Part 34

2.4K 119 0
                                    

Uni

"ကျစ် တောက်စ် ကွာ"

လူက စိတ်တိုနေမှန်းသိသည်။
ထိုကြောင့် စကားမပြောလိုခြင်း။
သို့ပေမယ့် ဘေးနားက အမျိုးသမီးလေးက မရပ်မနား ပြောနေသည်။

ဒီအချိန်မှာ တကယ်ကိုပင် မပြောချင်။
ဒေါသ ထွက်နေသည့်အချိန် အောက်ငေါက်မိလျှင်လည်း ကိုယ်ပဲ စိတ်မကောင်း ဖြစ်ရဦးမည်။

အချိန်တွေဟာ လွန်သွားသည်။
ကိုယ့်ကိုကိုယ် မထိန်းချုပ်လိုက်နိုင်။
သူမကို အော်မိသွားသည်။

အသံတိတ်ပြီး တစ်ဖက်လှည့်သွားပြီ။
သေချာသည်။
ငိုနေတော့မည်။

ပျံ့လွင့်နေသည် စိတ်ကို မနည်းစူးစည်းနေရသည်။
သူမကတော့ တစ်ဖက်ကို မျက်နှာလှည့်လျက်။

ထိုအချိန် အရှေ့ဘက်မှ ကားတစ်စီးလာသည်ကို မမြင်မိ။

"ခန့်ညားထည်ဝါ အရှေ့မှာ"

ထိုကားကို အမြန်ရှောင်လိုက်ပေမယ့် ကားက တစ်ဖက်က သစ်ပင်ကို ဝင်ဆောင့်မိသည်။

ဘေးနားက အမျိုးသမီးငယ်ကိုတော့ မထိခိုက်စေရန် ရင်ခွင်အတွင်းသို့ ဆွဲသွင်းထားလိုက် ပါသည်။

"ခွန်း ဘာဖြစ်သွားသေးလဲ အဆင်ပြေရဲ့လား
ကိုယ့်ကြည့်ရအောင်

တော်သေးတာပေါ့ ဘာမှ မဖြစ်လို့"

ကြောက်လန့်နေသော သူမကို အတန်ကြာသည်ထိ ဖက်ထားလိုက်ပါသည်။

"လွှတ်ဦး"

" ........"

"ခန့်ညားထည်ဝါ လွှတ်ဦး"

" ........."

"ခန့်ညားထည်ဝါ လွှတ်ဦးလို့......!!!!"

"အော် အင်း ရလား ဘယ်နားထိသွားသောလဲ"

"ကားတိုက်လို့ မသေဘူး အသက်ရှုကျပ်လို့ သေတော့မယ်"

"sorry ပါခွန်းရယ်
ကိုယ်အရမ်း စိတ်ပူသွားလို့ပါ"

"အင်းပါ ရှင်ရော ဘယ်နားထိသွားသေးလဲ

ရှင့်လက်မှာ သွေးတွေ အများကြီးပါလား"

ခွန်းရဲ့ခန္ဓာကိုယ်ကို သူ့လက်နဲ့ ကာပေးထားသည့်အတွက် သူ့လက်ထိသွားခြင်း
သွေးတွေများလိုက်တာ ဆေးလည်း ယူမလာမိ

You had me at helloWhere stories live. Discover now