မာန၏ အခြားတစ်ဖက် 🌟 Part - 3

14.2K 1K 23
                                    

Part - 3

                    မာန၏ အခြားတစ်ဖက်

                    🌟🌟🌟🌟🌟🌟

လွှမ်း တစ်ယောက်ကတော့ အိမ်ကိုပြန်လာတဲ့
လမ်းတလျှောက်မှာ ဆိုင်ကယ်သမားရဲ့ ပုံစံကိုသာ
မျက်လုံးထဲ မြင်ယောင်မိနေတယ်။ စူးစူးရဲရဲမျက်ဝန်းတစ်စုံနဲ့အတူ မျက်နှာပြင်မှာလည်း မုတ်ဆိတ်မွှေး
တွေကရှိနေသေး ။ မျက်နှာက မှုန်ကုပ်နေတဲ့အပြင် စကားပြောကလည်း ဒေါင့်မကျိုး ။

မြင်လိုက်တာနဲ့ တစ်လောကလုံးမှာရှိနေတဲ့ လူတွေ
က သူ့လုပ်စာကို စားနေရတဲ့အတိုင်းပဲ ။ အမှန်ဆို
လွှမ်း က အကောင်းမြင်တက်တဲ့သူထဲမှာပါပါတယ်။
မိသားစု ၊ သူငယ်ချင်း ၊ နောက်ပြီး အခြားသူစိမ်း
တွေနဲ့ပါ အဆင်ပြေအောင်ပေါင်းသင်းတက်တဲ့သူ
မျိုး ။ ဒီတစ်ယောက်ကျမှပဲ မြင်မြင်ချင်း မျက်မုန်းကျိုးနေမိတော့တာ ။ သူ့ကြောင့် ကိုယ့်အသားနာ
သွားရတာကြောင့်လည်း ပါမှာပေါ့ ။ တွေးလေ တွေး
လေ ဒေါသက ထွက်လာလေ ။ ဒီလူက ကိုယ့်
အတွက် ပြဿဒါးနေ့ရက်တွေကို သယ်ဆောင်လာတဲ့သူ ။

" အား...... ဘယ်လိုလူစားပါလိမ့် .... အကိုဒေါက်
တာနဲ့များ တခြားစီပဲကွာ..... မုန်းစရာကောင်းလိုက်တာ ..... ဒေါက်တာအကို ဆိုရင် မြင်လိုက်တာနဲ့
.... တဖက်လူရင်ထဲကို အေးချမ်းသွားတာ .... ဒီလဒ
ကတော့ မြင်လိုက်တာခဏလေးတောင် .... နေလို
မီးလို ပူလွန်းလို့ .... ဒီရုပ်နဲ့ ဒီလိုအပြောတွေကို သူ့
ရည်းစား ဘယ်လိုသည်းခံနေပါလိမ့် "

လွှမ်း တစ်ယောက် အိမ်ပြန်ရောက်လာတဲ့အချိန်
ဒေါက်တာအကို က အိမ်မှာရှိနေတာမို့ လက်က
သွေးထွက်နေတဲ့ ဒါဏ်ရာကို မြင်သွားပြီး......

" လွှမ်းလေး ! !!! လက်က ဘာဖြစ်လာတာလဲ ...
အင်္ကျီလက်မှာလဲ သွေးတွေစွန်းလာတယ် .... ရန်
ဖြစ်လာတာလား ..... အကို့ ကို ပြောစမ်း "

ကိုယ့် ကို စိုးရိမ်ပြီးမေးနေတဲ့သူကို ထပ်ပြီး စိတ်မပူ
စေချင်တာကြောင့် လွှမ်း ညာပြောလိုက်ဖို့ တွေးမိလိုက်ပြီး -----

" ဟို... ဟို... ကျွန်တော် ချော်လဲလာတာ ဒေါက်တာအကို ....  အဲဒါ လက်ကို နည်းနည်းထိသွားတယ်....  အရမ်းတော့မနာတော့ပါဘူး "

မာန၏ အခြားတစ်ဖက် 🌟 မာန၏ အခြားတစ်ဖက် ( Completed)Where stories live. Discover now