Chapter - 10 (Part 3)

2.8K 435 11
                                    

Unicode

နောက်ထပ်ရက်အနည်းငယ်မှာလည်း ​ရှောင်ရွှမ်းက  အူးယမ်ရဲ့အိမ်ကို ​နေ့တိုင်းလာပြီးစစ်​ဆေး​ပေးတယ်။ ကျောင်းလီမရှိတဲ့အချိန်​တွေဆို သူ့ကိုဆေးလိမ်းဖို့အတွက် ကူ​ပေးပြီး​နောက် ချိုမြိန်စွာဖက်​​​ထွေးကာ စကား​တွေ​ပြောတယ်, TV အတူကြည့်ကြတယ်။

ပုံမှန်အတိုင်း နမ်းတာ, ကြင်နာစွာဖက်တာ​​တွေတော့ရှိ​ပေမယ့် ​ရှောင်ရွှမ်းက အ​နောက်က​နေရာကိုသုံးပြီး​တော့ အချစ်ကို မဖန်တီး​တော့ဘူး။ အဲ့အစား အူးယမ်ကို အလွန်စိတ်အ​နှောင့်အယှက်ဖြစ်​​အောင်, မျက်နှာတစ်ခုလုံးနီရဲ​အောင်အထိ မကြာခဏစ​နောက်တယ်။ ပြီး​တော့ ​ရှောင်ရွှမ်းက သူ့ကိုဂရုစိုက်​​ပေးဖို့ လက် ဒါမှမဟုတ် ပါးစပ်ကို သုံးတယ်။ အဲ့ဒီ​နောက် ​ရှောင်ရွှမ်းက​တော့ အိမ်မပြန်ခင်မှာ သူ့ကိုယ်သူပဲ ပြန်ပြီး ဂရုစိုက်​လိုက်တယ်။ [ ဒီ​နေရာမှာ​သုံးထားတဲ့ ဂရုစိုက်တယ်ဆိုတာက ဟိုစိတ်ဆန္ဒကို ​ဖြေ​လျော့တာကို ဆိုလိုချင်တာပါ ]

ဒီလိုမျိုးပိုပြီးဖြစ်လာ​လေ, အူးယမ်က သူ့အတွက်ဘာလုပ်​ပေးသင့်တယ်ဆိုတာကို ပိုပြီး​​တွေးလာ​လေပါပဲ။ သူ့ရဲ့ခန္ဓာကိုယ်အ​ခြေအ​နေ​ကြောင့် တစ်ခဏ​တော့ သူ့ကိုပြန်ပေးဖို့အတွက် လိင်ဆက်ဆံ​​ပေးလို့​မရဘူးဖြစ်တယ်။ သူကိုယ်တိုင်ကလည်း အလုပ်လုပ်တဲ့သူဖြစ်တာ​ကြောင့် ဝင်​ငွေမရှိတဲ့​ကျောင်းသား​လေးအတွက် တစ်ခုခု လက်​ဆောင်ဝယ်​ပေးတာက​တော့ တကယ်ကို​ကောင်းတဲ့အစီအစဥ်တစ်ခုလို့ထင်ရတယ်။

အူးယမ်က တကယ်ကို ခြိုးခြံ​​ချွေတာတဲ့သူဖြစ်​တယ်။ ဒါပေမယ့် ​ရှောင်ရွှမ်းသုံးဖို့အတွက် လက်​ဆောင်​ပေးရမယ်လို့စဥ်းစားမိတဲ့အခါမှာ​တော့ သူ့နှလုံးသားက လုံးဝမနာကျင်​တော့​ပေ။ သူ​ စျေးထဲကိုဖြတ်​လျှောက်သွားတဲ့အခါမှာ ဒါက သင့်​တော်တယ်, ဒါလည်း သင့်​တော်တယ်ဆိုပြီး အဆက်မပြတ်ခံစား​နေရတယ်။ ပြီး​တော့ မသိစိတ်က​နေပဲ သူက ​ကျောင်းသား​တွေကြား​ရေပန်းစား​နေတဲ့ အားကစားဝတ်စုံနဲ့ ဖိနပ်​တွေကိုသာ ဝယ်လာလိုက်​တော့တယ်။

အချိန်တိုင်းမှာ ​ရှောင်ရွှမ်းက ချစ်စရာ​ကောင်းစွာပြုံးပြပြီး ​ကျေးဇူးတင်​ကြောင်း​ပြောလိမ့်မယ်။ အူးယမ်က သူ့ကို အဲ့လိုဝတ်ထားတာမျိုး တစ်ခါမှမမြင်ဖူးဘူးဖြစ်​သော်လည်း သူအရမ်း​ပျော်​နေတာကို မြင်ရတဲ့အတွက် ဒါ​တွေကို ​သူ တော်​တော်သ​ဘောကျတယ်လို့ တွေးမိလိုက်တယ်။ အဲ့ဒါ​ကြောင့် အူးယမ်က ​ဒေါ်လာတစ်​ထောင်နီးပါး ​နောက်ဆုံး​ပေါ် ဖိနပ်ကို သူ့အတွက် ဝယ်​ပေးမယ်လို့​တောင် စိတ်ဆုံးဖြတ်လိုက်​တော့တယ်။

Going Against The Wind (Myanmar Translation) CompletedWhere stories live. Discover now