ကြင်နာသူနဲ့ နေ့ရက်ပေါင်းများစွာ♥

10.1K 790 154
                                    

အလုပ်ကိုယ်စီနဲ့ နှစ်ယောက်လုံးမအားရဘူး။
ဘယ်လိုပဲ မအားပါစေ... မောင့်တောင်းဆိုမှုတွေ မပျက်ဘူး...
တစ်မျိုးမထင်ကြပါနဲ့အရပ်ကတို့ရယ်...
မောင်တစ်ယောက်.... ငယ်ထွေးကလေးမွေးပေးချည်းလုပ်နေတာ...တဂျီဂျီနဲ့ပါဆို...
ကဲ...အဲ့ကိစ္စဘယ်လိုရှင်းကြမတုန်း။

မွေးပေးလို့မရလို့ပါပြောတာလဲ မရဘူး။
မောင် ကလးလိုချင်နေရင် မွေးစားကြမယ်ဆိုလဲမဟုတ်ဘူး။
ငယ်ထွေး မွေးပေးဆိုတာချည်းပဲ။
တစ်နေ့တစ်နေ့ မောင် ကလေးလိုချင်တဲ့စိတ်က ပိုဆိုးလာတယ်။
တစ်ခါတစ်လေ ငိုပါငိုချင်တယ်။

ငိုချင်ဆို....
မောင်က အိပ်ယာထဲလဲဒီအကြောင်း ..
ထမင်းစားလဲ ဒီအကြောင်း..
ရေချိုးလဲ ဒီအကြောင်း...
သတိရတိုင်းပြောနေတာလေ... ကြာရင် ရူးလိမ့်မယ်။

အဆိုးဆုံးကတော့ ဝတ်ရည် ကိုယ်ဝန်ရသွားတာကြောင့်.
သူလဲ နေ့တိုင်းကြိုးစားတာ ကလေးမရလို့တဲ့။
သူယူထားတာ ယောကျားလေးပဲလေ..
ဘယ်လို ကလေးမွေးမှာလဲ။
မောင်မွေးပေး... ငယ်တလှည့်ကြိုးစား​ပေးမယ်ဆိုလဲ မဟုတ်ဘူး။
သူသည်သာ အထက်ပုဂ္ဂိုလ်...တစ်ချက်မှ အောက်မဆင်းဘူး။

နေပါအုံး....ကလေးပိစိ... ကလေးပိစိနဲ့ ကိုဘဂျမ်း ကလေးလိုချင်အောင် ဘယ်သူတွေမြှောက်ပေးနေတာလဲ။
ဒီမှာ အဆင်ပြေမနေဘူးနော်။

အိမ်ထောင်သက် ကြာလေ မောင့်ကိုပိုကြင်နာရလေပါပဲ။
ကလေးမမွေးနိုင်တဲ့သူကို ဘယ်လိုပဲတောင်းဆိုပါစေ စိတ်မဆိုးနိုင်ဘူး။ မောင် သိပ်ပြီးလိုချင်နေတဲ့ ကလေး မွေးပေးဖို့ပဲ စိတ်ကူးထားရတယ်။

အလုပ်တွေ သိမ်းကြုံးလုပ်တာလဲ လာကြည့်ကြအုံး။
တားလို့မရဘူး... သူ့ကလေးတွေအတွက်တဲ့။
အခုဆို မောင့်တူလေးကို ခေါ်ထားပြီ။
မောင့်အလုပ်တွေကို သူပဲဝိုင်းကူနေတာ။
မောင့်တူမလေးကတော့ လင်းသန့်မေမေနဲ့တူတူနေတုန်းပဲ။ မောင့်အမေရောပဲ လင်းသန့်အမေနဲ့တူတူနေကြပြီ။
အသက်တွေကြီးလာတော့ တိုးတိုးဖော်လိုတယ်လေ။
မောင်ရော လင်းသန့်ရော မိဘအနားမှာ မနေပေးနိုင်တော့ သူတို့အချင်းချင်းစောင့်ရှောက်ပြီး နေကြတာပေါ့။ ဘုရားသွားတူတူ...တရားစခန်းသွားတူတူ အဖော်ရနေကြတယ်။
မောင့်တူမလေးလဲ အားကိုးရပါတယ်။
တူတူနေပြီး ဖွားအေနှစ်ယောက်ကို ပြုစုပေးတယ်။

မိုးကောင်းကင်နှင့်ကမ္ဘာမြေ....ချစ်ခြင်းသက်သေWhere stories live. Discover now