Chapter - 51

7.7K 1.5K 131
                                    

ကျန့်ယောင်ကိုယ်၌ကိုက အစကတည်းက စိတ်ဆိုးခဲ့ခြင်းမရှိပေ။

စပြီးအမှားလုပ်ခဲ့တဲ့သူက သူပဲမလား၊ သဘောထားလည်းမမေးပါပဲနဲ့ ခွင့်ပြုချက်မပါပဲ မထိသင့်တဲ့နေရာတွေကို ထိတယ် ၊ အဲ့တော့ ကျိန်းသေ အဆူခံထိုက်ပါတယ်။ အလွန်ဆုံးမှ ကောင်စုတ်လေးက ပြောတာလွန်သွားလို့ သူ့ရင်ထဲ နည်းနည်းခံစားသွားရရုံလေးပါ၊ ဘယ်လိုပဲဖြစ်နေပါစေလေ တခြားတစ်ယောက်ကိုသွားရှာဆိုတာမျိုးတော့ သူလုံးဝမပြောသင့်ဘူး။

သို့ပေမယ့်လည်း အခုချိန်မှာတော့ ရင်းချဲယ်ဘက်က အရင်စပြီးသူ့လက်ကိုကိုင်လိုက်သည်တဲ့လေ၊ ဒါ့ကြောင့် ခုနကခံစားနေရတဲ့ ခနတာစိတ်ခုမှုလေးဟာ လုံးဝကို ကြက်ပျောက်ငှက်ပျောက်။

အရင်က သူတို့နှစ်ယောက် တစ်ခါမှ လက်မကိုင်ဖူးပေ။

ဟိုအရင်တစ်ခေါက် ကန်တင်းတုန်းကတောင် လက်ဖမိုးလေးကိုပဲ ထိခဲ့ဖူးတာ။

ဒီလိုမျိုး "ကြီးကြီးမားမား" skinshipမျိုး တစ်ခါမှ မကြုံဖူးခဲ့ပေ။

သူ့နှလုံးခုန်သံတွေ ဗြောင်းဆန်နေပြီ။

ပတ်ပတ်လည်က မှောင်လွန်းတာမို့ တစ်ဖက်လူကို ကျန့်ယောင်ရှင်းရှင်းလင်းလင်းမမြင်ရပေ။ အားပါပါတစ်ချက်ဆောင့်ဆွဲလိုက်ပြီး တစ်ယောက်သောသူကို ရင်ခွင်နဲ့ဆွဲကပ်ပစ်လိုက်သည်။

အားနေတဲ့ လက်တစ်ဖက်ကိုတော့ ရင်ခွင်ထဲကလူရဲ့ခါးတစ်ဝိုက် ရစ်သိုင်းထားလိုက်သည်။

"ဒီလိုမျိုး နေရ‌ခက်နေလား?"

သူတို့လက်နှစ်ဖက်ဟာ ယှက်သွယ်ထားတုန်း။ ရင်ခွင်ထဲကလူရဲ့အသက်ရှူသံတွေက အရမ်းကိုမတည်မငြိမ်ဖြစ်နေပြီး နှစ်ယောက်စလုံးရဲ့ အမူအရာတွေကလည်း ကောင်းနိုင်မှာမဟုတ်ပေ။

"...အဆင်ပြေပါတယ်"
ရင်းချဲယ်က သူ့လက်ကို ခပ်တင်းတင်းတစ်ချက်ညှစ်သည်။ မျက်နှာအား သူ့လည်ပင်းအစပ်မှာအပ်ထားရင်း အသံခပ်အုပ်အုပ်နှင့် :
"ဒီလိုလေး ခနလောက်ထပ်နေရအောင်"

အမှောင်ထုထဲမှာ သူ့ရဲ့အာရုံခံစားနိုင်မှုတွေ ဆတိုးသွားသလို နားထဲမှာ ထိုအသံသာပဲ့တင်ထပ်နေသည်၊ လည်ပင်းဆီကိုလာရိုက်နေတဲ့ အသက်ရှူငွေ့တွေ၊ လက်ဖဝါးနှစ်ခုကြားမှာ စီးဆင်းနေတဲ့ အပူငွေ့တွေ။

Pay Attention To Me [Myanmar Translation]Where stories live. Discover now