Chapter - 53

7.4K 1.6K 141
                                    

ထိုညနေပိုင်းတွင်ပဲ ကျန့်ယောင်ရဲ့ ပြန်ဖြေရမှတ်တွေ ထွက်လာခဲ့တယ်။

ဘာသာရပ်တစ်ခုစီတိုင်းက ဆရာတွေကနေမှ ခက်ခဲတဲ့မေးခွန်းပုစ္ဆာတွေချည်းရွေးစုထုတ်ထားခြင်းဖြစ်ပြီး ဖြေဆိုမှုကိုတော့ ကျန်းကျောင့်ကျူးက ကြီးကြပ်သည်။ နောက်ဆုံးရမှတ်ကလည်း မတိုင်ခင်ကအတိုင်းပဲ မြင့်နေဆဲဖြစ်တာမို့ သူ့ရဲ့ရလဒ်တွေနဲ့ ပက်သက်လို့ ဘာအငြင်းပွားစရာမှ မရှိကြောင်းသက်သေထူနေလေတယ်။

ညနေတွင်းချင်းမှာပဲ ကျောင်းဖိုရမ်တွင် ပို့စ်များပလူပျံလျက်ရှိတယ်။

ဒုတိယနှစ် Class 1ကျောင်းသားတွေမှာ အဓိကမေးခွန်းလက်ခံရသူဖြစ်နေပြန်ပြီး တော်ရုံမရင်းနှီးသူတွေကတောင် လာလာမေးနေကြသည်။

Class group chat အတွင်းတွင်တော့ :

ကျန်းခဲ့ : [တခြားအတန်းက လူတွေ လာလာမေးနေလွန်းလို့ ငါ့ဖုန်းလေးတောင် စုတ်တော့မယ်]

ဟန်မုန့် : [ငါတို့ ဌာနက ရွှယ်တိတွေ ရွှယ်မေ့တွေ ဒီနေ့ငါ့အပေါ် တော်တော်လေးကို ပျူပျူငှာငှာဖြစ်နေကြတယ်၊ ကြည့်ရတာတော့ ငါက အဖိုးတန်ကောင်လေးဆိုတာ နောက်ဆုံးရှာဖွေသိရှိသွားကြပုံပဲ....]

ချန်ရင်းရင်း : [အဲ့နောက်တော့ရော?]

ဟန်မုန့် : [မပြောချင်ဘူး! မုန်းတယ်! အဲ့ဒီ စိတ်ပျက်စရာ alphaကောင်ကို!]

ကောကျစ်ရှုန်း : [အဲ့ဒါတော့ ဟုတ်တယ်၊ ယောင်ကောက တအားနာမည်ကြီးနေတာ၊ ငါ့ကောင်မလေးရဲ့သူငယ်ချင်းတွေကတောင် ယောင်ကောမှာရည်းစားရှိလား လာမေးနေပြီ]

ကျန်းခဲ့ : [သာ့ရှုန်း၊ မသင့်တော်ဘူးဆိုပေမယ့် င့ါပြောချင်တာလေးရှိလို့]

ကောကျစ်ရှုန်း : [ဘာလဲ?]

ဟန်မုန့် :  [သူမသူငယ်ချင်းတွေလား မဟုတ်မှ.....]

ချန်ရင်းရင်း : [တော်လိုက်စမ်း၊ နင်တို့နှစ်ကောင် သူများအတွဲကို မဖျက်ဆီးနဲ့]

[ကျန်းခဲ့မှ မက်ဆေ့တစ်ခု ပြန်ဖျက်သွားသည်]

[ဟန်မုန့်မှ မက်ဆေ့တစ်ခု ပြန်ဖျက်သွားသည်]

Pay Attention To Me [Myanmar Translation]Where stories live. Discover now