(Unicode)
သူ့အနားမှာ ဘယ်သူမှမရှိဘူးဆိုတည်းက ဟွာကျိုးယွမ်၏ လွတ်လပ်စွာ ပြောဆိုလိုက်သည့် စကားများကို သဘာဝကျစွာပဲ ပြန်ဖြေမည့်သူ ဘယ်သူမှ မရှိဘူး။ သူ့အကြည့်က ထိုပန်းချီကားဆီ ပြန်မရောက်ခင်မှာ အိမ်၏ အလယ်မှာရှိသည့် ဝါးစားပွဲအနိမ့်လေးပေါ်သို့ ရောက်သွားသည်။
စားပွဲပေါ်မှာ အထူးကောင်းမွန်လှတဲ့ စုတ်တံထည့်သည့် စင်လေးတစ်ခုရှိနေပြီး အမျိုးမျိုးသော စုတ်တံကိုးချောင်းရှိနေသည်။ ၎င်းတို့သည် အရွယ်အစား မတူညီပေမယ့် ပုံသဏ္ဍန်ကတော့ တထပ်တည်းဖြစ်ကာ အကုန်လုံးကို ဝါးဖြင့်ပြုလုပ်ထားသည်။ ဒါတွေကို သေချာစစ်ဆေးကြည့်မိတော့ ဟွာကျိုးယွမ်က ဘာမှမသိနိုင်ပေမယ့် ဒီစုတ်တံတွေက သူ့မိသားစုရဲ့ အမွေအနှစ်နဲ့ တူညီတယ်လို့ ခံစားရသည်။
၎င်းတို့ကို အသေးစိတ်ကြည့်ဖို့ နီးကပ်လာချိန်မှာ သူသည် စုတ်တံထည့်သည့်စင်ရှေ့မှာရှိတဲ့ ဘရိုကိတ်သေတ္တာ တစ်ခုကို သတိပြုမိသည်။ သေတ္တာ၏အထက်တွင် စာတစ်စောင်ရှိသည်။ စာအိတ်၏ရှေ့တွင် ရေးထားသော စာလုံးအနည်းငယ်သည် ပန်းချီကားတွင်ပါသော စကားလုံးများ နှင့် တူညီနေသည်။ ဤစာကို ချန်ထားခဲ့သူသည် ဟွာမိသားစု၏ဘိုးဘေး ဟွာထျန်းကျီ ဖြစ်သည်ကို သိသာထင်ရှားစေသည်။
မိသားစုကံကြမ္မာရှိသူများအတွက်
ဤနေရာတွင် သူ့အပြင် အခြားလူတစ်ဦး၏အရိပ်အယောင်ကို သူမတွေ့ရတာ ကြောင့် စာအိတ်ပေါ်က စာလုံးတွေသည် သူ့ကိုရည်ရွယ်တာ ဖြစ်နိုင်သည် မဟုတ်လား။
စာအိတ်ကိုဖွင့်၍ စာကိုထုတ်ယူနေစဉ်မှာ ဟွာကျိုးယွမ်၏နှလုံးသားသည် တုန်လှုပ်လျက် ရှိနေသည်။ စာထဲ တွင် ရေးသားထားသည့်လက်ရေးတွေက စာအိတ်ပေါ်မှာရှိတဲ့ စကားလုံးတွေ လောက် မတောက်ပပေမယ့် ဒါကမလှဘူးလို့ ပြောတာမဟုတ်ဘူး။
ဟွာကျိုးယွမ်သည် စာတွင်ပါဝင်သည့် အကြောင်းအရာများကို အလေးအနက် ထားပြီး စတင်ဖတ်ရှုလိုက်သည်။ [နဝမမြောက်ကောင်းကင်မှ မိုးကြိုးသည် ချဉ်းကပ်လာပြီ။ အောင်နိုင်ခြင်း (သို့) ရှုံးနိမ့်ခြင်းကို ချက်ချင်း ဆုံးဖြတ်လိမ့် မည်။ ဒီစာကိုဖတ်နေသူသည် ဘယ်သူလဲဆိုတာ ငါမသိနိုင်ပေမယ့် ဟွာမိသားစုမှ ဆင်းသက်လာသောသူ သို့မဟုတ် သန့်စင်မွန်မြတ်သည့် နဂါးအရိုးစုတ်တံကို ပိုင်ဆိုင်နိုင်သည့် လုံလောက်တဲ့ကံကောင်းမှုရှိသူ ဖြစ်လိမ့်မည်။ ဒါပေမယ့် သင်သည် သန့်စင်မွန်မြတ်သည့် နဂါးအရိုးစုတ်တံ၏ အစစ်အမှန်ပုံစံကို သိမြင်နိုင်ပြီး ယခုလို သန့်စင်မွန်မြတ်သည့် နဂါးအိပ်မက် ရှုခင်းထဲသို့ ၀င်ရောက်နိုင်သည်။ ဒါက သင့်မှာ ထပ်တူညီသည့် ကံကြမ္မာရှိပြီး ယနေ့မှစ၍ ဤနေရာတစ်ခုလုံးကို သင်၏ကိုယ်ပိုင်အသုံးပြုမှုအတွက် အမွေရရှိသည်ဆိုတာ ကို ပြသနေသည်။ ဤပညာရှင်သည် သန့်စင်မွန်မြတ် သည့်ဂိုဏ်းမှ ...
BẠN ĐANG ĐỌC
အဓိကဇာတ်ကောင်၏ ပြန်လည်မွေးဖွားခြင်း[ Mmtranslation ]
Viễn tưởngUnicode + Zawgyi ကိုယ်တိုင်ဖတ်ချင်မိတဲ့အတွက် ဘာသာပြန်ခြင်း ဖြစ်ပါတယ် ပျော်စရာကောင်းသော နေ့ရက်လေးများ ပိုင်ဆိုင်ကြပါစေ
![အဓိကဇာတ်ကောင်၏ ပြန်လည်မွေးဖွားခြင်း[ Mmtranslation ]](https://img.wattpad.com/cover/282941495-64-k965052.jpg)