Part17(uni+zawgyi)

2.7K 115 29
                                    

Uni
ညနက်တဲ့ အထိကိုကိုမရောက်လာသေးတာကြောင့် ပုလဲနက် စိတ်ပူလာတယ်
အရင်အိမ်မှာက ဖေဖေက ခရီးထွက်နေရင်တောင် ကြီးမြက အမြဲရှိနေတာလေ
ခုက ပုလဲနက်တစ်ယောက်တည်း
တစ်နေကုန်ဧည့်ခံပွဲမှာ ပင်ပန်းထားလို့ လူက တစ်အားနုံးပြီး နားချင်နေပေမယ့် ကိုကိုပြန်လာလို့ တခါးထမဖွင့်ပေးရင်လည်း ဆူခံပြောခံရမှာကြောက်လို့ မအိပ်ရဲ

ညသာ နက်သထက် နက်လာတယ်
ကိုကိုကတော့ ပြန်မလာသေးဘူး
ညဆယ်တစ်နာရီထိုးတော့ နက်မနေနိုင်တော့ ကိုကိုဆီကိုဖုန်းဆက်လိုက်တယ်

📲📲📲📲📲📲

"ဘာလဲ"

"ကို....ကို ပြန်  ပြန်မလာသေးဘူးလားဟင်"

"ပြန်လာမှာပေါ့ ဘာဖြစ်နေတာလဲ"

"ဟိုလေ နက် တစ်ယောက်တည်း မို့ လို့  ပြန် ပြန်လာခဲ့ပါတော့လားဟင်"

"ငါ့ဟာငါ ဘယ်ချိန်ပြန်လာပြန်လာ ငါနင့်အကောင်မဟုတ်ဘူးနော် ပုလဲနက်
အေး ငါ့ ချစ်သူကို ငါနှစ်သိမ့်နေတယ်
ဒါပဲဟာ ငါမအားဘူး"

.........
နက်ဖုန်းလေးကိုကိုင်ထားပြီးငိုနေရပြန်ပြီပေါ့ 

နက်ကိုမချသ်ရင်တောင် မမုန်းပါနဲ့လားကိုကိုရယ်

ကိုကိုဆီက အဲ့လိုရင့်သီးတဲ့စကားမျိုးကြားရတာ အရမ်းခံရခက်လို့ပါ

နက်တစ်ယောက်တည်းမို့လို့ပါ

ကိုကို့ညီမကလေ တစ်ယောက်တည်းဖြစ်နေချိန်ဆို သိပ်အားကိုးချင်တာ
............

ဧည့်ခံပွဲကပြန်ရောက်ပြီး အပြင်ကိုထွက်လာပေမယ့် ဘယ်သွားရမှန်းလည်းမသိ
ပုလဲနက်ကိုသာ မခံချင်စိတ်နဲ့ပြောလိုက်တာ တကယ်တန်းကျတော့ နှင်းဖြူစင်ကိုလည်း မတွေ့ချင်တော့ဘူး

ဒါနဲ့ ကိုယ့်အတွင်းရေးမှူးရယ် မန်နေဂျာရယ် ဖြစ်တဲ့ ကိုယ့်သူငယ်ချင်းနှစ်ယောက်နဲ့ စားသောက်ဆိုင်မှာ အရက်သွားသောက်နေလိုက်တယ်

"ခန့် မင်းကွာ နှင်းဖြူစင်နဲ့ မယူလိုက်တာ ကံကောင်းတယ်ကွ နို့မို့ဆို မင်းကို သူက သူ့အဖေအကြွေးတွေစပ်ခိုင်းနေမှာ "

တစ်ချက်လေး စောင်းငဲ့ကြည့်ဦးWhere stories live. Discover now