Part 45 (U+Z)

5.2K 413 81
                                    

#Unicode

"ဖွား"

"ရှင့်"

"ပြောစရာရှိတယ်"

"ပြောစမ်းကွာ"

"သားပြောလိုက်ရင် သားကို အိမ်ပေါ်က နှင်မချရဘူးနော်"

"ဟယ် ဘာလို့တုန်းဟဲ့ ထူးထူးဆန်းဆန်းပါ့လား"

"ဖွားပြောသလိုပဲ ထူးဆန်းတာမို့ သားပြောတာကို နားထောင်ပြီးတဲ့အခါ အိမ်ပေါ်ကနှင်မချပါဘူးလို့ ကတိပေး"

"အင်း ပေးတယ်"

"‌သားမှာ ချစ်သူရှိနေပြီ ဖွား"

"အမလေး ငါ့မြေးရယ် ဘာများလဲလို့။ ဒီအရွယ် ယောင်္ကျားလေး ချစ်သူရှိတာ ဆန်းသလား"

"သားချစ်သူက ယောင်္ကျားလေး"

"အိမ်း ဒါတော့ ဆန်းသွားပြီ"

"ဖွား ဘယ်လိုသဘောရလဲ"

"မြေးမေမေ သိပြီးပြီလား"

"ဟုတ်"

"ဘာပြောလဲ"

"လက်မခံနိုင်ဘူးတဲ့"

"အင်း ဒီလိုပဲ ဖြစ်မှာပဲလေ"

"ဖွားကရော"

"မြေးလေး ချစ်ချင်တဲ့သူကိုချစ်ပါ။ ငါ့မြေး စိတ်ချမ်းသာရမယ်ထင်တဲ့ လမ်းကိုရွေး။ ဖွားက နှစ်တွေအကြာကြီး နေရတော့မယ်သူ မဟုတ်တော့ မြေးကို မပိတ်ပင်ချင်ဘူး။ ဖွားရဲ့ ကျန်‌ရှိနေသေးတဲ့ သက်တမ်းတိုလေးအတွင်းမှာ ငါ့မြေးနဲ့ ပျော်ပျော်ရွှင်ရွှင်နေသွားချင်တာ။ ငါ့မြေးစိတ်ချမ်းသာဖို့ အရေးကြီးတယ်"

"ကျေးဇူးပါ ဖွား"

"သားနဲ့ ရွယ်တူပဲလား"

"သားထက် ငါးနှစ်ငယ်တယ်"

"ဟယ် ကလေးလေး ရှိသေးတာပဲ"

"ဟုတ်ဖွား။ ခုနှစ် တတိယနှစ် တက်ရမှာ"

"အင်း မြေးယောင်္ကျားလေးတစ်ယောက် ထပ်တိုးတာပေါ့။ သူက ဘယ်ကလဲ"

"ဟင်္သာတနယ်ဘက်ကဖွား"

"ရန်ကုန်က မဟုတ်ဘူးပဲ"

"ခုလောလောဆယ် ရန်ကုန်မှာရှိတယ်ဖွား။ သူ့အစ်မနဲ့ လာနေတာ။ သူ့အစ်မက သားနဲ့ရွယ်တူပဲ သူငယ်ချင်းတွေ။ ပြီးတော့ သူ့အစ်မကို ဖွားလည်း သိတယ်"

မြတ်နိုးစွာ နှောင်ဖွဲ့မိသောWhere stories live. Discover now