Part 31

2.8K 121 2
                                    

Uni

K group ၏ အစည်းအဝေးခန်းထဲတွင် တစ်ယောက်တစ်ပေါက် ဆူညံသံများစွာဖြင့်

"အဲတာကတော့ ကျွန်တော်လည်း ထောက်ခံတယ်ဗျာ"

"မှန်တယ် ဒီ မိန်းကလေးကို ဆက်ပြီး တာဝန်မယူခိုင်း နဲ့တော့"

"ဟုတ်တယ် ကိုယ့်ပြဿနာကို တာဝန်မယူနိုင်ဘူး"

"ဥက္ကဌ ကာကွယ်ပေးနေလို့သာ
ဥက္ကဌသာ ဆက်ပြီး တာဝန် မယူရင် ဘယ်လိုတွေ ဖြစ်မလဲမသိဘူး"

"ဟုတ်တယ် သူ့နေရာမှာ တကယ်တော်တဲ့ သူ အစားထိုးရမယ်"

"မှန်တယ် ဒီနေ့ အဲ့တာ ရအောင် ပြောကြရအောင်"

"ဟုတ်တယ် ဥက္ကဌ ကို ဆက်ပြီး ကာကွယ် မပေးခိုင်းနဲ့တော့"

"ထောက်ခံတယ်"

"ကျွန်တော်လည်း ထောက်ခံတယ်"

တစ်ယောက် တစ်ပေါက် ဆူညံသံများသည် တစ်စုံတစ်ဦး ဝင်လာသော အခါတွင် တိတ်ဆိတ်သွားလေသည်။

"လူတောင် စုံနေပြီပဲ"

"ဟုတ်ပါတယ် ဥက္ကဌ"

"ကျွန်တော့်ကို ဘာများတင်ပြချင်လို့ ဒီလို အရေးတကြီး စုဝေးရတာလဲ"

"ဒါကတော့ ဒီလိုပါ ဥက္ကဌ"

အားလုံးထဲတွင် လူကြီး တစ်ယောက်က ဦးဆောင်ပြောလေသည်။

ထိုလူကား သူ့ခံယူချက်နှင့်သူ ပြောနေခြင်းတော့ မဟုတ်။
သူ့နောက်တွင်လည်း ကြိုးကိုင်သူ အများအပြား။

"ကျွန်တော်တို့ ဒီ project မှာ အရင်းအနှီးကြီးကြီး ရင်းနှီးမြုပ်နှံထားရတာပါ

အဲ့တာကို အခုကျတော့ အလုပ်မတွင်တဲ့ အပြင် တာဝန်ယူရမယ့် သူကပါ ခေါင်းရှောင်နေတော့ ရှေ့ဆက်ပြီး သူ့ဆီမှာ ယုံကြည်စွာ လုပ်ငန်းကို အပ်နှင်းဖို့က မဖြစ်နိုင်ပါဘူး"

"မှန်ပါတယ် ဥက္ကဌ"

အကုန်လုံးကလည်း ထိုလူပြောပြီးနောက် တစ်ယောက် တစ်ပေါက် ထောက်ခံကြလေသည်။

"အဲ့တော့ ခင်ဗျားတို့က ဘယ်လိုဖြစ်စေချင်လဲ"

"ကျွန်တော်တို့ တာဝန်ခံကို ပြောင်းပါ့မယ်
တကယ်အရည်အချင်းရှိပြီး တာဝန်ယူချင်စိတ်ရှိတဲ့ လူတစ်ယောက်ကို ခန့်အပ်ချင်ပါတယ်"

You had me at helloWhere stories live. Discover now