အပိုင်း - ၆

43.8K 3.7K 42
                                    

[ သူကြီးသမက် ]

ဒီနေ့ကမြန်မာလူမျိုးတို့ရဲ့အခါကြီးရက်ကြီးဖြစ်တဲ့ သီတင်းကျွတ်လပြည်နေ့ဖြစ်သည်။

ပုဆိုးအညိုလေးကို Shirt လက်ရှည်လည်ကတုံးအင်္ကျီအဖြူလေးနှင့်အရိပ်တွဲဝတ်၍၊အိမ်အောက်ထပ်ဆင်းလာတော့ ညီမလုပ်သူနှင်းနုကလဲလုံချည်ကွက်စိပ်ရင်ဖုံးလက်ရှည်လေးတွဲဝတ်ထားပြီး ပခုံးထပ်ပဝါအညိုလေးကိုပြန်တင်ထားကာ လက်ထဲမှာလည်းမုန့်ထုပ်များနဲ့ဖယောင်းတိုင်အမွေးတိုင်အပြည့်ထည့်ထားတဲ့လင်ဗန်းလေးကိုပိုက်ထားသည်။

" ကိုကိုပြီးရင် ခြံတံခါးပိတ်သွားရအောင် ဖေဖေနဲ့မေမေကဘုန်းကြီးကျောင်းအရင်သွားနှင့်ကြပြီ "

" အင်း "

‌" ဟေ့ နှင်းနု ပြီးရင်သွားကြရအောင် "

အရိပ်ခြံတံခါးပိတ်နေတုန်းဘုန်းကြီးကျောင်းသွားကြမယ် ရွာထဲကအပျိုတွေကနှင်းနုတွေ့တော့ပြောလာသည်။

ထိုအချိန် ရိုးတို့အဖွဲ့လည်းအဝေးကနေလာနေတာကို အရိပ်လှမ်းမြင်လိုက်ရတာကြောင့် မသွားသေးဘဲ အိမ်အရှေ့ကနေရပ်စောင့်နေလိုက်သည်။

ရွာထိပ်ဘုန်းကြီးကျောင်းကိုသွားကြသူတော်တော်များများကရွာထဲလမ်းကအရိပ်တို့အိမ်ရှေ့ကဖြတ်သွားကြရတာဖြစ်သည်။

ဒီနေ့ကလပြည့်နေ့ဖြစ်တာကြောင့် ရိုးကပုဆိုးကွက်စိပ်အစိမ်းလေးကိုအဖြူရောင် Shirt လက်ရှည်နဲ့ တွဲဝတ်ထားပြီး ပုဆိုးရှည်ကိုစိတ်ရှုပ်ဟန်လက်နဲ့စုပြီးဒူးနားအထိမြောက်ကိုင်ထားတော့ ခြေထောက်မှာစီးထားတဲ့သရေဖိနပ်အနက်‌ရောင်လေးနဲ့ခြေချောင်းညိုညိုလေးတွေကအထင်သားပေါ်လွင်နေသည်။

လက်ထဲမှာကလဲဆေးလိပ်တစ်လိပ်ကိုလက်ကြားညှပ်သောက်ရင်လျှောက်လာတဲ့ပုံကအရပ်ရှည်ရှည်နဲ့သူငယ်ချင်းတွေကြားထဲမှာဂျစ်ကန်ကန်ပုံလေးနဲ့ကိုပဲ ရိုးကဆွဲဆောင်မှုရှိနေပြန်သည်။

" ကိုကို သွားမယ်လေ "

ညီမလုပ်သူ နှင်းနုကခြံတံခါးပိတ်ပြီးမသွားသေးပဲ ရပ်နေတဲ့ အစ်ကိုလုပ်သူကိုကြည်ကာပြောလာတော့။

( သူကြီးသမက် )  CompletedWhere stories live. Discover now