Part 33

2.6K 107 0
                                    

Uni

"ခွန်း"

"အမရာ"

"ငါ နင့်ကို ပြောစရာရှိလို့"

"အင်း ပြောလေ"

"နောက်လထဲမှာ ပုဂံက ဟိုတယ် အသစ်ဖွင့်ပွဲ ရှိတယ် အဲ့တာ နင်လိုက်ခဲ့နော်"

"တော်ပါပြီဟာ မလိုက်ချင်ပါဘူး"

"လိုက်ခဲ့ပါ ခွန်းရဲ့ နင်လည်း ခရီးမထွက်တာ ကြာပြီကို"

"နင့်သူဌေးပါမှာလား"

"ဖွင့်ပွဲလေဟာ နောက်ပြီး သူက သူဌေးပဲ ပါတာပေါ့"

"မလိုက်ဘူး"

"ဘာလဲ နင်က သူ့ကို ရှောင်နေတာလား"

"ငါက ဘာလို့ ရှောင်ရမှာလဲ"

"လျှိုမထားနဲ့နော် သူနင့်ကို လိုက်နေတာ အကုန်လုံးသိတယ်"

"ဘာ
အဲ့တာကြောင့် အဲ့ဒီ လူကို အနေအထိုင် ဆင်ခြင်ဖို့ ပြောနေတာကို"

"ဝန်ခံတယ်ပေါ့"

"တော်စမ်းပါ"

"ကောင်မလေး တစ်ယောက် ရှက်သွားပြီနဲ့ တူတယ်"

"ဘာလို့ ရှက်ရမှာလဲ"

"ခွန်း ငါ့ကို စောင့်ဦးလေ"

"မစောင့်ဘူး"

စိတ်ပျက်ဖို့ ကောင်းလိုက်တဲ့ လူတွေ
ဘယ်နေရာသွားသွား သူတို့ အကြည့်တွေက မလွတ်
ဒီကြားထဲ အမရာက လာစနေသေးတယ်

"ဟက် ဟိုမှာ လာပြီ"

"စောင့်ကြည့်နေ ခဏနေရင် သူဌေးလည်း ရောက်လာလိမ့်မယ်"

"ဒီနေရာတော့ လာပါ့မလား"

"အေးလေ သူဌေးက ဘယ်တုန်းကမှ လာမစားဖူးဘူး"

"လောင်းမလား"

"မလောင်းရဲပါဘူး သူဌေးက ပြောလို့ရတာ မဟုတ်ဘူးဟ
မခွန်းသံသာချို ရှိတဲ့ နေရာတိုင်း တစ်ကြောင်းကြောင်းနဲ့ ပေါ်လာတာ"

"ဟုတ်ပါ့ဟာ ချစ်တတ်လိုက်တာ အားကျတယ်"

"အေးလေ ငါ့လို နှစ်ရှည်လများ လုပ်လာတဲ့ သူကိုကျ မမြင်ဘူး"

တစ်ယောက်တစ်ပေါက် အသံတွေက တကယ် စိတ်ရှုပ်ဖို့ကောင်းသည်။
ဘယ်လောက်ပဲ စည်းကမ်းတင်းကြပ်ကြပ် အတင်းကတော့ ပြောနေတာပဲ
အေးလေ ဟိုလူကလည်း ပြောအောင် နေနေတာကို။

You had me at helloWhere stories live. Discover now