Chapter 6 (U+Z)

7.7K 1.5K 111
                                    

-Unicode-

အခန်း ၆: ကြယ်စုနှစ် 2333

နှစ်ရက်ကြာသော်

တတိယတပ်ဖွဲ့ရဲ့ စစ်သင်္ဘော Wyvern က စွန့်ပစ်ခံဂြိုလ် B-324 ရဲ့ ဓာတ်ငွေ့ထုထဲကို နဂိုစီစဉ်ထားတဲ့ ရက်ထက် တစ်ရက်စောပြီး ဆင်းသက်လိုက်တယ်။

ဆက်တိုက်ဆိုသလို အခုန်မှတ်တစ်ခုပြီး တစ်ခုခုန်ကူးပြီးနောက် စစ်သင်္ဘော Wyvern ပေါ်က လူတွေအကုန်လုံး အနည်းအကျဉ်း နေထိုင်မကောင်းဖြစ်နေကြတယ်။

ဒီလို ခုန်ကူးတဲ့အရေအတွက်ကာ သူတို့ခန္ဓာကိုယ် ခံနိုင်တာထက်ကို ကျော်လွန်နေပြီ။ ကြယ်စုမောင်းနှင်ခြင်းဆိုင်ရာဥပဒေမှာ စည်းမျဉ်းတစ်ခုရှိတယ်။ ပုံမှန်အာကာသယာဉ်တွေက တစ်နေ့ကို တစ်ခါပဲ ခုန်ကူးခွင့်ရှိတယ်။

စစ်သင်္ဘောတွေတောင်မှ အများဆုံး နှစ်ခါအထိပဲ ခုန်ကူးခွင့်ရှိတယ်။

သို့သည့်တိုင် တတိယတပ်ဖွဲ့က သူတို့ရဲ့ ကယ်ဆယ်ရေးမစ်ရှင်အတွက် အလျင်လိုနေခဲ့တယ်။ ဝမ်ရှောင်းယွင်တစ်ယောက် ဓာတ်ရောင်ခြည်ညစ်ညမ်းမှုနှုန်းမြင့်တဲ့ B-234 လို စွန့်ပစ်ခံအမှိုက်ဂြိုလ်မှာ ရောက်နေတယ်ဆိုတာ သိပြီးတဲ့နောက် ဆက်ပြီးငြိမ်ငြိမ်ထိုင်မနေနိုင်တော့ဘဲ ချက်ချင်း စစ်သင်္ဘောနဲ့ လက်တွေ့ပျံသန်းသွားလိုခဲ့ကြတယ်။ သုံးရက်တာ တိုတောင်းတဲ့ကာလလေးမှာ ၅ ကြိမ်လောက် ခုန်ကူးပြီး နောက်ဆုံးမှာတော့ B-324 ကို တစ်ရက်စောပြီး ရောက်သွားတယ်။

စစ်သင်္ဘောဆင်းသက်လိုက်တာနဲ့ တတိယတပ်ဖွဲ့က လူတွေအကုန်လုံး နေထိုင်မကောင်းဖြစ်ကြပြီး တကယ်ကြီးကို အန်ထွက်ကုန်တော့တယ်။

"အားလုံး ဒီမှာပဲနေပြီး အသင့်အနေအထားနဲ့ အနားယူနေလိုက်၊ ကျန်းဖုန်း မင်းရဲ့တပ်ဖွဲ့ကို ခေါ်ပြီး ငါ့နောက်လိုက်ခဲ့။ ငါတို့သွားကြမယ်။"

"ဟုတ်ကဲ့ ဒုဗိုလ်ချုပ်ချန်"

ချန်ကျင့်ရွှယ်ရဲ့ ခေါင်းဆောင်မှုအောက်မှာ အတော်ဆုံးတပ်ဖွဲ့က ဓာတ်ရောင်ခြည်အကာအကွယ်ဝတ်စုံတွေ ဝတ်ဆင်လိုက်ပြီး လက်ထဲမှာ လက်နက်အပြည့်အစုံနဲ့ စစ်သင်္ဘောကို စွန့်ခွာလိုက်ကြတယ်။

Worship Me, I Can Make You Rich (Myanmar Translation) U+Z (Complete)Where stories live. Discover now