Chapter(52):အမည်ပေးခြင်း-1 အမည်ပေးခြင်း-1

4.9K 1K 2
                                    

Zawgyi

ရှောင်ပုတန်နဲ့ရှောင်မီတို့က သားပေါက်လေးတွေကိုချီပြီး တျန်းတျန်းနဲ့ကော်ကော်တို့အိမ်ဆီ သွားတော့တယ်။

တစ်စုံတစ်ယောက်က အဖေလို့ခေါ်လိုက်သံကို
ကြားလိုက်ရတဲ့အချိန်မှာ ရှုရန်နဲ့လျိုထုံတို့က ခြံဝင်းထဲမှာ အလုပ်များနေကြတယ်။ လှည့်ကြည့်လိုက်တော့ က​လေးလေးယောက်က ခြံဝင်းရဲ့ဂိတ်တံခါးအပြင်ဘက်မှာ မတ်တပ်ရပ်နေကြတာကို သူတို့မြင်လိုက်ရတယ်။ သူတို့ရဲ့သားနှစ်ယောက်အပါအဝင် တစ်ယောက်ချင်းစီက
ခွေးပေါက်လေးတစ်ကောင်စီကို ချီထားကြတယ်။

ရှုရန်ကခြံဝင်းတံခါးကို ဖွင့်ပေးလိုက်ပြီး ကလေးတွေကို အထဲဝင်ခိုင်းလိုက်တယ်။

ကလေးတွေက ခြံဝင်းထဲကိုဝင်ပြီးတာနဲ့ ခွေးပေါက်လေးတွေကို ချက်ချင်းအောက်ကို ချလိုက်ကြတော့တယ်။ ခွေးပေါက်လေးတွေက မလေးပေမဲ့လည်း
ဒီ​လောက်လမ်းအရှည်ကြီးကို လျှောက်လာပြီးတဲ့နောက်မှာ သူတို့နည်းနည်းပင်ပန်းနေသလို ခံစားလာရပြီဖြစ်တယ်။

ကလေးတွေပင်ပန်းနေကြတာကို မြင်တော့ ရှုရန်က
နောက်ပြန်လှည့်ပြီး လျိုထုံကိုပြောလိုက်တယ်။ "ထုံထုံ ကလေးတွေအတွက် သောက်စရာရေအချို့ ယူလာပေးလိုက်ပါအုံး။ သူတို့ကို ခဏအနားပေးလိုက်ရအောင်။"

ရှုရန်က တျန်းတျန်းနဲ့ကော်ကော်တို့ကို ခွေးပေါက်လေး တွေအကြောင်း မမေးသလို ဆူလည်းမဆူပါဘူး။ အဲ့ဒါက တျန်းတျန်းနဲ့ကော်ကော်တို့ကို ဝမ်းဗိုက်ထဲမှာ
လိပ်ပြာလေးတွေ ပျံသန်းနေသလိုမျိုး မလွယ်ကူဘူးလို့ ခံစားမိသွားစေတယ်။

လျိုထုံကရေအချို့နဲ့​ ရှောင်ပုတန်နဲ့ရှောင်မီတို့အတွက်
အဆာပြေအစေ့လေးတွေ အချို့ကိုလည်း ယူလာပေးလိုက်တယ်။ ထို့နောက်ရှုရန်က သူ့ပါးစပ်ကို ဖွင့်လိုက်တယ်။ "ရှောင်ပုတန် သားဘယ်ကိုသွားသလဲဆိုတာကို သားမိဘတွေသိလား?"

အခုချိန်ကျမှ ရှောင်ပုတန်က သူအိမ်ကနေမထွက်လာခင်တုန်းက ဘယ်သူ့ကိုမှမပြောပြခဲ့ဖူးဘူးဆိုတာကို နားလည်သွားခဲ့တာဖြစ်တယ်။ အဲ့ဒါထက်ပိုဆိုးတာက သူကသူ့ညီငယ်လေးကိုပါ သူနဲ့အတူအပြင်ကို ခေါ်ထုတ်မိသွားသေးတယ်။ သူနောက်ထပ် မရယ်နိုင်တော့ဘူး။ 'အခုငါသေပြီ . . . ငါဒီနေ့ အဆူခံထိတော့မှာပဲ။'

Transmigration : TFLOA "Fool" (BL) [Myanmar Translation]Where stories live. Discover now