Part - 6
် မာန၏ အခြားတစ်ဖက်
✨✨✨✨✨✨
လွှမ်း တစ်ယောက် သူဌေး ဆိုင်ကနေ အလုပ်ထွက်
လိုက်ရတယ်ဆိုရင်ပဲ စိတ်ထဲပေါ့ပါးသွားသလို ခံစားလိုက်ရတယ်။" တော်ပြီ .... ငါအလုပ်လဲ မလျှောက်တော့ဘူး .....
ကျောင်းပြီးမှပဲ အလုပ်လုပ်တော့မယ် .... နို့မို့ဆို
ခုလိုသူဌေးနဲ့ ထပ်တွေ့နေရရင် .... ငါပဲစိတ်ဆင်းရဲ
နေရမှာ "ဘာပဲဖြစ်ဖြစ် အလုပ်ထွက်လိုက်တော့ အကို့ ကို
ပိုပြီးဂရုစိုက်ချိန်ရတာပေါ့ ။ အကို က ဆေးရုံသွားလို့
ပင်ပန်းနေတာတောင် သူ့နားရက်တွေကို အစွန့်ပြစ်
ခံသက်ကြီးရွယ်အို ပြုစုစောင့်ရှောက်ရေး ဂေဟာ
တွေ ၊ မိဘမဲ့ကလေးဂေဟာတွေဆီ သွားပြီး လုပ်
အားပေးနေသေးတာ ။ ဘာပြဲဖစ်ဖြစ် အကို့ ကို စားကောင်းတာလေးတွေ ချက်ကျွေးဖို့ အချိန်ရပြီ
ပေါ့။လွှမ်း စိတ်ကူးထားတဲ့အတိုင်းပဲ အိမ်ပြန်ရောက်
တယ်ဆိုတာနဲ့ ညနေစာချက်ထားလိုက်တယ်။ အကို ကတော့ သူပြန်လာတဲ့အချိန် လွှမ်း ကိုတွေ့
တော့ အံ့သြသွားပြီး -----" လွှမ်းလေး .... ဒီနေ့အလုပ်မသွားဘူးလား ... နေမကောင်းလို့များ ပြန်လာတာလား "
တကယ်ပါပဲ ။ ဒီဆရာဝန်ဟာလေ လူမြင်တာနဲ့ နေ
မကောင်းဘူးလားကနေစမေးတာ ။ ဆေးထိုးရတာ
ကြောက်ပါတယ်ဆိုမှ ကိုယ့်ကို ဆေးပဲထိုးချင်နေတဲ့ပုံ ။" ကျွန်တော် နေကောင်းပါတယ် အကို ရယ် "
" ဒါဆို ဒီနေ့ အလုပ်နားထားတာလား "
" အလုပ်နားထားတာမဟုတ်ပါဘူး .... အလုပ်ကို
ထွက်လိုက်တာ .... ကျွန်တော်မလုပ်ချင်တော့လို့လေ "" အင်း !!! အဲလိုလား ....ဒါလဲ ကောင်းတာပါပဲ ....
အလုပ်လုပ်ဖို့က အချိန်တွေကျန်ပါသေးတယ် ....
ခုချိန်မှာ လွှမ်းလေး က စာကို ပိုအာရုံစိုက်လိုက်ရင်
.... နောင်တစ်ချိန် လုပ်ငန်းခွင်ဝင်တဲ့အခါ .....အများ
ကြီး အထောက်အကူဖြစ်မှာပါ "" ဟုတ်ကဲ့ပါ ခင်ဗျာ့ .... ခုတော့ အကို ရေသွားချိုးလိုက်ပါတော့နော် .... ကျွန်တော် ညစာချက်ထားပြီးပါပြီ "
YOU ARE READING
မာန၏ အခြားတစ်ဖက် 🌟 မာန၏ အခွားတဈဖကျ ( Completed)
Fanfictionချစ်ခြင်းမေတ္တာအကြောင်းပြောတဲ့အခါ မာနတွေကို ထားခဲ့ပါ ။ ချစ်ခြင်းမေတ္တာအကြောင်းပြောတဲ့အခါ မာနတွေကို ထားခဲ့ပါ ။