Chapter(48):ပြောင်းဖူး ပြောင်းဖူး

5.5K 1.1K 21
                                    

Zawgyi

လူငယ်လေးကိုကြည့်ရတာ ကြင်နာတတ်ပြီး စိတ်ခံစားမှုအသင့်အတင့် ရှိတယ်လို့ထင်ရပေမဲ့ သူ့မျက်နှာပေါ်မှာ ရှိနေတဲ့ စိတ်အားငယ်မှုအရိပ်အယောင်နဲ့ကတော့ ကြည့်လို့အဆင်ပြေမနေပါဘူး။ သူ့ကိုစိတ်အနှောင့်အယှက်ပေးနေတဲ့ တစ်စုံတစ်ခုရှိရမယ်။

ရှုရန်ရဲ့စကားတွေကိုကြားတော့ သူလည်းပဲ အပြုံးတစ်ပွင့်ကိုဆင်မြန်းရင်း ရောက်လာတယ်။ "ဆရာ ပြောင်းဖူးအစေ့ကဘာလဲဆိုတာကို ကျွန်တော်သိခွင့်ရှိမလား? ကြည့်ရတာ ကျွန်တော်တို့ဆိုင်မှာ အဲ့ဒါရှိတဲ့ပုံမပေါ်ဘူး။"

ရှုရန်လည်းပဲ ဒီခေတ်မှာ "ပြောင်းဖူး" ဆိုတဲ့စကားလုံးက အခုထိမရှိသေးဘူးဆိုတာကို နားလည်လိုက်တာကြောင့် ခြွေထားတဲ့ပြောင်းဖူးပြုတ်အစေ့တွေဆီကို
သူတိုက်ရိုက်သွားလိုက်တယ်။ "ဒီဟာပဲ။ ကျွန်တော်ဒါရဲ့အစေ့တွေကို ဝယ်ချင်တယ်။ ဆိုင်ရှင်ကကျွန်​တော်ကသူ့သခင်ကို ပြောသင့်တယ်လို့ ပြောတာကြောင့်။ ပြီးတော့ ကျွန်တော်ဆယ်ရက်အလွန်တုန်းကလည်း ဒီကိုတစ်ခါလာဖူးတယ်။"

လူငယ်ကဆိုင်ရှင်ဘက်ကို လှည့်ကြည့်လိုက်တော့
ဆိုင်ရှင်ကလည်း ခေါင်းငြိမ့်ပြလိုက်တယ်။ "အဲ့ဒါမှန်ပါတယ်။ သခင် ဒီသခင်လေးက သခင်ဒီမှာမရှိတဲ့အချိန်အတွင်း လွန်ခဲ့တဲ့ဆယ်ရက်တုန်းက လာခဲ့ဖူးပါတယ်။
ဒါတွေကို သူ့အတွက်သိမ်းထားပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ပြီးတော့ ဒီနေ့သူရောက်လာတော့ သခင်ပြန်ရောက်လာတာနဲ့ အချိန်ကိုက်ဖြစ်သွားတာပါ။"

"ဆရာ ဒါကိုပြောင်းဖူးရိုးလို့ခေါ်တယ်။ ကျွန်တော်ဒါကိုတောင်ဘက်ပိုင်းကနေ ပြန်သယ်လာခဲ့တာ။ အဲ့ဒါက အထွက်နှုန်းများပေမဲ့ ဒီနေရာမှာဘယ်သူ့မှမစိုက်ပျိုးကြဘူး။ ခင်ဗျားအဲ့ဒါကို ဘယ်လိုသိတာလဲ?"

[Translator's note : သူက corn နဲ့ cob လို့ ရေးထားတာပါ။ အဓိပ္ပါယ်ကတော့ အတူတူပါပဲ။]

"အမှန်အတိုင်းပြောရမယ်ဆိုရင်တော့ အဲ့ဒါကလူတွေနဲ့ တိရစ္ဆာန်တွေနှစ်မျိုးစလုံးအတွက် အသင့်စားသုံးလို့ရတယ်လို့ ပြောထားတာကို စာအုပ်တစ်အုပ်ထဲမှာ ဖတ်လိုက်ရတယ်။ ပြောင်းဖူးမွေးတွေတောင်မှ အသုံးဝင်တယ်။ ငှက်နှစ်ကောင်ကိုတစ်ခါတည်း ကျောက်တုံး
တစ်တုံးတည်းနဲ့ သတ်ရတာလေ။ ဘယ်လောက်တောင် အဆင်ပြေလိုက်သလဲ။ အဲ့ဒါကြောင့်ကျွန်​တော်တစ်ချက်လောက် စမ်းကြည့်ကြည့်ချင်လို့။"

Transmigration : TFLOA "Fool" (BL) [Myanmar Translation]Where stories live. Discover now