Chapter - 49

7.6K 1.6K 137
                                    

ကျန့်ယောင် စိတ်ထဲမှာ ဗလောင်ဆူနေသည်၊ သူလုံးဝ လုံးဝကို မှင်သေနေမိတာ။ 

“မဖြစ်နိုင်တာ....ထိန်းချုပ်ဆေး‌တွေရှိတယ်မလား? ထိန်းချုပ်ဆေးကတော့ heatကာလ‌ကို နှောင့်နှေးစေမှာပါ”

“ဘာမှထူးမှာမဟုတ်ဘူး၊ ထိန်းချုပ်ဆေးက ဟန့်တားပေးတယ်ဆိုတာက pheromoneကိုပဲ ၊ pheromoneတွေ ပေါက်ကွဲထွက်မလာအောင် အချိန်ဆွဲပေးတာ၊ pheromoneမရှိမှတော့ ဘယ်လိုလုပ် အချိန်ဆွဲပေးလို့ရမှာလဲ?”

ရုတ်တရက် ကျန့်ယောင်ရင်ထဲ တစ်ခုခုကိုစိတ်လေးလာသလိုပဲ။ သူ ရင်းချဲယ်လက်မောင်းကိုလှမ်းဆွဲလိုက်ပြီး :
“ဒါဆို မင်း-မင်းရဲ့ ရောဂါကရော တူတူပဲလား?”

ရင်းချဲယ်က တစ်ခွန်းမှ ပြန်မပြောလာ။ သူ့မျက်ဝန်းတွေမှာ ဘာခံစားချက်အပြောင်းအလဲတွေမှ မတွေ့ရပဲ ရေသေအလားတည်ငြိမ်နေသည်။

သူ့ကိုကြည့်နေရုံလေးနဲ့တင် ကျန့်ယောင် တစ်ယောက် ပြိုလဲကျ‌တော့မလိုခံစားရချိန် ရင်းချဲယ်ဆီက ပြောသံကြားလိုက်ရသည်။
“မတူဘူး”

သူ့နှလုံးသားလေး၊ လေထက်မှာမတင်မကျဖြစ်နေတဲ့ သူ့နှလုံးသားလေး နောက်ဆုံးတော့ မြေကြီးပေါ်ပြန်ကျလာခဲ့ပြီ။

“အာ ဟုတ်သား မင်းက betaလေ heatကာလမှမရှိပဲ၊ ငါဘာတွေတွေးနေမိပါလိမ့်....”

“ဟူတ်တယ် မင်းဘာတွေတွေးနေမှန်းမသိဘူး”
ရင်းချဲယ်က ရှေ့ကိုပြန်လှည့်သွားပြီး ဆက်လျှောက်သွားသည်။

နေရောင်ကြောင့် သူတို့နောက်ကထွက်နေတဲ့ အရိပ်တွေဟာတော့ မြေပြင်မှာအဆုံးမရှိတ့ ချောက်နက်တစ်ခုလို။

သေခြင်းတရားဆိုတာမျိုးဟာ သူတို့လိုအရွယ်မှာတော့ အရမ်းကိုကွာခြားအလှမ်းဝေးလွန်းလှတဲ့ အနက်အဓိပ္ပါယ်တစ်ခု။

သူများတွေကိုသာ “သေတဲ့ထိ ရိုက်ပစ်မယ်”လို့ ကျန့်ယောင် ခနတိုင်းကြိမ်းဝါးဖူးနေပေမယ့်လည်းတကယ်တမ်းမှာတော့ ထိုစကားလုံးနဲ့ ပက်သက်လို့ သူလက်တွေ့ကျကျ မသိခဲ့ပေ။

ခုချိန်ထိပေါ့၊ သူတွေ့ခါစလူတစ်ယောက်, အသက်ရှင်နေဆဲလူတစ်ယောက်က လအနည်းငယ်သာ ကျန်ရှိတော့တယ်ဆိုတာ သိလိုက်ရချိန်၊ ရုတ်တရက်ဆိုသလိုပဲ သူ့စိတ်ထဲမှာ လုံးဝအစစ်အမှန်ကို သိလိုက်ရတယ်။

Pay Attention To Me [Myanmar Translation]Where stories live. Discover now