Part 29

2.9K 136 0
                                    

Uni

ကားလမ်းမကြီး အထက်မှာ ခန့်ညားထည်ဝါရဲ့ကားက တခြားသူများရဲ့ကားထက် မြန်နေမှာ အမှန်။

ခွန်း မင်းကို ကိုယ်ဘယ်လို စိတ်ချရမှာလဲ
နည်းနည်းလေးတောင် မျက်နှာ လွဲလို့မရပဲ
ဒီလောက် အရိပ်တကြည့်ကြည့် ကြည့်နေတာတောင်ကွာ

လူ့စိတ်ဆိုတာ တစ်ခါတစ်လေတော့ ထူးဆန်းသည်။
မရတာကိုမှ ပိုလိုချင်တတ်သည်။

ဒါဆိုသူက မရနိုင်လို့ ပိုလိုချင်နေတာလားဆို မဟုတ်ပါ။
သူတကယ်ကို မြတ်နိုးလွန်းလို့ ပိုင်ဆိုင်လိုခြင်း။

ကိုယ်လည်း အတ္တနဲ့ မာနရှိတဲ့ လူတစ်ယောက်ပါ။
ဒါပေမယ့် လူတွေက အချစ်နဲ့ပတ်သတ်လာရင် မာနတွေကိုတောင် ခဝါ ချတတ်ကြတာပဲ မဟုတ်လား။

ကိုယ်လည်း တစ်ခါလောက် ထပ်ပြီး ရူးမိုက်ကြည့်မယ်။
တစ်ခါလောက်ထပ်ပြီး မာနတွေကို ခဝါချကြည့်မယ်။
တစ်ခါလောက် ထပ်ပြီး မျက်နှာပြောင် တိုက်ကြည့်မယ်။

မင်းကို ပိုင်ဆိုင်ဖို့ တစ်ကြိမ် တစ်ခါလောက် ထပ်ပြီး ကိုယ်ကြိုးစားချင်သေးတယ်။

ဒီတစ်ကြိမ်တစ်ခါပဲလားဆိုတာတော့ ကိုယ်လည်း မသေချာဘူး
သေချာတာက ကိုယ့်နှလုံးသား ရှင်သန်နေသရွေ့.....

"ဥက္ကဌ"

"အမရာ ခွန်းအခြေအနေ"

"ကျွန်မလည်း သေချာ မသိသေးဘူး
ဒေါက်တာ စမ်းသပ်နေတယ်

ညတုန်းက ကျွန်မ အခန်းထဲဝင်တော့ သူအိပ်နေပြီ
အဲ့တာနဲ့ ကျွန်မလည်း မနှိုးတော့တာ
မနက်ကျတော့ ဘယ်လိုမှ နှိုးလို့မရတော့ဘူး
အကြာကြီး သတိမေ့နေတာ"

"ဒေါက်တာ လူနာအခြေအနေ"

"လူနာက အရမ်းအားနည်းနေတယ် အရမ်းစိတ်ဖိစီးမှုများနေတဲ့ပုံပဲ
နဂို ဒဏ်ရာရယ် အားနည်းနေတာရယ်ပေါင်းပြီး အဖျားပိုး ဝင်သွားတာ
အဲ့တာကြောင့် သတိလစ်သွားတာပါ

အခု အဖျားကျဆေးလည်း ထိုးပေးထားတယ် အားဆေးလည်း သွင်းပေးထားပါတယ်"

"ဟုတ်ကဲ့ ဒေါက်တာ ကျေးဇူးတင်ပါတယ်"

"ရပါတယ် လူနာကိုသာ သေချာလေး ဂရုစိုက်ပေးပါ
သူ့ကို ကြည့်ရတာ အရမ်းစိတ်ဖိစီးမှုများပြီး အရမ်းအားနည်းနေတယ်"

You had me at helloWhere stories live. Discover now