Chapter (25)

29.6K 3.8K 728
                                    

လော်ဆန်း မြင်းခြံမှာဖြစ်ခဲ့တာတွေနဲ့ပတ်သတ်ပြီး စိတ်ထဲမှာအခဲမကြေနိူင်သေးဘူး။ဒါပေမယ့် မုန့်ရန်ကတော့ လော်ဆန်းရဲ့ဒေါသက သူလိုချင်တဲ့အတိုင်းအတာအထိမရောက်သေးသလိုခံစားနေရတုန်းပဲ။

ရှောင်ခယ်က ကားပြိုင်မောင်းဖို့ စိန်ခေါ်တဲ့အခါ လော်ဆန်း ချက်ချင်းသဘောတူလိုက်တယ်။လော်ဆန်းရဲ့စိတ်ထဲမှာ ရှောင်ခယ့်ကို အရင်တစ်ခါရှုံးခဲ့တဲ့ရှုံးကြေးပြန်တောင်းပြီး အရှက်ခွဲခံခဲ့ရတာကို ပြန်ချေမယ်လို့ တွေးထားတယ်။

လော်ဆန်းတို့ ပြိင်ပွဲမစခင်မှာ ကားပြိုင်ကွင်းတစ်ခုလုံးယောက်ယက်ခတ်နေကြတယ်။အရင်တစ်ခါက ရှောင်ခယ့်ကို လော်ဆန်းရှုံးသွားတဲ့သတင်းက ဟိုးလေးတကြော်ကြော်နဲ့ လူပြောများခဲ့တယ်လေ။ဒါ့ကြောင့် ဒီတစ်ခေါက်ပြိုင်ပွဲက အရင်တစ်ခေါက်ထက်တောင် ပရိသတ်များနေသေးတယ်။

" ငါဒီအတောတွင်းရှောင်ခယ် ကိုယ်တိုင်ပြိုင်ပွဲဝင်တာမတွေ့ရသေးဘူး။မင်းပြောသလိုပဲရှောင်ခယ်ရဲ့ ကားမောင်းစကေး တိုးတက်လာတာဟုတ်ရောဟုတ်ရဲ့လားကွာ"

"ဟိုတစ်ခေါက်က ပြိုင်ပွဲကိုသာ မင်း မြင်လိုက်မယ်ဆို ငါ့ကိုဒီလိုမေးနေမှာမဟုတ်လောက်ဘူး။ငါ့ကတော့ ဒီတစ်ခေါက် ရှောင်ခယ့်ဘက်ကလောင်းမှာ"

"အေးပါကွာ၊ငါကိုယ်တိုင်မမြင်ရမချင်းမယုံနိူင်သေးဘူး။ရှောင်ခယ်က လော်ဆန်းကို ခဏခဏရှုံးဖူးတယ်လေ။ပြီးခဲ့တဲ့အခေါက်က ကြက်ကန်းဆန်အိုးတိုးပြီး နိုင်သွားတာလဲဖြစ်နိုင်တာပဲ။သေချာတဲ့ဘက်ကိုပဲလောင်းစမ်းပါကွာ။ငါ့လိုပဲလော်ဆန်းဘက်က လောင်းလိုက်"

"အရမ်းတော်တဲ့နည်းပြတစ်ယောက်ကို ရှောင်ခယ်ဌားထားတယ်လို့ကြားတယ်။ဒီအတောတွင်းလေ့ကျင့်နေရလို့ တခြားပြိုင်ပွဲတွေတောင်ဝင်မပြိုင်နိုင်ဘူးဆိုပဲ။အရင်တစ်ခေါက်ကအတိုင်းသာမောင်းနိုင်လို့ကတော့ ရှောင်ခယ်အတွက်အနိုင်ရဖို့ဆိုတာ အေးဆေးပဲကွ"

လော်ဆန်း ရောက်လာပြီးမှ ရှောင်ခယ် ရောက်လာတာဖြစ်တယ်။

ရှောင်ခယ်က အထူးတန်းရဲ့အရှေ့နားလောက်မှာကားရပ်လိုက်ပြီး လော်ဆန်းနဲ့စကားပြောဖို့ ကားပေါ်ကဆင်းလာတယ်။

သူဌေးကြီး၏ဒုတိယမြောက်အိမ်ထောင်ဖက်Where stories live. Discover now