Arc 1.10 အန်းရီချန်း

1.6K 199 4
                                    

Unicode

ကျောင်းဆေးခန်းသို့ ရောက်သည်နှင့် လီယောင်းဟန်ဟာ သူမကို ပို့ပေးပြီး ချက်ချင်းဆိုသလို ထိုနေရာမှ ပြန်ထွက်လာခဲ့သည်။ သူသည်လဲ ထိုနေရာတွင် တစ်စက္ကန့်လေးတောင်မနေလိုပါ။ ထို့ကြောင့် ပြန်ထွက်လာခဲ့စဉ် ရုတ်တရက် ကျောင်းဆေးခန်းမှ ဒေါက်တာ၏ စကားသံကို နားစွံနားဖျားကြားလိုက်ရသည်။ ဤသည်မှာ သွေးထွက်လွန်ရောဂါဆိုသည်ပင်။ သူသည်လဲ ကြားခဲ့သည်ကို အာရုံမထားပဲ အလျင်အမြန်သာထွက်လာခဲ့သည်။

ကျောင်းဆေးခန်းမှ ဆရာဝန်မဟာလဲ ရှီအာရဲ့ သွေးထွက်လွန်မှုကို သံသယဖြစ်မိ၍ ဆေးစစ်ရန်အကြံပေးလျှက် သူမ၏ ဒဏ်ရာကို သွေးတိတ်အောင်လုပ်ပြီး ဆေးထည့်ကာ ပလာစတာကပ်ပေးလိုက်သည်။ တကယ်ဆိုလျှင် ထိုဒဏ်ရာလေးဟာ မပြောပလောက်ပါဘူး။ သူမက ဘာကြောင့်မူးလဲရသည်ထိ ဖြစ်လဲ? သူမဟာဘာကြောင့် သွေးထွက်လွန်ရသလဲ? ထိုအချက်တွေကြောင့် ဆရာဝန်ဟာ ဆေးစစ်ရန် အကြံပေးလိုက်ခြင်းပင်။ ရှီအာဟာလဲ ခေါင်းညိမ့်လက်ခံခဲ့ပြီးနောက် သူမဟာ ဆေးထည့်ပြီးသည်နှင့် အင်္ဂလိပ်စာချိန်တစ်ချိန်စာ ကျောင်းဆေးခန်းတွင် နားနေခဲ့သည်။ သူမသည် ကျောင်းဖိုရမ်ပေါက်ကွဲမှုကိုလဲ မသိသလို စာသင်ခန်းရဲ့ပေါက်ကွဲမှုကိုလဲ မသိခဲ့ပါ။ ကျောင်းဖိုရမ်တွင် ဟူးဝေဖန်းဟာ နွမ်ရှီအာကို သွေးထွက်အောင်လုပ်ခဲ့သည့် သတင်းဟာ တောမီးလောင်သလိုပျံ့နှံ့သွားပြီး နတ်ဘုရားမလေးရဲ့ fanတွေဟာလဲ ပေါက်ကွဲလို့နေပြီ။ ဟူးဝေဖန်းဟာ နွမ်ဂိုဏ်းရဲ့ဆက်ခံသူကို သွေးထွက်သံယို ပြုခဲ့သည်မို့ ကျောင်းထုတ်ခံရသည်မှာ ဧကန်မလွှဲပင်။ ထို့ပြင် တစ်ခြားသော အရာတွေလဲ ဖြစ်သွားနိုင်ပေသည်။ ဆိုလိုသည်မှာ သူမတို့မိသားစုကို Aမြို့ကနေ ပျောက်ကွယ်သွားအောင်လုပ်လို့ရသည်ပင်။

အတန်းFရဲ့ နောက်ဆုံးခုံတွင် ဖုန်းscreen ကိုဆူးရဲစွာကြည့်ပြီး မျက်မှောင်ကြုတ်နေသည့် မိန်းကလေးတစ်ဉီးဟာလဲ ရှိလို့နေသည်။ ကြည့်လိုက်ရုံနှင့် ထိုမိန်းကလေး ဒေါသထွက်နေသည်မှာ သိသာပေသည်။ ထိုမိန်းကလေးဟာ ဒီကမ္ဘာရဲ့ ဇာတ်လိုက်မ ရွှဲ့လျန်းသွဲ့ပင်။ သူမဟာ ကျောင်းဝတ်စုံကို အင်္ကျီကို ကြယ်သီးအပြည့်မတတ်ထားပဲ နှစ်လုံးခန့်ဖြုတ်ထားသည်။ သူမရဲ့ ကျောင်းစကပ်ကိုလဲ အပေါ်သို့နှစ်ခေါက်ခေါက်ထည့်ထားပြီး တိုအောင်ဝတ်ဆင်ထားသည်။ သူမရဲ့မျက်နှာဟာ နူးညံ့သည်ထက် ဆွဲဆောင်မှုပိုရှိသည်။ သူမရဲ့ဇာတ်လိုက်အရှိန်အဝါဟာလဲ အားကောင်းသည်။ သူမစိတ်တိုနေသည်မှာ သူမချစ်ရတဲ့အဖိုးတန်လေးလီယောင်းဟန်ဟာ သူမမဟုတ်တဲ့ အညတရမိန်းမတစ်ယောက်ကိုပွေ့ချီထားသည်ကိုပင်။ သူမဟာ ဖုန်းscreenပေါ်က ထိုပွေ့ချီနေသည့်ပုံကို အချိန်အတော်အတန်ကြာ ဆူးစိုက်ကြည့်နေပြီး လေထုဟာ အေးစက်သည့် အငွေ့အသက်တို့ ဖုံးလွှမ်းနေသည်။ သူမရဲ့နောက်လိုက်ဖြစ်သော အားလန်နှင့် ကျန်းချီဟာလဲ အသံမထွက်ရဲကြပါဘူး။

ဒုတိယဇာတ်လိုက် အတွက် ရွှေပေါင်လုံးကြီးဖြစ်ပေးမယ်-(arc1) The Resurrection MissionWhere stories live. Discover now