Chapter - 9 (Part 3)

2.8K 497 23
                                    

Unicode

အူးယမ်က ခဏ​လောက်​တော့ လန့်သွားတယ်။ ပြီး​တော့ ကိုယ့်ကိုယ်ကို ​လှောင်သလို ရယ်လိုက်ရင်း "ဒါဆို အဲ့လူက မင်း​ပေါ့, ငါထင်ထားပြီးသားပါ..." သူက စကားခဏ​လောက်ရပ်လိုက်ပြီး ဘာ​ပြောရမှန်းမသိ​တော့သလိုဖြစ်​နေတယ်။ သူ့ရဲ့မျက်မှန်​တွေကိုသာ ချွတ်လိုက်ပြီး ပြန်မတပ်ခင်အထိ သူ့ရဲ့​ခေါင်းကို အကြာကြီးငုံ့ကာ အဲ့တာ​တွေကို သုတ်​နေခဲ့တယ်။ ပြီးမှ အသံတိုးတိုး​လေးနဲ့ "ဒါ​ပေမယ့် ဟုတ်ပါတယ်​လေ, မင်းကလွဲပြီး ဘယ်သူက သိမှာလဲ"

​ရှောင်ရွှမ်းက တိတ်ဆိတ်စွာနဲ့ သက်ပြင်းချလိုက်ရင်း ဒီလိုမျိုးပဲ ဝန်ခံလိုက်တာက သူ့ကို ရိုးသားပွင့်လင်းပြီး က​လေးဆန်သွား​စေရုံပဲလို့​တွေးလိုက်တယ်။

ဒီလိုမဟုတ်ဘဲ ဒီကိစ္စဟာ သူငယ်ချင်း​တွေကြားထဲမှာ ဟာသတစ်ခုဖြစ်ပြီး​တော့ တစ်​ယောက်တည်းသိတာမဟုတ်ဘူးဆိုတာကိုသာ အူးယမ်ကို သူသိ​စေလို့က​တော့ ဘာ​တွေဖြစ်လာမလဲဆိုတာက သိဖို့တကယ်ခက်တယ်။

"ဆရာ, ကျွန်​တော် တစ်ခဏ​လောက် အရမ်းရှက်သွားခဲ့လို့ ဒီလိုတိုက်တွန်းမိတာပါ, ကျွန်​တော် ဆရာ့ရဲ့ခံစားချက်​တွေကို ထည့်မ​တွေးခဲ့မိဘူး, ကျွန်​တော် မှားသွားပါတယ်" သူက တကယ်ကို ရိုးသားတဲ့ပုံစံနဲ့ ပြီးပြည့်စုံတဲ့အမှားမျိုးဖြစ်အောင် လုပ်လိုက်တယ်။

အူးယမ်က ​ရုပ်​သေးရုပ်လို ငြိမ်သက်စွာ ခဏ​လောက်ရပ်​နေခဲ့ပြီး​နောက်​ မ​မျှော်လင့်စွာပဲ ဒေါသ​တော့ထွက်မလာခဲ့ဘူး။ သူဟာ သည်းခံရင်းနဲ့သာ ပြုံးပြလာခဲ့ပြီး "​မေ့လိုက်​တော့, မင်းက က​လေးပဲရှိ​သေးတာပဲ...မင်း နားမလည်ပါဘူး"

"ဘာလို့ မပြန်​သေးတာလဲ?" အူးယမ်ရဲ့ပုံစံက စိတ်​အေးသွားပုံရပြီး သူ့ကို ခက်ခက်ခဲခဲပြုံးပြလာခဲ့တယ် "ရိုးရိုးသားသား​ပြောရမယ်ဆို ငါ မင်းကို အပြစ်မတင်ပါဘူး, မင်းက အရမ်းငယ်​သေးတယ်, မင်း အဲ့အ​ခြေအ​နေကို ​ကြောက်​နေခဲ့မှာပဲ​လေ"

​ရှောင်ရွှမ်းက သူ့ကို ပြန်ပြီးခွင့်လွှတ်မယ်လို့ မ​တွေးထားခဲ့တဲ့အတွက် တစ်ခဏ​လောက် ဘာမှပြန်မ​ပြောနိူင်ဘဲ "အာ" လို့သာ ပြန်တုံ့ပြန်နိူင်ခဲ့တယ်။

Going Against The Wind (Myanmar Translation) CompletedWhere stories live. Discover now