြီး သူတို့က တီးခတ်တဲ့  စံနှုန်းများနဲ့ နည်းစနစ်တွေကို ပိုပြီး အာရုံစိုက်တယ်။ သူတို့ ီဒီမှာ အတူရှိနေ တာနဲ့ပဲ မင်းက အမှတ်မြင့်လိမ့်မယ်လို့ အာမမခံနိုင်ဘူး၊ ဒါပေမယ့် ဖိုင်နယ်ကိုတက်ဖို့ မျှော်လင့်ချက် နည်းနည်းလေးတော့ရှိတယ်။ "

ရွှယ်ဇီရွမ် က သေချာဂရုတစိုက် ခွဲခြမ်းစိတ်ဖြာကာ ရှင်းပြပေးခဲ့သည်။

"မျှော်လင့်ချက်သေးသေးလေးက ဘယ်လောက်လဲ"

ယခုမှသာ ကျိုးယွင်ရှန့်က ပြိုင်ပွဲမှာ ချန်ပီယံဆုရဖို့ ခက်ခဲတယ်ဆိုတာကို သတိထားမိလာသည်။

" ငါးဆယ် ငါးဆယ်လောက်"

"ငါးဆယ် ငါးဆယ်ပဲ ရှိတာလား"

"မင်းက ဟိုဟိုဒီဒီ လျှောက်ကစားနေတာပါလို့ ငါ မင်းကို မပြောဘူးလား။ မင်းက ဘာ့ကြောင့်အံ့သြနေတာလဲ "

ရွှယ်ဇီရွမ် က မျက်ခုံးပင့်လိုက်သည်။

"ဒါပေမယ့် ကျွန်တော်က ရွှယ်ကျင်းရီကို  သူမရဲ့ ချန်ပီယံဆုဖလားကို ရအောင်  ယူမယ်လို့ ပြောခဲ့ပြီးပြီ"

ကျိုးယွင်ရှန့်က ရွှယ်ကျင်းရီက   Olsen နဲ့ လက်တွဲပြီး သူ့ကို ဆန့်ကျင်နေသလားလို့တောင် ခံစားလိုက်ရ သည်။

 
"သူမက ချန်ပီယံဆုရဖို့လား ? သူမရဲ့ အဆင့်ပေါ်မူတည်ပြီး ပြောရရင် ချန်ပီယံဆုကို ရဖို့မဖြစ်နိုင်ပါဘူး။ "

ရွှယ်ဇီရွမ် က ယုံကြည်မှုရှိရှိပြောလိုက်တယ်။

" မဟုတ်ဘူး၊ အကိုကြီးပြောတာ မှားတယ်။ သူမ ဟာ ချန်ပီယံဖြစ်ဖို့ အလားအလာ အရမ်းများပါတယ်။ "

တကယ်တော့ ဒါကချန်ပီယံပါ  ဖြစ်မယ့် ကံကြမ္မာပါ နေတာဖြစ်တယ်။  ကမ္ဘာ့အသိစိတ်နဲ့ သူ့ရဲ့ အဓိက ဇာတ်လိုက်မကို သေချာပေါက် ဆုဖလားကိုပြင်ဆင် ပေးထားလိမ့်မယ်။ တကယ်လို့ ကျိုးယွင်ရှန့်ကသာ  မနှောင့်ယှက်လျှင် ရွှယ်ကျင်းရီသည် ချန်ပီယံ ဆုဖလားကိုသေချာပေါက် ရနိုင်လိမ့်မည်၊ ထို့နောက် သူမသည် အခြားကံကြမ္မာ၏ သမီးတော်တစ်ယောက်လိုမျိုး မျက်နှာသာပေးမှုကိုပါ ိုရနိုင်လိမ့်မည်။ ဒါကို စဉ်းစားရင်း  ကျိုးယွင်ရှန့်က ရွှယ်ဇီရွမ် ကို လေးလေးနက်နက်ကြည့်လိုက်တယ်။


ကံကြမ္မာရဲ့ သမီးတော်လေးကို သတ်ခြင်းသည် ဒီကမ္ဘာကြီးကို ဖျက်ဆီးပစ်လိုက်တာနဲ့ အတူတူပဲ။  ထို့နောက် ကျိုးယွင်ရှန့်သည် ပျက်စီးနေသော ကမ္ဘာကြီးနှင့်အတူ ဒီမှာ ပိတ်မိကာ သေရလိမ့်မည်၊ ထို့ကြောင့် သူက ရွှယ်ကျင်းရီကို သတ်လို့မဖြစ်နိုင်ပေ။

 သို့သော်သူသည် တည်မြဲနေသော ကံကြမ္မာကို ပျက်စီးစေလျှင်ကော။ ကြိုတင်သတ်မှတ်ထားသော အစီအစဉ်တွင် ချို့ယွင်းချက်တစ်ခုပေါ်လာလျှင် ဘာဖြစ်မလဲ။ Systemက ဘာလုပ်မလဲ။ System က သူ့ကို ဖျက်ဆီးပစ်လိုက်မလား။ ဒီကနေ ဆွဲထုတ်သွားမလား။

 
ဒီအတွေးက့သူ့စိတ်ထဲကို ပေါ်လာတာနဲ့ Systemက သူ့ အသိစိတ်ထဲကို လျှပ်စစ်လှိုင်းဖြင့် ထိုးဖောက်သွားပြီး အပြစ်ပေးခဲ့သည်။ ဒီအပြစ်ပေးမှုကြောင့် ကျိုးယွင်ရှန့်က ချန်ပီယံဆုအတွက် ပိုတောင် ရအောင်လုပ်ဖို့ စိတ်အားထက်သန်လာခဲ့တယ်။

System သည် Host  ၏မရိုးမသားအတွေးများကို ရှာဖွေတွေ့ရှိခဲ့ပြီး ၎င်း၏စွမ်းအင်ကုန်ဆုံးလုနီးပါး ဖြစ်နေသော်လည်း  အဆင့်သုံးပြစ်ဒဏ်ကို အကောင်အထည်ဖော်နေ ဆဲဖြစ်သည်။

ရွှယ်ဇီရွမ်၏နွေးထွေးကျယ်ပြန့်သော ရင်ဘတ်ထဲ ခပ်တင်းတင်းဖက်ထားတာ ခံနေရင်း ကျိုးယွင်ရှန့်က ူသူ့လက်အစံကို နာကျင်နေသည့်  ဝမ်းဗိုက်ပေါ်တင်လိုက်ပြီး နာကျင်မှုကို တောင့်ခံထားလိုက်သည်။

ကိုယ့် အပြစ်ပေးခံရစဉ် ကိုယ့်ကို ချစ်သောသူဆီက ခုလို  တင်းကျပ်စွာပွေ့ဖက်ခံရခြင်းက သူ့အတွက ်တကယ် ခံစားလို့ ကောင်းစေသည်။




**-**


















ဗီလိန်ချစ်သူ (completed) (Arc_8,10,15,Extra_1,2,4) (MM Translation)Where stories live. Discover now