❤ My little Ko Ko ❤ Final 🚨🙈🚨

6.9K 173 8
                                    

💫 Unicode version 💫

ကိုကို မူးနေပုံလေးမှာ တကယ် အသည်းယားစရာလေးပင် နှုတ်ခမ်းလေးတထော်ထော်နဲ့ ပွစိပွစိရွတ်ကာ

" ဖယ်နော်...မောင် ရောက်လာရင် မင်းကိုထိုးလိမ့်မယ် အေ့.... မောင်က ငါ့ကိုသိပ်ချစ်တာ တခြားသူ ထိတာမကြိုက်ဘူး ဖယ် အေ့...."

ဆိုကာ အတင်းတွန်းဖယ်ကာ ယိုင်တိုင်တိုင်နဲ့ ကုတင်ဘက်လျောက်သွားလေသည်။ ပြီတာနဲ့ ဝုန်းခနဲပဲ ကြမ်းပြင်ပေါ်လှဲချကာ အိပ်ပစ်လိုက်လေသည်။

အရှိန်နဲ့မို့ ကိုကို အတော်လေးနာသွားလောက်သည်။ မျက်နှာလေး ရှုံံ့မဲ့ပြီး ပွစိပွစိက ပြောနေသေးသည်။

ရှင်းသန့်လဲ အတင်းပြေးထူတော့ စောင့်ကန်ပြီး

" ဖယ်...ငါဒီမှာအိပ်မို့ မင်းနဲ့မအိပ်ဘူး...ငါနားကပ်မလာနဲ့နော် ငါ ထထိုးမှာ "

အာလေးလျှာလေးနဲ့ မိမိအားရန်ပြန်တွေ့ကာ ဟိုဘက်လှည့်အိပ်နေလေသည်။ ကြမ်းပြင်မှာအိပ်ရင် နေမကောင်းဖြစ်တော့မှာမို့ အတင်းပွေ့ကာ

" ကိုကို ကျတော့တောင်မမှတ်မိဘူးလား ငြိမ်ငြိမ်နေ မဟုတ်ရင် ပစ်ချမှာနော် "

အော်လိုက်တော့ ရှုန်းနေရာမှ ငြိမ်သွားပြီး ရီဝေဝေအကြည့်တွေနဲ့ ကြည့်ပြီး

" မောင်လား... အူး....မွ ချစ်....လိုက်...တာ...မောင် ရယ် "

ဆိုပြီး မိမိနှုတ်ခမ်းလေးကို လာနမ်းလေသည်။ ရှင်းသန့်ရင်ထဲဝုန်းဒိုင်းကြဲကုန်ရသည်။ ကိုကိုဘက်စနမ်းတယ် ဆိုတာအတော်ရှားသည်မို့ စိတ်ထဲရှိတဲ့အတိုင်း ဝုန်းဒိုင်းလိုက်ရရင်တော့ မနက်ကြ ကိုကိုအတော်စိတ်ဆိုးသွားမှာပင်....

ရှင်းသန့်လဲ သက်ပျင်းချကာ ကိုကို အနမ်းတွေကိုရှောင်တိမ်းပြီး ကုတင်ပေါ်ချမို့ရှိသေး

'ဝေါ့... 'ဆိုကာ အန်ချလေတော့သည်။ ရှင်းသန့်လဲ ကုတင်တွေပေကုန်မှာဆိုးပြီး ရေချိုးခန်းထဲ ပွေ့ကာပြေးလာရသည်။

အဲ့နောက် ကိုကို ကိုသန့်ရှင်းပေးကာ အဝတ်လဲပေးပြီး သိပ်လိုက်တော့သည်။ မိမိလဲ ကိုကို အန်ဖတ်တွေကြောင့် ရေချိုးလိုက်ပြီး အိပ်ရာဝင်ခဲ့သည်။

❤ My Little Ko Ko ❤ ( Complete) Where stories live. Discover now