စာစဉ် ၁၈ (၁၁-၃၀)
4.1K 449 29
စာစဉ် ၁၈၊ အခန်း ၁၁။  ဘယ်တော့ပြန်လာမယ်မှန်း မသိတဲ့လူကိုစောင့်ဆိုင်းခြင်း (11)
“ကျွန်တော်သေချာတော့မသိပေမဲ့ ရုတ်တရက်ကြီးဆရာက ပြန်လာဖြစ်သွားတာပဲ ကျွန်တော်ထင်တာတော့ သူ့ကို ....”
ရှောင်ဝမ်စကားပြောနေတုန်းမှာပဲ ဖုန်းဝင်လာခဲ့တာကြောင့် စကားစပြတ်သွားခဲ့တော့သည် ။
“ဟုတ်ကဲ့ဆရာဂူ ကျွန်တော်တို့ရောက်ခါနီးပါပြီ သုံးလွှာကိုလား ဟုတ်ကဲ့ပါ ခဏနေတွေ့ပါ့မယ်”
ဖုန်းချလိုက်ပြီးနောက် ရှောင်ဝမ်က ဂူယူရှန်းပြောတာကို သူမကိုပြန်ပြောပြလာသည် ။
“ဆရာက ကျွန်တော်တို့ကို ပိုင်ရှန်း ၃လွှာမှာ စောင့်နေတယ်တဲ့”
ဂူယူရှန်းပါ ရောက်နေသည်ဆိုတော့ ချင်းကျီအိုက် အံ့သြသွားမိတော့သည် ။
ဂူယူရှန်းဖုန်းဝင်လာပြီးနောက်ပိုင်း ရှောင်ဝမ်က စကားမပြောတော့ပဲ ကားကိုသာ အာရုံစိုက်မောင်းနေခဲ့တော့တာမို့ ချင်းကျီအိုက်လည်း ကားပြတင်းပေါက်အပြင်ဘက်ကိုကြည့်နေလိုက်သည် ....
ပိုင်ရှန်း ကားပါကင်မှာ ကားထိုးပြီးနောက် ရှောင်ဝမ်က အရှေ့က သွားကာ ဓာတ်လှေကားထဲ ၀င်လိုက်ပြီး ၃ထပ်ကို နှိပ်လိုက်သည် ။
လမ်းခဏလောက် လျှောက်အပြီးမှာတော့ မှန်အကြည်နဲ့ လုပ်ထားတဲ့ပြတင်းပေါက်ရဲ့နောက်မှာ ဂူယူရှန်းထိုင်နေတာကို ချင်းကျီအိုက်တွေ့လိုက်ရတာမို့ သူ့ဆီလျှောက်သွားကြတော့ ဂူယူရှန်းက မျက်လုံးတွေပိတ်ထားပြီး နှုတ်ခမ်းတို့က ခပ်ရဲရဲ ...
အရက်တွေအများကြီးသောက်ခဲ့သည်ထင်ရဲ့ ....
ရုံးမှာတည်းက သူ့ဆံပင်တို့က ရှုပ်ပွနေခဲ့တာကို
ချင်းကျီအိုက် သတိထားမိပေမဲ့ အရက်ရဲ့အကျိုးဆက် တစ်စုံတစ်ရာတော့မတွေ့ခဲ့ရ အခုမှ မူးနေပုံပင် ။
“ဆရာ”
ရှောင်ဝမ်အခေါ်ကြောင့် ဂူယူရှန်းမျက်လုံးဖွင့်လာတော့ ချင်းကျီအိုက် စိတ်သက်သာရာရမိပါ၏ ။ သို့သော် ...
“စိတ်ကြိုက်ရွေး”
ဆိုတဲ့စကားတစ်ခွန်းသာ ပြောပြီး မျက်လုံးတို့ ပြန်ပိတ်သွားခဲ့သည်မို့ ရှောင်ဝမ်လည်း သူမနား နားကပ်ကာ စကားပြောသည် ။