Chapter(47):တွေ့ဆုံခြင်း တွေ့ဆုံခြင်း

5.3K 1K 15
                                    

Zawgyi

မြေကွက်ရိုင်းတွေအားလုံးကို ရှင်းလင်းဖို့ သူတို့တွေဆယ်ရက်လောက် အချိန်ယူလိုက်ရတယ်။ အလုပ်သမားတွေအားလုံးနီးပါး အလုပ်ကြိုးစားကြတယ်။ သို့သော်လည်း ပျင်းရိနေတဲ့သူ လိမ်ညာတတ်တဲ့သူ တစ်ယောက်စ
နှစ်ယောက်စကိုလည်း ဖမ်းမိတယ်။ ရလဒ်အနေနဲ့ကတော့ ရှုရန်ကသူတို့ကို အရင်ကသဘောတူထားခဲ့တဲ့ လခအတိုင်းပေးပြီးတော့ သူတို့တွေကို ဘယ်တော့မှ
အလုပ်ထပ်မခန့်တော့ဘူးလို့ပြောပြီးနောက် သူတို့တွေကို ထွက်သွားခိုင်းလိုက်တယ်။

ဒီလိုမျိုးအလုပ်သမားတွေက သူတို့ရဲ့နောက်ဆုံးလခကို ရလိုက်တဲ့အချိန်ကျမှပဲ သူတို့ဘယ်လောက်တောင် နောင်တရစရာကောင်းလိုက်သလဲဆိုတာကို နားလည်သဘောပေါက်သွားပေမဲ့ ဘာနည်းလမ်းမှမရှိတော့ပါဘူး။ သိသိသာသာကိုပဲ ရှုရန်ကသူပြောရင်ပြောတဲ့အတိုင်း
လုပ်ဆောင်တာဖြစ်တယ်။

နောက်ဆုံးမှာ အုပ်စုသုံးစုစလုံးရဲ့ရလဒ်တွေအားလုံးက တူညီလုနီးပါးဖြစ်နေကြတယ်။ အုပ်စုနှစ်စုက အမြန်ဆုံးဖြစ်ပြီး ကျန်တဲ့အုပ်စုက အနည်းငယ်နောက်ကျတယ်။ ထို့ကြောင့်ရှုရန်က အုပ်စုနှစ်စုစလုံးကို ပထမနေရာပေးပြီး  ကျန်တစ်စုကိုဒုတိယနေရာပေးဖို့ ဆုံးဖြတ်လိုက်တယ်။ ဒီလိုမျိုးနဲ့ပဲ အုပ်စုသုံးစုစလုံးမှာရှိတဲ့ အလုပ်သမားတွေအားလုံး ဆုရရှိသွားကြတာကြောင့် သူတို့အားလုံး အလွန်ပျော်ရွှင်သွားကြတယ်။ အနာဂတ်မှာ ရှုရန်သူတို့ကို လိုအပ်လာတဲ့အချိန်တိုင်း သူတို့ဘယ်တော့မှမငြင်းဆန်ပါဘူးလို့ သူတို့အားလုံးကတိပေးခဲ့ကြတယ်။

တကယ်ကိုပဲ ရှုရန်ကဒီတစ်ကြိမ်မှာ အဆင်သင့်ကျော်ကြားမှုကို ရရှိသွားသလို လူတွေအများကြီးဆီကလည်း
ကြီးမားတဲ့ထောက်ပံ့မှုကို ရရှိသွားခဲ့တယ်။

နောက်တစ်နေ့မှာလည်း အနှောင့်အယှက်ပေးဖို့ ထပ်လာခဲ့တဲ့ရှုရန်ရဲ့ဦးလေးအကြီးဆုံးနဲ့ တတိယဦးလေးတို့ကလွဲလို့ သူ့အဖေနဲ့ဖေဖေတို့အပါအဝင် ရှုမိသားစုထဲကဘယ်သူမှ မရောက်လာခဲ့ကြပါဘူး။ အဲ့ဒါကရှုရန်ကို ထူးဆန်းသလိုခံစားရစေတယ်။ သို့သော်လည်း ရှုမိသားစုက သူတို့ရဲ့သဘောထား ပြောင်းလဲသွားကြတာလို့ သူတော့မထင်ပါဘူး။  သူ့ကိုစောင့်နေတဲ့ တစ်စုံတစ်ခုရှိလိမ့်မယ်လို့ သူယုံကြည်တယ်။

Transmigration : TFLOA "Fool" (BL) [Myanmar Translation]Where stories live. Discover now