Ep-34

16.3K 957 71
                                    

Unicord..

" Daddy..... တောင်းပန်တဲ့ သူက တောင်းပန်ရင် ကိုယ်က ခွင့်လွှတ်တက်ကမယ်တဲ့.... အမှား ဆိုတာ ပြန်ပြင်ဆင်ဖို့ အတွက်လေ.... "

ဧည့်ခန်း စားပွဲဝိုင်းမှာ..... လူလေးယောက်သား ထိုင်နေသည်......

ဦးမှိုင်း နှင့် Yan က တစ်ဖက်.... မိုးသားကတော့.... ထိုင်စရာနေရာတွေ ရှိပေမဲ့ Z ပေါင်ပေါ်တွင်သာ..... သူအတွက် ထိုင်ခုံတစ်ခုလိုပင်..... ဦးမှိုင်းတို့နဲ့ မျက်နှာချင်းဆိုင်ထိုင်နေကြသည်....

ဦးမှိုင်း Zစံအိမ်ကို ​ရောက်တာ 2 နာရီကျော်သွားပြီ..... Z ထွက်မတွေ့ရတဲ့ အကြောင်းအရင်းက ကလေးငယ် အိပ်ပျော်နေလို့ပင်..... ကလေးငယ်က သူချီထားမှသာ အိပ်တက်တာကြောင့် မွေ့ယာပေါ် ချတာနဲ့ မွေးကာစ ကလေးလို ဂျီကျ ချင်သည်...

ဒါကြောင့် Z ကလေးငယ်ကို.... ၂ နာရီကြာ ချီထားကာ..... အခန်းထဲ လမ်းလျှောက်နေရသည်.... ကလေးပေါက်ကတော့..... Z ရဲ့ ပုခုံးထက် ခေါင်းလေးစောင်းကာ အိပ်ပျော်နေသည်.... ၂ နာရီ လောက်ကြာတော့.... ဒင်းလေး က အင်းးးအဲ လုပ်ကာ နိုးလာတယ်......

ထို အခါမှ သူ့လေးကို လန်းသွားအောင် မျက်နှာ သစ်ပေးပြီ.... မဟာမှိုင်းကို ထွက်တွေ့ဖို့ လုပ်သည်..... သူ့ဟာသူ အချိန် ဘယ်လောက် ကြာအောင် စောင့်နေပါစေ Z အတွက် အရေးမကြီးပါ.... ကလေးငယ်..... အိပ်ရေး မဝ မှာတော့ Z အတွက် အရေးကြီးသည်။

အောက်ထပ် ရောက်တော့ သူလေးကို နွားနို့နှင့်. သူစားနေကြ Oredo လေး ကျွေးကသေးသည်...

" Daddy ခွင့်လွှတ် ပေးမယ်မှတ်လားဟင် "

ကလေးငယ်က ခွင့်လွှတ်စေချင်တာလား..... ဒါပေမဲ့.... အဲ့အရာက ကိုယ့်အတွက် အရမ်း ခက်ခဲနေတယ်.... အချစ်ရယ်..။

**မင်းတောင်းပန်တာကို လက်ခံတယ်...... ဒါပေမဲ့ မင်းကို ငါခွင့်မလွှတ်ဘူး....

မင်းကြောင့် သေတဲ့ အထိ မြေအောက်ခံမှာ ပိတ်လှောင်နေခဲ့ရတဲ့ ငါ့အမေ!

မင်းကြောင့်.... ငါ့အမြဲ ခွေးတစ်ကောင်လို ရိုက်နှပ်ခံခဲ့ရတာ.....!

မင်းကြောင့် ! အရာအားလုံးက မင်းကြောင့် မဟာမှိုင်း....**

" Daddy အတွက် အရမ်းခက်ခဲနေမှန်းသိပေမဲ့...... သားသား တောင်းဆိုတာပါ "

Mr.Z..../ S1 ( Z &U )CompleteWhere stories live. Discover now