မာန၏ အခြားတစ်ဖက် ✨ Part - 5

11.9K 912 26
                                    

Part - 5

                မာန၏ အခြားတစ်ဖက်

                ✨✨✨✨✨✨

လွှမ်း တစ်ယောက် သူဌေး ရဲ့ ရင်ခွင်ထဲကနေ ရုန်းထွက် လာပြီး အလုပ်ကိုပြန်တဲ့ လမ်းတစ်လျှောက်
ရှက်စိတ်သာ ကြီးစိုးနေတော့တယ်။

မိန်းကလေးတွေကို စိတ်မဝင်စားပဲ ယောင်္ကျားလေး
တွေကိုသာ စိတ်ဝင်စားတယ်ဆိုတာဟာ လွှမ်း ရဲ့
ပြင်လို့မရတဲ့ မွေးရာပါ ဖြစ်တည်မှု အမှန်တရားဆိုတာကို ကိုယ်တိုင်လက်ခံထားပေမဲ့ ဒီနေ့ထိ လွှမ်း ဟာ ဘယ်ယောင်္ကျားတစ်ယောက်နဲ့မှ လက်ပွန်းတတီးမနေခဲ့ဖူး ။

လွှမ်း ရဲ့ အရင်းနှီးဆုံး လူသားဟာလည်း ဖေဖေ
ပြီးရင် သူငယ်ချင်း ရိပ်ငြိမ် ပဲရှိခဲ့တာ....ခုနောက်ပိုင်း ဒေါက်တာအကို နဲ့ တစ်မိုးအောက်ထဲ နေခဲ့ရပြီး အကို့ ရဲ့ ဂရုစိုက်ပေးမှုတွေကြောင့် လွှမ်း စိတ်ကသာယာခဲ့ပေမဲ့ ဘယ်တော့မှ လွှမ်း ရဲ့ စိတ်ခံစားချက်ကို အခြားသူအရှေ့မှာ ထုတ်မပြခဲ့ဘူး ။ နောက်ပြီး အချစ်လို့ပြောရလောက်အောင်
အထိ ဘယ်သူ့အပေါ်မှာမှလည်း မတွယ်ငြိမိသေး ။

အဲလို လူတစ်ယောက်ကို ဘာကြောင့်များ မိန်းကလေးတွေကိုပဲ စိတ်ဝင်စားတဲ့ လူတစ်ယောက်က
ကိုယ်ထိလက်ရောက် စော်ကားနိုင်ရတာလဲ ။
ကိုယ်ဟာ သူ့အတွက် အထင်သေးစရာ လူတစ်
ယောက်များလား ။

လွှမ်း တစ်ယောက်ထဲ အတွေးပေါင်းများစွာနဲ့ ဆိုင်
ကို ပြန်ရောက်လာတဲ့အထိ ...  ဒေါသလဲထွက်နေ
သလို ရှက်လဲရှက်နေတုန်းမို့ အထူးသဖြင့် မုန်းမာန်ဝင့်ထည် ဆိုတဲ့လူနဲ့ မျက်နှာချင်းဆိုင်ဖို့ ဘယ်လိုမှ စိတ်မရဲတော့တာကြောင့် အလုပ်ထွက်ဖို့ပဲ ဆုံး
ဖြတ်လိုက်ပါတော့တယ်။

ညဘက် အိမ်ကိုပြန်ရောက်တော့ အကို က နောက်
ဖေးမီးဖိုခန်းထဲမှာရှိနေတာကြောင့် လွှမ်း မီးဖိုခန်းထဲ ဝင်သွားတယ်ဆိုရင်ပဲ အကို က Apronကြီးဝတ်ပြီး
ချက်ပြုတ်နေလေရဲ့ ။ လွှမ်း ကိုမြင်တော့
မူပိုင်အပြုံးချိုချိုလေးနဲ့ ပြုံးပြနေတာ ။

လွှမ်း ဘယ်လောက်ပဲ ပင်ပန်းပင်ပန်း အကို့ ရဲ့ အ
ပြုံးကို မြင်လိုက်ရတိုင်း စိတ်အေးချမ်းသွားရစမြဲ ။
ဟိုလူရဲ့အပြုံးနဲ့များ ကွာချင်တိုင်းကိုကွာတာပဲလို့
တွေးမိသွားတဲ့အချိန် အတွေးက မနက်က အ
ကြောင်းဆီ စိတ်ရောက်သွားပြန်တယ်။

မာန၏ အခြားတစ်ဖက် 🌟 မာန၏ အခြားတစ်ဖက် ( Completed)Where stories live. Discover now