Arc.3.8
4.7K 687 41
" တကယ်တော့ ကိုယ့်အကူအညီကို မယူရင် မင်းက ကျောင်းထွက်ရတော့မှာ ...ဖန်မိသားစုက မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး " ရှုမင်ရန်က ခါးအနည်းငယ်ငုံ့ကိုင်းကာ ကုချန်အား ကြည့်လိုက်သည် ။ ' ဟန်ဆောင်စမ်း... မင်းဘယ်အထိ ဟန်ဆောင်မလဲ ငါကြည့်ဦးမယ် '
ကုချန်က ရှုမင်ရန်၏ အကြည့်အားမမြင်ချင်ယောင်ဆောင်လိုက်သည် ။ " ကျွန်တော့်ကို ပြောင်းရွေ့စာသာ ပေးပါ .. လူကြီးမင်းရှုကို ဒုက္ခမပေးတော့ပါဘူး " သူ့မျက်နှာထက်တွင် ခေါင်းမာပြီး အရှုံးမပေးသည့် အမှုအရာကိုပြုလုပ်ထားခဲ့သည် ။
" ကုချန်!!!! ဒီ H မြို့မှာ ငါဘဲ မင်းရဲ့ ရည်မှန်းချက်အတွက် ထောက်ပံ့ပေးနိုင်တာ " ရုံးခန်းနဲ့ အနည်းငယ်လှမ်းသည်နဲ့ လက်ကို ခပ်ပြင်းပြင်းဆွဲကိုင်လာသည့် ရှုမင်ရန်ကြောင့် ကုချန်က မျက်နှာသေဖြင့် ပြန်ကြည့်လိုက်သည် ။ ' ဒီဇာတ်လိုက်တော့ ဖင်ပိတ်ကန်‌မိတော့မယ် ..'
" ငါ.. ကုချန် မဟုတ်ဘူး "
ရှုမင်ရန်က ရုတ်တရက်အပြောကြောင့် ကြောင်အသွားကာ ကုချန်အား ကြည့်လိုက်သည် ။ ' အကြောက်လွန်ပြီး ရူးသွားတာလား .'
ကြောင်အနေသည့် ရှုမင်ရန်အား ကြည့်ကာ ကုချန်၏ မျက်ခုံးတို့က လှပစွာ တွန့်ချိုးသွားသည် ။ ' သက်ရောက်မှုမရှိဘူး..'
ကုချန်က ကျိုးယဲ့ဟန်အကြောင်းကို တွေးမိလိုက်ကာ သူ့မျက်နှာသည် မည်းမှောင်သွားသည် ။ သူက ရှုမင်ရန်အား ထူးဆန်းသည့်အကြည့်ဖြင့် ကြည့်လိုက်သည် ။
' အားးး ရှုမင်ရန်က ငါ့ကိုကြိုက်ဖို့ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စကြီး ' ကုချန်က‌ ခေါင်းတခါခါဖြင့် ကြောင်အနေသည့် ရှုမင်ရန်အား ပစ်ထားခဲ့ကာ အလျင်အမြန်ထွက်သွားတော့သည် ။ သူက OOC ဖြစ်ဖို့ တခြားနည်းသာ ရှာဖွေတော့မည် ။
ရှုမင်ရန်က ကုချန်အနောက်သို့ အပြေးလိုက်ချင်သော်လည်း သူ့လက်အား ဆွဲလာသည့်သူကြောင့် ကုချန်၏ အရိပ်အယောင်ပျောက်သွားသည်ကိုသာ မည်းမှောင်သည့်အမှုအရာဖြင့် ကြည့်နေမိတော့သည် ။
" အစ်ကိုမင်ရန်!! ဒီကိုဘယ်လိုလုပ်ရောက်နေတာလဲ " ကုရှင်းက သိချင်စိတ်ပြင်းပြသည့်မျက်နှာဖြင့် မေးလိုက်သည် ။ သူမသည် အစကဒီကျောင်းသို့ မလာချင်သော်လည်း ကျောင်းရှေ့တွင် ရပ်ထားသည့်ကားသည် မနေ့က ရှုမင်ရန်အား လာခေါ်သွားသည့် ကားဖြစ်နေသည်ကို မှတ်မိနေခဲ့သည် ။ ကံစမ်းလိုက်ခြင်းဖြစ်သော်လည်း ရှုမင်ရန်ကို တကယ်ကြီးရှာတွေ့ခဲ့ပေသည် ။ ဒါက သူမတို့က ရေစက်ရှိနေခြင်း မဟုတ်ပါလား။