အပိုင်း ၄၆ / အပိုင္း ၄၆

6.9K 808 72
                                    

တိတ်ဆိတ်နေတဲ့ညရဲ့အလှအပနဲ့လေပြေညှင်းတွေကြားမှာ ငိုသံသဲ့သဲ့လေးက အခန်းအတွင်းလေထုထဲမှာ ပျံလွင့်လျက် ။ ကုတင်ဘေးမှာ ဒူးနှစ်ဖက်ကို ဖက်ပြီး ခေါင်းငုံ့ကာ အသံကြိတ်ငိုနေတဲ့ကျွန်တော်က ဉာဏ်မင်းထင် ရော ဟုတ်ရဲ့လား ။

ဘယ်လောက်ပဲခက်ထန်မာကြောပါစေ ကျွန်‌တော်လဲ အသွေးနဲ့အသားနဲ့ဖြစ်တည်လာတဲ့လူသားပေပဲ ။ ကျွန်တော်လဲ ဝမ်းနည်းတတ်တယ် ။ ကျွန်တော်လဲ ငိုတတ်တယ် ။ ကျွန်တော်လဲ ကျွန်တော်လဲ ချစ်တတ်တယ် ။

ဘယ်တုန်းကမှ ရယူနိုင်ပါစေဆိုတဲ့ဆုကိုမတောင်းခဲ့ပါဘူး ၊ ဝေးသွားကြပြီပဲလို့သတ်မှတ်‌ရအောင်လဲ ဘယ်တုန်းကမှ မနီးခဲ့ဖူးဘူး ။ တစ်ပါးသူဆီလုယူခံလိုက်ရပြီဆိုပြီး ငိုချင်းချဖို့ကလဲ အစကတည်းက ကျွန်တော်ပိုင်ခဲ့တာမှ မဟုတ်တာ ။ ကျွန်တော်ဘယ်သူ့ကို အပြစ်တင်ရမလဲ ဒါမှမဟုတ် ကျွန်တော့်ကို ကျွန်တော်ပဲ အပြစ်တင်သင့်တာလား ။

ဒေါက် ဒေါက်

တံခါးခေါက်သံကြောင်းအတွေးတွေ လွင့်ပြယ်သွားရတယ် ။ အသံကို မနည်းထိန်းပြီး

" ဝင်ခဲ့ပါ "

တံခါးဖွင့်ပြီး ဝင်လာတာက သီဟ ။

" သခင်ကြီး မနက်ဖြန်ကျရင် ဘယ်အချိန်သွားချင်လဲ "

" မနက်အစောကြီးသွားမယ် သီဟ "

" ဟုတ်ကဲ့ ကျွန်တော် အဆင်သင့်ပြင်ထားပါမယ် သခင်ကြီးအဆင်သင့်ဖြစ်တာနဲ့ ဆင်းလာလိုက်ပါ "

လှည့်ထွက်သွားဖို့ပြင်နေတဲ့ သီဟ ကို မင်းထင် လှမ်းခေါ်လိုက်တယ် ။

" သီဟ "

" ဟုတ်ကဲ့ သခင်ကြီး "

" မင်း ငါ့နားမှာနေတာဘယ်လောက်ကြာပြီလဲ "

" ၁၁ နှစ်ပါ သခင်ကြီး "

" အဲ့လောက်တောင်ရှိခဲ့ပြီလား မင်း ငါ့ဆီ ရောက်လာတုန်းက ကလေးပဲရှိသေးတာနော် "

" ကျွန်တော့်အသက် ၁၄ နှစ်ပါ သခင်ကြီး "

" မင်းအဖေလက်ကိုဆွဲပြီးရောက်လာတုန်းက မင်းက တကယ့်ကို ကလေးလေးပါ ၁၄ နှစ်လို့ မထင်ရတဲ့ကလေးတစ်ယောက်ပဲ အိမ်နေရင်းကာတွန်းရုပ်ဝမ်းဆက်နဲ့ကျောပိုးအိတ်လဲ လွယ်ထားသေးတာ "

အထွန်း / အထြန္း ( Completed )Where stories live. Discover now