Part 27

2.9K 145 0
                                    

Uni

"ဟာ သူဌေး"

"နားနေတာမလား ထိုင်ကြပါ"

"သူဌေးတို့က သပ်သပ်စီ လာကြတာလား"

"ဗျာ"

"မခွန်းသံသာချိုလည်း လာတယ်"

"ဟုတ်လား သူအခု ဘယ်မှာလဲ"

"အပေါ်ကို တက်သွားတယ် သူဌေး"

"ကျွန်တော်လည်း အပေါ်တက်ကြည့်လိုက်မယ်"

"သူဌေး ဦးထုပ်"

"ဝုန်း ဝုန်းးးးးး"

"အပေါ်မှာ မှီထားတဲ့ တိုင်လုံးတွေ ပြုတ်ကျနေပြီ !"

"အောက်က လူတွေ ရှောင်နေကြ! "

"အပေါ်မှာ လူရှိတယ်"

"သူဌေး ဘယ်ရောက်သွားပြီလဲ သူဌေး"

"ဟေ့ကောင် ဟိုမှာ အပေါ်တက်သွားပြီ"

"မြန်မြန် သူဌေး နောက်ကို လိုက်သွားကြ တစ်ခုခု ဖြစ်ဦးမယ်"

"မြန်မြန်လိုက်ကြ!"

"သတိထားကြ!"

'ဟင့်အင်း ခွန်းသံသာချို မင်းဘာမှ မဖြစ်ရဘူး ခဏလေးပါ ခဏလေးပဲ ကိုယ့်ကိုစောင့်ပါ
တောင်းပန်ပါတယ် ဘာမှ မဖြစ်ပါနဲ့ '

ဘာလို့ ဒီလောက်ထိ တိုင်တွေ များနေရတာလဲ
တက်ရတာ တကယ် ခက်ခဲနေသည်။

မြင်လိုက်ရတဲ့ မြင်ကွင်းက တကယ်ကို ရင့်နှင့်စရာကောင်လွန်းလှသည်။

သူမဘေးနားတွင် လဲကျနေသော များပြားလွန်းသည့် တိုင်းလုံးများ

ဗိုက်ကို ဖိထားသော လက်တစ်ဖက်။
နဖူးပေါ်သို့ စီးကျနေသော သွေးများ။
သွေးတွေကြားက အားယူဖွင့်နေသော မျက်ဝန်းတစ်စုံ

သူမဆီ အမြန်ဆုံး လျှောက်လမ်းခဲ့သည်။
သို့ပေမယ့် သူမ မျက်လုံးတွေ မှိတ်ကျ သွားခဲ့ပါသည်။

"ခွန်းးးးးးးးး"

"ခွန်း ခွန်း ကိုယ့်ကို ကြည့်ဦး သတိထားဦး
ကျေးဇူးပြုပြီး ကိုယ်တောင်းပန်ပါတယ် ဘာမှ မဖြစ်ပါနဲ့ ကိုယ့်ကို ကြည့်ပါဦးကွာ....
ခွန်းးးးးးး"

မြင်ကွင်းက အကုန်လုံးကို တွေဝေမှုနဲ့ ရပ်တန့်စေပါသည်။

You had me at helloWhere stories live. Discover now