Arc 1.11 အန်းရီချန်း

1.5K 198 5
                                    

Unicode

နေ့လည်စာ စားချိန်....
ရှီအာဟာ ကျောင်းကန်တင်းဘက်သို့ နေ့လည်စာ စားရန်ထွက်လာခဲ့သည်။ ထိုအချိန်ထိ သူမဟာ ကျောင်းဖိုရမ်ရဲ့ သတင်းတွေကြားပေါက်ကွဲမှုကို မသိသေးပေ။ သူမဟာ နဖူးမှ ပလာစတာလေးဖြင့် နူးညံ့အားလျော့စွာ ကျောင်းကန်တင်းသို့ လျှောက်လာခဲ့သည်။ ကျောင်းသားတွေဟာ သူမကို သနားစိတ်နဲ့ကြည့်ကြပြီး သူမကို ဖြူစင်ခြင်း နတ်ဘုရားမလေးအဖြစ်ကြည့်ကြပေတယ်။ သူမဟာ ပတ်ဝန်းကျင်ရဲ့အမြင်တွေကို သတိမမူစွာပဲ သူမရဲ့ဆာလောင်နေတဲ့ဗိုက်ကို ဖြည့်ဆည်းရန်သာ အာရုံရှိသည်။ တစ်ချိန်တည်းမှာပင် ကျောင်းကန်တင်း၌ အနိုင်ကျင့်ခံနေရတဲ့ ဟူးဝေဖန်းသည်လဲရှိလို့နေတယ်။ တစ်ခြားအခန်းထဲမှ ကျောင်းသူအုပ်စုဟာ သူမရဲ့ ဘေးပတ်ပတ်လည်မှာ ဝိုင်းနေပြီး သူမရဲ့ နေ့လည်စာ ပန်းကန်ထဲသို့ ရေများလောင်းထည့်နေသည်။ ပြီးတဲ့နောက် သူမရဲ့ ခေါင်းပေါ်သို့ ဟင်းရည်များလောင်းချနေသည်ကို တွေ့လိုက်ရသည်။ ထိုလုပ်ရပ်တွေဟာ ရှီအာကို မျက်လုံးပြူးသွားစေတယ်။ အကျိုးသက်ရောက်မှု မြန်ဆန်လွန်းတဲ့လောကကြီးပဲ။ သူမဟာ ဟူးဝေဖန်းရဲ့အနိုင်ကျင့်ခံနေရသည့် ပုံရိပ်ကိုမြင်တွေ့ရပြီးနောက် ဒါဟာသူမနှင့်ထိုက်တန်သည်ဟု တွေးလိုက်သည်။ သို့သော်သူမရဲ့ မျက်နှာထက်မှာ ဝမ်းနည်းစိတ်မကောင်းသည့် အမူအယာရှိနေဖို့ မမေ့ပါဘူး။

ဒါ့အပြင် ကျောင်းအုပ်ကြီးသည် ဟူးဝေဖန်းရဲ့မိဘတွေကို ဆင့်ခေါ်လိုက်သည်ဟု system လေးဆီမှ ကြားသိရသည်။ မကြာခင်မှာ သူမဟာ နာမည်ပျက်တွေနဲ့ ကျောင်းထုတ်ခံရတော့မည်ပင်။

ရုတ်တရက် systems လေးဆီမှ အချက်ပေးသံကြားလိုက်သည်။
"ဒင်!!!" မစ်ရှင်ကျရောက်လာခဲ့သည်။ အကြောင်းအရာမှာ ဒီနေ့လည်တွင် ဇာတ်လိုက်မနှင့် သူငယ်ချင်းနှစ်ယောက်ဟာ ကျောင်းကန်တင်းစားဖိုဆောင်မှ ရေညစ်ပတ်များနှင့် ဒုတိယဇာတ်လိုက်ကို ကန်တင်းထဲတွင် ပတ်လိုက်မည်ပင်။ အဲ့ဒီအတွက် သူမဟာ ဒုတိယဇာတ်လိုက်ကို ကာကွယ်ပေးရမယ်ပေါ့။

သူမသည် ကျောင်းကန်တင်းထဲသို့ ဝေ့ဝဲကြည့်လိုက်တယ်။ ချောင်လေးတစ်နေရာတွင် ခေါင်းလေးငုံ့ကာ နေ့လည်စာစားနေတဲ့ ကောင်ငယ်လေးကို သူမ မနည်းရှာလိုက်ရသည်။ သူမဟာ ထိုကောင်လေးကို တွေ့သည်နှင့် ထိုကောင်လေးရဲ့အနောက်ဘက် မလှမ်းမကမ်း ထိုင်ခုံတွင် ထိုင်ပြီး နေ့လည်စာစားရန်ပြင်လိုက်သည်။ သူမဟာ ထိုကောင်ငယ်လေးရဲ့ကျောပြင်ကို အနောက်ဘက်မှ ထိုင်ကြည့်နေလေတယ်။ ထိုကောင်ငယ်လေးရဲ့နောက်ကျောဟာ သေးငယ်ပေမယ့် ဗီလိန်ရဲ့ အရှိန်အဝါကို သူမခံစားမိသည်။ ယခုအချိန်မှာ ထိုကောင်လေးဟာ အားနည်းတဲ့သားကောင်လေးဖြစ်နိုင်ပေမယ့် နောင်တစ်ချိန်မှာ ဝံပုလွေတစ်ကောင်ဖြစ်နေမှာ ပြောနေဖို့မလိုပါဘူး။

ဒုတိယဇာတ်လိုက် အတွက် ရွှေပေါင်လုံးကြီးဖြစ်ပေးမယ်-(arc1) The Resurrection MissionWhere stories live. Discover now