Arc.3.12
4.6K 715 48
ပိုင်ရီက ပွဲပြီးသွားသည်နဲ့ လင်းယွမ်၏ လက်အားဖြုတ်ချလိုက်သည် ။ သူက အမှောင်ပျိုးစပြုလာပြီ ဖြစ်သည့် ကောင်းကင်အား ကြည့်ကာ အတွင်းရေးမှူးအား ပြောလိုက်သည် ။ " ငါ့ကို တစ်ယောက်ယောက်လာရှာရင် ချက်ချင်းအကြောင်းကြား .." ထိုနေ့က အဲ့ဒီလူကို မတွေ့ခဲ့သော်လည်း သူရခဲ့သည့် ခံစားချက်က သေချာ‌ပေါက်မမှားချေ ။ ကုချန်သည် ဒီမြို့မှာ ရှိသည်ဟု တထစ်ချယုံကြည်သော်လည်း ရောက်လာသည့်အချက်အလက်များက သူ့အား မျှော်လင့်ချက်မဲ့အောင် လုပ်နေသည် ။
ပိုင်ရီသည် သူ့အခြေအနေသူ ပြန်ကြည့်ရင်း ခါးသက်စွာပြုံးမိလိုက်သည် ။ ' ဒါက ငါမရှာတော့ဘူး ဆိုတာလား ..' သူက ထိုသူ၏ အမုန်းအား ထပ်လက်ခံရရင်တောင် ထပ်တွေ့ချင်သေးတာမို့ ။ တချိန်တွင် သူ့ရဲ့အကျင့်ဆိုးများက သူ့အတွက် အဖိုးတန်သည့်လူကို ရှာတွေ့ဖို့ တားဆီးခဲ့မယ်ဆိုတာကို သိရင် အဲ့ဒီအကျင့်ဆိုးတွေကို မွေးမြူခဲ့မိမှာ မဟုတ်ဘူး ။ 
သူ့လက်က အထိအတွေ့က သူ့အား အတွေးမှနိုးထစေလိုက်သည် ။ လင်းယွမ်သည် သူ့အား အပြစ်ကင်းစင်သည့်အကြည့်ဖြင့် ကြည့်နေခဲ့သည် ။ သူ၏ လစ်လျုရှုမှုကြောင့် ဝမ်းနည်းသွားဟန်ရသည့် နာကျင်မှုတချို့ကိုလည်း တွေ့နေရသည်။ နူးညံ့သည့်ပုံစံနဲ့အတူ ချစ်စရာကောင်းသည့်ပုံစံက ထိုသူ သူ့ဘဝထဲသို့ ဝင်လာတုန်းကပုံစံနဲ့ တကယ်ကို တူလွန်းလှသည်။ စိတ်သက်သာလို သက်သာရငြား နဘေးနားတွင်ထားခဲ့သော်လည်း လင်းယွမ်သည် သူ့အတွက် လေတစ်ခုလိုပင် ။
ပိုင်ရီ က လင်းယွမ်အား မကြည့်တော့ဘဲ " မင်းက အခုငါ့အနားမှာ နေစရာမလိုတော့ဘူး .. " သူ့လက်အား ဆွဲကိုင်ရန်ပြင်နေသည့် လင်းယွမ်အား ရှောင်လိုက်ကာ " အဲ့နေ့က နမ်းလိုက်တာက လွဲရင် ဒီနှစ်အတောအတွင်း ငါက မင်းကို ထိခဲ့တာမဟုတ်ဘူး .. ဆိုတော့ အထောက်အပံ့ကောင်းကောင်းမွန်မွန်ယူပြီး ထွက်သွားတော့ ..."
လင်းယွမ်က ပိုင်ရီအား အပြစ်တင်သည့်အကြည့်ဖြင့်နာကျင်စွာကြည့်လိုက်သည် ။ သူခက်ခဲနေသည့်အချိန်တွင် ဒီလူသည် သူ့အတွက် ထောက်တိုင်တစ်ခုဖြစ်ခဲ့သည် ။ ‌ချောမောခန့်ညားသည့်အပြင် အရာအားလုံးကို ချုပ်ကိုင်ထားသလို အရှိန်အဝါက သူ့အား မငြင်းဆန်နိုင်အောင် ဖြစ်စေသည် ။ အစက ဂုဏ်ကို မက်မောခဲ့သော်လည်း အခုချိန်တွင်သူက ဒီလူကို မက်မောနေချေပြီ ။ ဒီနှစ်အတောအတွင်း သူက ပိုင်ရီအား ချည်နှောင်ဖို့ နည်းလမ်းတစ်ခုရှာနေခဲ့သော်လည်း သူကသာ ဒီလူထံတွင် ခြေချုပ်မိသွားခဲ့သည် ။