Part 32

2.7K 127 0
                                    

Uni

အရှေ့အရပ်မှ တစ်စတစ်စ ထွက်ပေါ်လာသော နေရောင်ဟာ ဆိုင်အတွင်းသို့ ဖြာကျနေသည်။
မနက်စောစော ဖြစ်သည့်အတွက် လူလည်း ရှင်းနေသည်။

ထိုအချိန် ဆိုင်တံခါးတွင် ချိတ်ထားသော ဆည်းလည်းလေးတွေ၏ အသံက မြည်သွားလေသည်။

"မခွန်းသံသာချို

အစောကြီးပဲ ထိုင်ပါဦး"

"ဟုတ်"

"ဘာသောက်မလဲ"

"တကယ်တော့ coffee သောက်ဖို့ လာတာ မဟုတ်ပါဘူး
ကျွန်မ စကားလေးနည်းနည်းလောက် ပြောချင်လို့"

"ဟုတ်ကဲ့ ပြောပါ"

"ကိုဟန်မင်းဆက် အမရာနဲ့ ပတ်သတ်ပြီး ဘာဆက်လုပ်မှာလဲ"

"ဗျာ"

"အမှန်တရားဆိုတာက တစ်နေ့နေ့ တစ်ချိန်ချိန် ပေါ်လာမှာပဲ

ကိုယ်ယုံကြည်ရတဲ့သူက အသေးအမွှားလေးက အစ ကိုယ့်ကို လိမ်ရင်တောင် ကျွန်မတို့ စိတ်ထိခိုက်ရတာပဲ

အမရာက ရှင့်ကို သိပ်ယုံကြည်တယ်"

"ဆိုလိုချင်တာ"

"ကျွန်မ သူငယ်ချင်းကို စိတ်ထိခိုက်အောင် မလုပ်ပါနဲ့

အမရာရဲ့ ဘဝက အထီးကျန်ဆန်တယ်
အဲ့တာကြောင့် လူတစ်ယောက်ကို ခင်တွယ်မိပြီဆို ဘယ်တော့မှ မပြောင်းလဲတတ်ဘူး
အရမ်းလည်း ယုံကြည်ပြီး အရာအားလုံး ပုံအောတတ်တယ်"

"ကျွန်တော်က အမရာရဲ့ ယုံကြည့်မှုကို အလွဲသုံးစား လုပ်နေတာ မဟုတ်ပါဘူး

တကယ်လို့ အမှန်တရားကို သူသိသွားရင် သူလက်ခံနိုင်ပါ့မလား အဲ့တာကို စိုးရိမ်တာပါ"

"ကျွန်မ နားလည်ပါတယ်
လက်ခံတယ် မခံဘူး ဆိုတာကတော့ ရှင့်အပေါ်မှာ အမရာ ဘယ်လောက်ထိ ချစ်ခင် တွယ်တာလည်း ဆိုတာနဲ့ ဆိုင်တာပေါ့"

"ဒါပေမယ့် သူသိပ်နာကျင်ရမှာ"

"မှန်တာပေါ့ သူရှင့်ကို ချစ်တဲ့ အတိုင်းအတာနဲ့ ဆတူ နာကျင်ရမှာ
ဒါပေမယ် ရှင့်အပေါ်မှာထားတဲ့ သူရဲ့ အချစ်က အတိုင်းအတာ ပမာဏ များလေလေ ရှင့်တို့နှစ်ယောက် မခွဲခွာရဖို့ သေချာလေလေပဲ

You had me at helloWhere stories live. Discover now