|23|

2.6K 526 20
                                    

[Unicode]

"ငါတို့တွေ မေလလူငယ်ပရိုဂရမ်မှာ ဝင်ပြိုင်ကျမယ်၊ အိုင်ဒီယာရတဲ့ကျောင်းသားတွေ အနုပညာကော်မတီအဖွဲ့ဝင် ရှုပမ်းဆီသွားပြီးပြောပြနိုင်ပါတယ်။ နေ့လည်အတန်းအစည်းအဝေးကျရင် အသေးစိတ်
ဆွေးနွေးကျမယ်"

ဟယ်ရှင်းချွမ် ခုံဆီပြန်ထိုင်ချိန်မှာ၊ စာအုပ်တစ်အုပ်ကိုထုတ်ယူပြီး ယန်ထန်ရှေ့ချပေးလာတယ်။

"ဘာလဲ?"

ဟယ်ရှင်းချွမ်က ပြုံးပြတယ်
"ထန်ကော၊ တနေကုန်ဘာမှမလုပ်ဘဲ နေမနေနဲ့။ ဒီစာအုပ်မှာ လိုက်မှတ်ထားတာတွေရှိတယ်၊ သေချာဖတ်ကြည့်ပြီး စာကျက်ကြည့်"

ယန်ထန့်အဆင့်တွေက အောက်ဆုံးကနေတက်မလာဘူး၊ ဟယ်ရှင်းချွမ်ဟာ နည်းနည်းစိတ်ပူနေရပြီ။
ပြောင်းလဲဖို့တစ်ခုတည်းသောနည်းလမ်းက စာဖတ်ခိုင်းဖို့ပဲ။

ယန်ထန်က သမိုင်းစာအုပ်ကိုကောက်ကိုင်လိုက်ပြီး၊ ပထမဆုံးစာမျက်နှာကနေ စကြည့်လိုက်တယ်။
ဟယ်ရှင်းချွမ်စာအုပ်ဆိုတာ သိသာလွန်းတယ်၊ သူ့အကျင့်စာရိုက်လေးတွေ ထင်ဟပ်နေတယ်လေ။
မှတ်စုတွေအပြင် အတ္ထုပတ္တိတွေပါဖြည့်မှတ်ထားသေး။

ကလေးဆန်ဆန်မှတ်စုတွေကိုမြင်ချိန်မှာ၊ ယန်ထန်ကရယ်ချင်မိသွားတယ်။
သို့သော်လည်း နှုတ်ခမ်းတွေကိုတင်းတင်းစေ့ကာ၊ အပြုံးတွေကိုထိန်းချုပ်နေရရှာတယ်။

ဟယ်ရှင်းချွမ်ဟာ မျက်မှန်အထူကြီးတွေချွတ်ပြီး၊ ဆံပင်တိုတိုလေးညှပ်ပြီးကတည်းက အရမ်းကိုသန့်ပြန့်သွားခဲ့တာ။
နဂိုကတည်းကချောပြီးသားကို အခုလိုပုံဆိုတော့၊ သူ့နားကပ်လာသူတွေက အများအပြားရယ်။

ယန်ထန်ကလည်း ရုပ်မဆိုးပါဘူး၊ သူ့မျက်နှာက ဟယ်ရှင်းချွမ်ထက်တောင် ပိုနုဖတ်သေးတယ်။
ဒါပေမဲ့ အေးစက်စက်မျက်လုံးတွေ၊ ဘာကိုမှဂရုမစိုက်တတ်တဲ့အကျင့်စရိုက်တွေကြောင့် လူအများစုဟာ ယန်ထန်နဲ့မျက်လုံးချင်းတောင်မဆုံရဲကျဘူး။

ဥက္ကဌစတိုင်ကဘယ်လောက်မိုက်မိုက် လမင်းဖြူလေးလောက်တော့ချစ်ဖို့မကောင်းဘူး!

စာအုပ်ကိုလှန်နေတဲ့ယန်ထန်ဟာ စာရွက်တွေကြားညှပ်ထားတဲ့ ပန်းရောင်စာအိတ်လေးကို ရှာဖွေတွေ့ရှိသွားတယ်။

Hedgehog And Tiger [Myanmar Translation]Where stories live. Discover now