အပိုင်း { ၁၆ }

35.8K 3.3K 145
                                    

                           [ Unicode ]

ဇမ်မထီဟန်မြို့တောင်ဘက်တွင်ရှိသော ကျယ်ဝန်းတဲ့တိုက်ကြီးတစ်ခုတွင် NDDF အဖွဲ့ခေါင်းဆောင်ဂျင်မီ သည် သူ့မှောင်ခိုကားများအဆွဲခံလိုက်ရတာနဲ့ပက်သတ်ပြီး လွန်စွာဒေါသထွက်နေသည်။

ဒီတစ်ခေါက် သူရင်းလိုက်ရတဲ့ မှောင်ခိုကားထဲမှာပါသွားတဲ့ပစ္စည်းပမာဏာဟာများလွန်းလို့သူ့မှာ ပိုဒေါသထွက်နေပြီး ဒီလမ်းကြောင်းရဲ့ဦးတည်ရာကိုသိသူတစ်ယောက်ကသာ သူ့အားဒီလိုနည်းနဲ့ရိုက်ချနိုင်မည်ကိုလဲသိသည်။ ပြေးကြည့်စရာမလို.. ဒီကိစ္စရဲ့အဓိက,လူဟာ ဦးဆောင်သူ အက်ဒွက် ဖြစ်နေတာကို သူသိသော်လည်း နောက်ခံကောင်းကောင်းရှိတဲ့ အက်ဒွက်ဟာ သူကိုယ်တိုင်ဟာလည်း အင်အားတောင့်တင်းတဲ့တပ်များစွာရှိတဲ့လူတစ်ယောက်ပေမို့ ဂျင်မီ မှာ မလှုပ်သာမရဲသာနှင့် ပိုမခံမရပ်ဖြစ်ရသည်။

မှောင်ခိုလောကနဲ့ပက်သတ်ပြီး ဦးဆောင်သူဟာ သူ့လမ်းကြောင်းအတိုင်းသွားနေတဲ့လူတစ်ယောက်အပြင် သူ့မှာလည်း သူ့စည်းရှိသည်။ လုံဝမ်ရွာတပ်ဆောင်ခေါင်းဆောင် အက်ဒွက်ဟာ ပူးပေါင်းအင်အားကို အားကိုးတာထက် သူ့လုပ်နိုင်စွမ်းကိုပိုမြင့်စေဖို့သာအဓိကထားသည်။ ရှမ်းပြည်ဘက်မှာဘယ်သူမှအမှားမလုပ်ရဲတဲ့အင်အားကြီးတဲ့ စော်ဘွားကြီးတို့ကတောင် အက်ဒွက်အား ပူးပေါင်းကမ်းလှမ်းခဲ့ပေမယ့် ငြင်းခဲ့တယ်လို့သူကြားတာကြောင့် အက်ဒွက်ရဲ့ဒီမှောင်ခိုလမ်းကြောင်းကို လိုက်ခဲ့ခြင်းဖြစ်သည်။ အခုတော့ ဂျင်မီမှာ သူပစ္စည်းတွေအကုန်ရေစုန်မြောကုန်လို့ အံကိုကြိတ်၍လက်သီးဆုတ်လျှက်ဟာ ပေါက်ကွဲနေရတော့သည် ။

ရုပ်ထွက်ပြခြင်းမရှိတဲ့ မှောင်ခိုလမ်းကြောင်းဘုရင်အက်ဒွက် ကို အခုနေမှာ သူမကျေနပ်သော်လည်း စိန်ခေါ်လို့မရနိုင်တာကိုတွေးကြည့်ရင် သူ့မှာ တပန်းရှုံးရသည်။

အညိုရောင်ကော်လန်အကျီရှည်ကိုလက်ခေါက်၍ ဂျင်းဘောင်းဘီအပြာတို့ကိုဝတ်ဆင်ကာ ဆိုဖာပေါ်ခြေထောက်ချိတ်ထိုင်နေတဲ့ ဂျင်မီဟာ အသက်၃၉နှစ်ရှိပြီး လုပ်ရည်ကိုင်ရည်ရှိတဲ့လူတစ်ယောက်ဖြစ်တဲ့အပြင် သူ့ဘဝတစ်ခုလုံးကို မှောင်ခိုလောကထဲမှာနှစ်မြုတ်ထားရင်း အသက်ဆက်ရှင်သန်နေသူဖြစ်သည်။ ကိုယ့်ကိုကိုယ်ထက်ဘယ်သူ့ကိုမကြည့်တတ်တဲ့ ဂျင်မီမှာ နှောင်တွယ်စရာ ဇနီးမယား၊သားရယ် လို့မရှိ၊ လွတ်လပ်တဲ့လူတစ်ယောက်ပင် ။ လက်ထဲက ဝီစကီခွက်ကို ခပ်တင်းတင်းကိုင်ကာ ဆုံးရှုံးမှု့အတွက်အစာမကြေတဲ့ ဂျင်မီအတွက် ဒီနေ့ဟာ နေ့ရက်​ကောင်းမဖြစ်ခဲ့ပါ ။

Saw Nay Say's Travel Blogger [ Completed ]Where stories live. Discover now