အခန်း(၃)

4.1K 684 7
                                    

<လူတွေဟာသူတို့ကိုယ်တိုင်ဘယ်လောက်
အတိုင်းအတာထိများရင်းနှီးနိုင်မလဲ?>

ထိုလူငယ်သည် အသက်17-18အရွယ် ဖြစ်ပြီး နှုတ်ခမ်းများက နီစွေးကာ သွားများသည်လည်း ပုလဲလုံးလေးများပမာ ဖြူဖွေးစီတန်းလျက်ရှိ၏။

သူ ပြုံးလိုက်သော အချိန်တိုင်းတွင် နွေဦး၌ ပွင့်လန်းသော ပန်းကလေးများပမာ အလွန်ကိုကြည့်ကောင်းလှပေသည်။သို့သော် ထိုအပြုံး
လေးနှင့်အတူ သူ ပထမဆုံး စပြောလိုက်သော စကားသည်ကား တစ်ဖက်လူကို အလွ
န် စိတ်ရှုပ်သွားစေခဲ့သည်။

"ဆရာတူအစ်ကို....အစ်ကို ကျွန်တော့်ကိုတကယ်အကြာကြီးစောင့်ရအောင်လုပ်တာ
ပဲနော် "

ဝမ်ရွှမ်သည် ထိုလူငယ်လေးကို အနီးကပ်အကဲခတ်နေရာမှ ပါးစပ်အဟောင်းသား ဖြစ်သွားရ၏။

"ငါ ..မင်းကို သိလို့လား?"

ဝမ်ရွှမ်သည် အလွန်တာဝန်ကျေသော တပည့်ခေါင်းဆောင်မျိုးဖြစ်၏။ 'ကျောက်'ဟူသော
မျိုးရိုးအမည်​ဖြင့် သတ်လတ်ပိုင်းအရွယ် အ
ပြင်ဆောင်တပည့်ကိုတောင် သူမြင်လိုက်ရုံဖြင့် အနည်းငယ် မှတ်မိသေးသည်။

သို့သော် သူ့ရှေ့မှ ကောင်လေးကတော့ လူသ
စ်ဖြစ်ဟန်တူ၏။ရှုထောင့်စုံမှ အကြိမ်ကြိမ် ရှုသော်ငြား ထိုကောင်လေးကို ဝမ်ရွှမ် ဘယ်လိုမှ မမှတ်မိပါချေ။

ဤသည်မှာ သေချာပေါက်ကို သူတို့နှစ်ဦး၏
ပထမဆုံးအကြိမ်အဖြစ် တွေ့ဆုံခြင်းသာ ဖြစ်ပေလိမ့်မည်။

ထိုအကျွမ်းတဝင်ရှိလှသော နှုတ်ဆက်ခြင်း
ကို ချက်ချင်း လျစ်လျူရှုလိုက်ပြီး

"ငါ အခုလေးတင် ဖြတ်သွားရင်း ကြားလိုက်တယ်။မင်းတို့ ငါ့အကြောင်း ဆွေးနွှေးနေကြ
တာ မဟုတ်လား?"

ကောင်လေးသည် ခေါင်းတဆတ်ဆတ် ညိတ်
ပြလာလျက်

"ဟုတ်တယ် အမှန်ပါပဲ"

ဝမ်ရွှမ့် မျက်နှာထားမှာ တင်းမာသွားရ၏။

"ဘယ်သူက မင်းတို့ကို ဒီလိုယုံကြည်ချက်မျိုး
ပေးခဲ့တာလဲ?!"

တပည့်ခေါင်းဆောင်အဖြစ် အချိန်အတော်
ကြာအောင် ထမ်းဆောင်ခဲ့သည့်အတွက် သူ
၏ ကိုယ်နှုတ်အမူအရာတို့သည်လည်း ရင့်ကျက်ခဲ့ပြီး ဖြစ်သည်။သို့သော် ယခုလို အရှိန်
အဝါ၊သွင်ပြင်ကို ထုတ်ပြမိသောအခါ သူ့ပုံစံသည် ကြောက်လန့်ဖွယ် ပုံစံ​မျိုး ဖြစ်ကောင်းဖြစ်သွားနိုင်၏။

တွယ်ကပ်ရန်ကူးပြောင်းလို့လာ[Completed]Where stories live. Discover now