Chapter - 10 (Part 4)

2.8K 501 39
                                    

Unicode

အူးယမ်က ပြုတ်ကျမှာစိုးတဲ့အတွက် သူ့ရဲ့လည်ပင်းကိုသာ တင်းကြပ်စွာဖက်ထားရတယ်။ ​ရှောင်ရွှမ်းက ​ဘေးတိုက်ထိုင်လိုက်ပြီး ခြေ​ထောက်​ပေါ်မှာ သူ့ကိုတင်ထားကာ အချိန်အ​တော်ကြာ စွဲမြဲစွာနမ်း​နေ​တော့တယ်။ ဒါက သူ့ရဲ့လက်​မောင်းအား​တွေကို ​ဖြေ​လျော့ပြီး ပြုံးမပြခင်အချိန်အထိပါပဲ။

အူးယမ်က သူ့ကိုရပ်တန့်ဖို့ ဘာမှမလုပ်နိူင်ဘူးဖြစ်ပြီး ရုံးခန်းတံခါးပိတ်ထားတာကို မြင်တဲ့အခါမှ ဘယ်သူမှမ​တွေ့နိူင်တာဖြစ်တဲ့အတွက် ဖြည်းဖြည်းချင်းသက်​တောင့်သက်သာဖြစ်လာခဲ့တယ်။ ပြီး​တော့ သူ့ရဲ့​ရှေ့က ​ရှောင်ရွှမ်းရဲ့ ရှုပ်ပွ​နေတဲ့အနက်​ရောင်ဆံပင်​တွေကို အသာအယာပုတ်လိုက်ပြီး ​ပြောတယ် "ဒီည ငါ့အိမ်ကို လာချင်လား? ငါ မင်းအတွက် ညအိပ်ဝတ်စုံအသစ်ဝယ်ထားတယ်"

သူ့ရဲ့နူးညံ့​တဲ့ဆံပင်​တွေဆီက လက်ဖက်စိမ်းအနံ့ဟာ လူ​ကို အရမ်းသက်​တောင့်သက်သာဖြစ်​သွား​​စေတယ်။ အဝတ်​တွေအများကြီးကို ဝယ်​ပေးပြီးတဲ့​နောက် ရိုးသားစွာပြောရမယ်ဆိုရင်​တော့ သူက ​ရှောင်ရွှမ်းကို ယူနီ​ဖောင်းနဲ့မြင်ရတာကိုသာ သ​ဘောအကျဆုံးဖြစ်​နေတုန်းပါပဲ။ ​​နောက်ထပ်နည်းနည်းအရွယ်​ရောက်လာတဲ့အခါမှာ ရှောင်ရွှမ်းက suit ကို ဝတ်ပြီး ဘယ်လိုပုံစံဖြစ်​နေမလဲဆိုတာကို မြင်ရဖို့အတွက်လည်း သူ့ကိုယ်သူမထိန်းထားနိူင်​တော့ဘူး။

​ရှောင်ရွှမ်းက ချစ်စရာ​ကောင်းတယ်ဆို​ပေမယ့်လည်း သူ့မှာ အရှိန်အဝါတစ်ခုက ရှိနေပြီးသားဖြစ်တဲ့အတွက် ​နောက်လာမယ့်နှစ်နှစ်​လောက်မှာ သူဘယ်​လောက်ထိကြည့်​ကောင်း​နေမယ်ဆိုတာကို ​တွေးကြည့်ဖို့က မခက်ခဲ​နေဘူးဖြစ်တယ်။

"အင်း, လာမှာပေါ့" ​ရှောင်ရွှမ်းက သူ့ကို  သွားခွင့်မ​ပေးနိူင်သလို ဖက်ထားရင်း သူ့နှုတ်ခမ်း​တွေဆီကို ဖိကပ်လာခဲ့တယ်။

အူးယမ်က ရုတ်တရက်သတိရသွားပြီး "ဟုတ်သားပဲ, မင်း ငါဝယ်​ပေးတဲ့အဝတ်​တွေကို သ​ဘောမကျဘူးလား?"

"ကျွန်​တော် သ​ဘောကျပါတယ်" ​ရှောင်ရွှမ်းက ​တောက်ပစွာပြုံးရင်း ချက်ချင်းတုံ့ပြန်လာတယ်။

Going Against The Wind (Myanmar Translation) CompletedWhere stories live. Discover now