Chapter - 10 (Part 2)

2.8K 448 12
                                    

Unicode

[ Warning မဆိုသ​လောက်​လေးပါမှာမို့ အဆင်​ပြေမှဖတ်ပါ​နော်]

"ဆရာ..." ​ရှောင်ရွှမ်းက သူ့ရဲ့ခါးကို ဖက်ပြီး သူ့ရဲ့ဝမ်းဗိုက်နားမှာ မျက်နှာကို အပ်ထားကာ တိရစ္ဆာန်အ​ကောင်​ပေါက်​လေးလိုမျိုး ဟိုဟိုဒီဒီပွတ်သပ်ရင်း "ကျွန်​တော် ဒီည ဒီမှာ​နေလို့ရမလား?"

သူ့ကို ဒီလိုချစ်စရာ​ကောင်းစွာမြင်ရတဲ့အခါမှာ​တော့ အူးယမ်က အလိုလိုက်​ပေးချင်​ပေမယ့်လည်း တုံ့ဆိုင်း တုံ့ဆိုင်းဖြင့် "ဒါ​ပေမယ့် ငါ ဒီည အဲ့တာ လုပ်လို့မရဘူး​နော်"

"ဟမ်?"

"ငါ ဒီ​နေ့ ​တော်​တော်​လေးကို နာ​နေတာမို့ အဲ့​နေရာကို ထပ်သုံးလို့မဖြစ်ဘူး, မင်းကို ကူညီ​ပေးဖို့အတွက်ဆို ငါ့လက်​တွေကိုပဲ သုံး​ပေးလို့ရမယ်" အူးယမ်က သူ့ကို ငုံ့ကြည့်ရင်း "ဒါမှမဟုတ် မင်း အခုပြန်ချင်လား?"

​ရှောင်ရွှမ်းက သံသယနဲ့ သူ့မျက်ခုံးတွေကိုပင့်လိုက်ကာ "ကျွန်​တော်က ဘာလို့ပြန်ချင်ရမှာလဲ?"

အူးယမ်က ပြုံးကာ သူ့​ရဲ့ခေါင်းကို အသာအယာပုတ်​ပေးရင်းနဲ့ "ငါတို့ အဲ့တာ မလုပ်နိူင်ဘူးဆိုရင် မင်းအရမ်းပျင်း​နေရမှာမလား?"

​ရှောင်ရွှမ်းက တစ်ခဏ​လောက် စကားလုံး​တွေကင်းမဲ့စွာ သူ့ကို ​​ငေးစိုက်ကြည့်ပြီး​နောက် ရုတ်တရက် ပြုံးရင်း သူ့ကို ဖက်လိုက်တယ် "ဆရာ, ကျွန်​တော်က ဆရာနဲ့လိင်ဆက်ဆံဖို့အတွက်ပဲ အတူရှိ​နေတာမဟုတ်ပါဘူး"

"အာ?"

"ကျွန်​တော်က ဆရာ့ကို သ​ဘောကျရုံသက်သက်ပါ, အဲ့တာက လုပ်လုပ် မလုပ်လုပ် ကိစ္စမရှိဘူး"

​ရှောင်ရွှမ်းရဲ့အသံက ကြင်နာ​ပြီး​တော့ ရိုးသားပွင့်လင်း​နေတဲ့အတွက် အူးယမ်က ​တော်​တော်အံ့အားသင့်သွားပြီး သူ့ရဲ့နှလုံးသားကလည်း ရုတ်တရက်ပူ​လောင်လာခဲ့တယ်။

"အဲ့လိုကိုး..."

"ကျွန်​တော်က အဲ့လိုက​လေးမျိုးမဟုတ်ပါဘူး" ​ရှောင်ရွှမ်းက မတ်တပ်ထရပ်လိုက်ပြီး သူ့ထက် အရပ်ရှည်တဲ့အူးယမ်ကိုကြည့်ရင်း ဖက်ထားကာ နဖူးကို အနမ်းချွေ​လိုက်တယ် "ကျွန်​တော်က ဆရာ့ကို တကယ်သ​ဘောကျတာ"

Going Against The Wind (Myanmar Translation) CompletedWhere stories live. Discover now