အပိုင်း { ၁၈ } 🌚🚫

58.4K 3.7K 934
                                    

                        [ Unicode ]

နေစေးတို့သွားရာဘက်သို့ကြည့်ပြီး ​မျက်နှာထက်နှုတ်ခမ်းတွေကပြုံးနေသော်လည်း မျက်ဝန်းတွေကမျက်ရည်ကြည်တို့ဝဲလျှက်။

ခွန်စိုင်းသိသလောက် နေစေးဆိုတဲ့ ဦးဆောင်သူက တောရပ်ရွာမှာနေပေမယ့် မဆင်းရဲဘူး၊ အာဏာကြီးတယ်၊ လူတိုင်းမလုပ်နိုင်တဲ့အရာကိုသူလုပ်နိုင်စွမ်းရှိတယ်၊ သြဇာရှိတယ် ၊ ဘယ်အရာမှချို့ယွင်းမနေဘူး။

ဒါပေမယ့် ခွန်စိုင်းကတော့ သူနဲ့မတူဘူး...ခွန်စိုင်းမှာ ပိုင်ဆိုင်တာဘာမှမရှိသလို..နေစေးအပေါ်ချစ်တဲ့ ချစ်ခြင်းတစ်ခုကလွဲပြီး သာယာမှု့တောင်ပေးနိုင်ပါ့မလားမသေချာဘူး။

အချစ်? အချစ်တစ်ခုရှိရင်တောင် ခွန်စိုင်းကယောက်ကျားလေးဖြစ်နေလို့ နေစေးနဲ့လိုက်ဖက်မှု့ကဘယ်လိုမှမဖြစ်နိုင်ဘူး ။ အကယ်၍သာ ခွန်စိုင်းမဟုတ်ပဲ နေစေးရဲ့လက်တွဲဖော်က နော်အဲလာဆိုရင်တော့...အင်း အဆင်ပြေသွားတာပေါ့ ။

ပွဲစျေးလမ်းလည်ခေါင်မှာအတွေးတို့လွန်ဆွဲကာ တစ်ယောက်တည်းရပ်ပြီးအရူးလိုပြုံးရင်း မျက်ရည်ကြည်တွေပြည့်နေတဲ့မျက်ဝန်းတို့နဲ့ ထွက်သွားသူရဲ့တစ်နေရာကိုကြည့်နေတဲ့ ခွန်စိုင်းဟာ စိတ်အားငယ်နေခဲ့သည်။

* နောက်ဆုံးတော့ ကိုယ်က မင်းရဲ့ဧည့်သည်လေးအဖြစ်ပါပဲကွာ *

ခွန်စိုင်းသည် အတွေးတွေရှုတ်ထွေးလျှက် နေစေးတို့ကို သူ့ကြောင့်စိတ်အနှောက်ယှက်ဖြစ်မှာစိုးတာကြောင့် ထိုနေရာကနေဆက်လျှောက်လာခဲ့သည်။

ဒီညမှာ မီးအလင်းရောင်လေးတွေနဲ့လှပတဲ့ဒီလမ်းလေးဟာ ခွန်စိုင်းအတွက်တော့ စိတ်အခြေအနေမကောင်းလို့လားမသိ၊ အကျည်းတန်လွန်းနေခဲ့သည်။ ခွန်စိုင်း ဝမ်းနည်းလို့ငိုချင်ရင်တောင် သူသိပ်ချစ်တဲ့လူဆိုးလေးအက်ဒွက် ရင်ခွင်ထဲမှာမဟုတ်ပဲတော့ သူမငိုချင်ဘူးလေ။ အဖြစ်အပျက်တွေကိုအစအဆုံးတွေ့မြင်လိုက်ရတဲ့ ခမ်းကျောက်သည် ခွန်စိုင်းက နေစေးအပေါ်ဘယ်လိုစိတ်သဘောထားရှိလဲသိလိုက်တဲ့နောက်မှာ သူ့နှုတ်ခမ်းတွေကမကြာမှီဖြစ်မြောက်မယ့်အရာတစ်ခုအတွက်ဂုဏ်ယူပြုံး..ပြုံးနေခဲ့သည်။

Saw Nay Say's Travel Blogger [ Completed ]Where stories live. Discover now